pyaopyaomayJune 4, 20111min65
အစိုးရ ဝန်ထမ်းအချင်းချင်း အဲလို လုပ်စားတာတော့ မကောင်းဘူး ထင်ပါတယ်။ ပြောရမယ် ဆိုရင်တော့.. ဝန်ကြီးဌာန ၁ခုရဲ့လက်အောက်က ဌာနကြီး ၁တခုလို့ပြောရင်တော့ မမှားဘူးပေါ့နော်…။ ပန်းဆိုးတန်းလမ်းမကြီးမှာရှိတဲ့ ဆိပ်ကမ်းရုံးက ဌာနခွဲ၁ခုမှာဆိုရင်…အချင်းချင်းကိုလုပ်စားနေတာ…သူ့ကိုကြည့်တော့…ဌာနခွဲစာရေးကြီးတဲ့။ သူသာအရာရှိဖြစ်ရင် မတွေးဝင့်စရာဘဲ..။ အထက်ကအရာရှိတွေက သိကော သိရဲ့လား။ 0T ကြေး(အချိန်ပို)တွေတင် မဆင်းတဲ့….လူတွေနာမည်တွေထည့် ….ရတဲ့ပိုက်ဆံကိုယူ…လုပ်စားနေတာကြာပြီးဆိုတော့လည်း လုပ်ရဲတာပေါ့။(အခုဆိုရင်  ဘယ်လောက်ထိ လုပ်ရဲလည်ဆိုရင် အချိန်ပိုမဆင်းတဲ့ ဝန်ထမ်းတွေကို စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်တဲ့)ပြောရမယ်ဆိုရင် မျက်နှာဗြောင်တိုက်တာပေါ့။ အံ့ရော….အံ့ရောမထင်ရက်စရာ လူကိုကြည့်တော့ ဘုရား…ဘုရားတဲ့ လက်ကလုပ်ချင်ရာလုပ်နေတာလေ… ကျန်ဝန်ထမ်းတွေက ဘာမှမပြောဘူးဆိုတာ သူတို့က အဲဒီဌာနက..ဌာနမှူးအိမ်မှာနေနေတော့ သူတို့ပြောရင် ပြီးနေတော ့ တိုင်ကြားရင်လဲ မြည်သို့မှ ထူးခြားသွားမှာ မဟုတ်လို့ မပြောကြတာ ကျန်တဲ့ဝန်ထမ်းတွေက အားလုံးသိတယ်။သူတို့ ဘာတွေလုပ်နေတယ်ဆိုတာကိုး ။ ယှဉ်ပြီး မပြောချင် […]


fattyMarch 11, 20111min1228
တနှစ်ကမိုးအကြီးအကျယ်ရွာတော့ မြေညီထပ်တွေ တိုက်ခန်းတဝက်လောက်ထိရေတက်လာလို့ နီးရာတဲခိုခန်းတွေကို အရေးပေါ်ငှားပြီး နေကြရပါတယ်။ တနေ့ကလဲရန်ကုန်မှာမိုးရွာချလိုက်ပြန်ပြီ။ ဒီအခြေအနေကိုသာကြည့်ပါတော့ …။ ပြေးဖို့သာပြင် …။ လူတွေစည်းကမ်းရှိကြဖို့လဲလိုတယ်လေ ..။


