Nan ShinSeptember 1, 20111min1304
၁။ “ဟာ…မိုက်လိုက်တာဗျာ….ဒီလိုမျိုးလေး တွေနဲ့ အပန်းမဖြေရတာကြာပြီ…လွှတ်မိုက်တယ်ဗျာ….အဲ့ဒါဘယ်ဝက်ဆိုက်ကလဲ”….ဟုပြောပြောဆိုဆိုနှင့် ပြေး၍ ဝက်ဆိုက်နာမည်ကို ကူးယူဟန်ပြလိုက်သည်။ ၂။ “ဘာကွ မင်းကများ မလောက်လေး မလောက်စားနဲ့ ငါလိုကောင်မျိုးကို အာခံချင်တယ် ပေါ့ဟုတ်လား” “ကျနော်က အာခံတာမဟုတ်ပါဘူးဗျာ….ဘယ်လိုပြောမလဲ………..” “ဟေ့ကောင် မင်းဘယ်လိုမှ ပြောစရာမလိုဘူးကွ…………ဟုတ်တယ် ……………အချစ်ဆိုတာဘဝရဲ့ ပန်းတိုင်မဟုတ်ဘူးကွ……ပန်းတိုင်မဟုတ်ဘူး……” “ပန်းတိုင်မဟုတ်သလို ခရီးသွားဟန်လွဲလဲ လုပ်လို့မရပါဘူး အဖေရယ်….” “အဲ့ဒါကိုပြောတာပေါ့ကွ…….နွားရှေ့ထွန်ကျူး….အဲ…အဲ…………မိကျောင်းမင်းရေးခင်း ပြဆိုတာ…မင်း တို့လိုကောင်တွေ ကြီးပွားဖို့တိုးတက်ဖို့လုံးဝမလွယ်ဘူး….” “ဟာ.. အဖေတို့လူကြီးတွေကလည်း နှစ်ဆယ့်တစ်ရာစုရဲ့အထူးဆန်းဆုံးလူသားတွေလို့ပဲပြောရတော့ မယ်…” “မင်းဘာပြောတယ်ကွ…” “ဟုတ်တယ်လေ အဖေတို့လူကြီးတွေက ကိုယ့်ရဲ့အယူအဆတွေ အမြင်နဲ့မတိုက်ဆိုင်ဘူး…မတူညီဘူးဆို ရင် နွားရှေ့ထွန်ကျူးရတာနဲ့…မိကျောင်းခင်းရေခင်းပြရတာနဲ့ ဘာမှန်းကို မသိဘူး…..နှစ်ဆယ့်တစ်ရာစု မှာ လူငယ်တွေကို အပြစ်ပြောပြီး ဆုံးမတဲ့ခေတ်က ကုန်သွားပြီ အဖေရဲ့ ….ဒီဇိုင်းအသစ်ရှာပြီး ဆုံးမတော့ဗျာ….” “ဟေ့ကောင် တော်ကွာ ………..” “တော်ပါတယ် […]


Nan ShinAugust 29, 20111min1429
မနက်လေးနာရီ ထိုးပြီဖြစ်၍  အလုပ်မှပြန်လာခဲ့သည်။  အလုပ်က တခါတလေ ကောင်းရင်ကောင်း သလို        လေးနာရီ ငါးနာရီအထိ လုပ်ရတာရှိပြီး တခါတလေ တစ်နာရီ နှစ်နာရီ နှင့်ပြန်လာရသည်လည်း ရှိတတ်သည်။     ဒီနေ့တော့ အလုပ်ကောင်းသည် ဟုဆိုရမည်။    မနက်လေးနာရီထိ အလုပ်လုပ်ခဲ့ရသည်။ အလုပ်ကောင်းသည့်နေ့များတွင်   သားလေးတစ်ယောက်နဲ့  သမီးလေးနှစ်ယောက်အတွက် မုန့်ဖိုးများများ ပေးနိုင်မည်။  ဟင်းကောင်းလေးများ   ချက်ကြွေးနိုင်မည် ဖြစ်၍ ဝမ်းသာသည်။   အလုပ်မကောင်းသည့် နေ့ များတွင်လည်း  အငယ်ဆုံးသားလေး ကိုရင်ခွင ်ထဲတွင်ထားပြီး     သမီးကြီးနှစ်ယောက် ကိုပုံပြင် ပြောပြရင်း တစ်နေ့တာ မိသားစုဘဝလေး ကိုပျော်ရွှင်ကြည်နူးဖွယ် အဆုံးသပ်နိုင်မည်ဖြစ်၍ ဝမ်းသာရသည်။ မန္တလေးမြို့(၈၄)လမ်းနှင့်(၂၉)လမ်းထောင့်ရှိ  ကိုင်းတမ်းဈေး ဟုခေါ်သည့်ပျံကျဈေးလေးသို့ ဝင်လာခဲ့သည်။ ယနေ့ငွေလေးမြိုးမြိုးမြက်မြက်ရှိလာသည်မို့ ကျောင်းတက်နေသော သမီးကြီး၏ “အမေ သမီးလည်း ကျောင်း က  […]


Nan ShinAugust 28, 20111min41419
“ခက်တယ်ကွ….သိပ်ခက်တယ်….ငါလုံးဝမပြောချင်ဘူးကွာ…”.    လက်ထဲရှိ  သောက်လက်စ  လဘက်ရည် ပန်းကန်လုံးကို    ဆောင့်ပြီး   ခတ်ပြင်းပြင်း   ချရင်း  ပြောလိုက်ခြင်းဖြစ်သည်။      “ဘာခက်တာလဲ အကိုရဲ့”………… စကားမစပ်    အစမရှိ အဆုံးမရှိ        တခက်တည်း ခက်နေသော             ကိုကျော်ကြီး၏   စကားကိုအ ဓိပ္ပါယ်မပေါက်ဟန်ဖြင့်    စ ထိုင်သည့်     အချိန်နာရီကို                    လှမ်းမှတ်ရင်း      မင်းနန္ဒမှပြန်မေး လိုက်သည်။      “လုံးဝမပြောချင်ဘူး”      ဟု    ပြောလိုက်ခြင်းသည်   တခုခုကို    ပြောချင်၍     စကားစ လိုက်ခြင်းဖြစ်သည်       ဟု သိနှင့်ပြီးလည်းဖြစ်သည်။            ကိုကျော်ကြီးသည်    သူ၏   ချစ်သူဟောင်း မစန္ဒာနဲ့   ပတ်သက်၍ ရင်ဖွင့်လိုစိတ်  ပေါက်သည့်အခါတိုင်း မင်းနန္ဒ၏ အိမ်သို့လာ၍  “ညီလေးလ္ဘက်ရည် သွားသောက်ရအောင်ကွာ”    ဟု ပြောပြီး    ခေါ်လေ့ရှိသည်။                          မင်းနန္ဒမှာ လူပျိုလူလွတ် တစ်ယောက်တည်း      […]


သူရႆဝါJune 21, 20119min831
  (၁) နှင်းဖြူ မြူခိုးတွေ ဖွဲဖွဲဝေဝေ ကြွေတဲ့ ကာလ။ လွမ်းမောစရာ ကောင်းတဲ့ မနက်ခင်း တစ်ခု မှာပဲ ကောင်လေးဟာ သူ့အတွက် “နှင်းမှုန်အိပ်မက်လေး” လို့ နောင်တစ်ချိန် နာမည် ပေးထား မိမယ့် နှင်းဖြူ နတ်သမီး လေးကို ဝိုးဝိုးဝါးဝါး နှင်းပြောက်တွေ ကြားမှာ စတွေ့ ခဲ့တယ်။ မြင်မြင်ရာ မှုန်မှိုင်း စိုစွတ်ပြီး ချမ်းစိမ့်စိမ့် တိုက်ခတ်တဲ့ ဟူးဟူးရားရား လေညင်းတွေ ကြားမှာ ကောင်မလေးဟာ နှင်းမှုန် တွေနဲ့ အပြိုင် ပျိုပျိုရှားရှားလေး သိပ်ကို လှပ နေခဲ့တယ်။ အလင်း မပွင့် သေးတဲ့ ဆောင်းနံနက်ခင်းရယ်၊ ကောင်မလေးရယ်၊ သူ့ကိုယ်ပေါ်က အားကစား ထရက်စု ဝတ်စုံလေး ရယ်ဟာ ကောင်လေး […]


bolayOctober 10, 20101min691
ဦးကေသည် ရုံးပိတ်ရက်အတွင်း ခရီးထွက်ရန် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေခဲ့သည်။ အကျီင်္အိတ်ကပ်အတွင်းမှ အိတ်ဆောင်ရေဒီယိုေလေးက မိုးလေဝသသတင်းများကို ကြေငြာနေသည်။ “မနက်ဖြန် နေသာရန်ရှိပါသည်” ကြည်နူးရွှင်ပြစွာဖြင့် လေချွန်ရင်း ဦးကေသည် လက်ကိုင်ပုဝါထုတ်၍ သူ၏ လက်ပတ်နာရီလေးကို ညင်သာစွာ ပွတ်တိုက်နေသည်။ ဤသည်မှာ သူအမြဲ လုပ်နေကျ အကျင့်ပင်ဖြစ်သည်။ ခေါင်းကုတ်ခြင်း၊ နားရွက်ကိုင်ခြင်း၊ နှာခေါင်းပွတ်ခြင်း စသည့် အဓိပ္ပါယ်မရှိသော အမူအကျင့်များနှင့် မတူဘဲ ၊ သူ၏ အကျင့်မှာ ထူးခြားလှသည်။ ဤလက်ပတ်နာရီလေးအား အမြဲတစေ သူက အရိပ်တကြည့်ကြည့်နှင့် နေခဲ့သည်။ ချဲ့ကားပြီး ပြောချင်လျှင် ဤနာရီလေးကို မေတ္တာသက်ဝင် ချစ်ခင်နေသည်ဟုပင် ပြောနိုင်သည်။ ဤနာရီလေးကို ဦးကေ ဝယ်ခဲ့သည်မှာ ငါးနှစ်တာ ကာလပင် ပြည့်ပေတော့မည်။ ကုန်တိုက်တစ်ခု၏ နာရီအရောင်းကောင်တာကို ဖြတ်သွားစဉ် ၊ […]


သူရႆဝါApril 29, 201023min1172
‘မျက်ဝန်းတစ္ဆေ . . ညနေ’ ( ၁ ) မျက်ဝန်းများ . . . အလွန်လှသည်။ မျက်ဝန်းများ . . . တခါတရံ အရိုင်းဆန်ဆန် . . . သို့သော် ထိုမျက်ဝန်းများကို ငြိမ်းချမ်းအေးမြစွာပင် ကျနော် . . . ချစ်ပါသည်။ အထင်ကြီးလေးစားမှုကို ဖုံးကွယ်မထားတတ်သော . . . ထိုမျက်ဝန်းတို့ကိုလည်း . . . . ချစ်သည်။ တစ်ခါက . . . . မျက်ဝန်းများထဲတွင် . . . . သနားကြင်နာမှုများ တပ်ဆင်၍ . . . […]