ယောလေးFebruary 21, 20111min1125
မနေ့က ဘိတ်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ သူစိတ်ညစ်လို့တဲ့..ဘာလို့စိတ်ညစ်တာလဲမေးတော့ သူက အင်တာနက်ဆိုင်ဖွင့်ထားတာတဲ့ အဲ့ဒါ ဆယ်တန်းစာမေးပွဲနီးလို့ဆိုပြီးအင်တာနက်ဆိုင်တွေ ပိတ်ခိုင်းတယ်တဲ့…မင်းတို့ရန်ကုန်မှာရော ပိတ်ခိုင်းလားမေးတော့ ကျတော်တို့ ရန်ကုန်မှာတော့ မပိတ်ခိုင်းပါဘူး နှစ်တိုင်း ဖွင့်နေကြတာချည်းပဲလို့ပြောလို်က်တယ်… ဒီနှစ်လဲ ပိတ်ခိုင်းတာမတွေ့မိသေးပါဘူး…ဘိတ်မှာတော့ ပိတ်ခိုင်းတယ်တဲ့… ရယက လူကြီးတွေက စာတွေပို့ပြီးပိတ်ခိုင်းတာပြောတယ်…သူတို့ကတော့ အခုခိုးဖွင့်နေတယ်တဲ့…နာမည်ကြီးတဲ့ဆိုင်တွေကတော့ မဖွင့်ရဘူးပြောတယ်…. တစ်ကယ်တော့ အင်တာနက်နဲ့ ဆယ်တန်းစာမေးပွဲနဲ့တော့ ဘာမှ မဆိုင်ပါဘူးဗျာ။စီးပွားရေးလုပ်နေတဲ့လူတွေ စီးပွားပျက်သလို သုံးရမယ့်လူတွေလဲ အဆက်အသွယ်တွေ ပြတ်တာပေါ့… ကျတော်လဲ မနေ့ကကမှ ကြားဖူးတော့တယ် စာမေးပွဲရှိလို့ အင်တာနက်ဆိုင်တွေ ပိတ်ရမယ်ဆိုတာ….. ဒါနဲ့ ရွာထဲမှာ ရှိတဲ့ လူတွေရေ..ကျန်တဲ့ မြို့တွေမှာရော ပိတ်ခိုင်းတာ ရှိကြသေးလားဗျို့…


fattyDecember 15, 20101min743
မဟေသီနဲ့ကွာခဲ့တာ နှစ် ၂ဝ ကျော်လောက်တောင်ရှိပါပြီ ..။ တနေ့ကမှ မဟေသီမဂ္ဂဇင်း ပြန်ဖတ်မိသည် ။ စာရေးဆရာ ရဲရင့်မှိုင်းရဲ့ စာပြတင်းသတင်းစကား ကဏ္ဍလေးကို နှစ်ခြိုက်မိတယ် …။ ထွက်သမျှ မဂ္ဂဇင်းတွေထဲက ဝတ္ထု ကဗျာ .. သူကြိုက်တာလေးတွေကို ခံစားပေးထားတယ်။ အောက်တိုဘာလထုတ် ရွှေအမြုတေ ထဲက ကလောင်သစ် နေမင်းဟိန်းရဲ့ လက်ရာလေးကို ခံစားပြထားတာကဒီလိုပါ …။ ဆူးမဲ့နှင်းဆီရဲ့လွမ်းတေးတပုဒ် …တဲ့ ..။ စာရေးဆရာက ဆူးမဲ့နှင်းဆီလို့ဆိုထားပေမဲ့ သူသတိထားမိသလောက် အဓိကဇာတ်ကောင်အေးသီဟာ ဆူးဖွဲ့နှင်းဆီလို့တောင်ဆိုနိုင်လောက်ပါရဲ့ …တဲ့။ လူတကာစုံတဲ့ ဘူတာရုံမှာ ခရီးသည်တွေ ညအိပ်ဖို့ဖျာရောင်းတဲ့ အလုပ်ကိုလုပ်ရပါတယ် တော်ရုံတန်ရုံမိန်းမနဲ့ဒီအလုပ်မလွယ်ပေဘူး … ဆူးတောင်မဲ့စွာနဲ့သိပ်ပျော့ပျောင်းနေရင် ခပ်ရမ်းရမ်းလူတွေရဲ့ဗိုလ်ကျတာခံရမှာသေချာပါတယ်။ တခါတလေကိုယ့်မှာရှိတဲ့အဆိပ် ဆူးကိုထောင်ပြထားမှ တန်ကာကျမှာဖြစ်ပါတယ် ..။ လုပ်ရတဲ့အလုပ်ကလည်း အကာလညဉ့်အခါမှာ။ယောကျာင်္းလုပ်သူကလဲ ဆိုက်ကား […]


shwepyiayeNovember 18, 20101min1138
သိသိ မသိသိ မြင်ဖူးဖူး မမြင်ဖူးဖူး ကျနော်တို ့အတွက် အရေးမကြီးပါဘူး၊ အားလုံးမြန်မာပြည်လွတ်မြောက်ရေး ကွန်ယက်ထဲမှာ သူငယ်ချင်းတွေလို ့ ကျနော်ခံယူထားပါတယ်။ ကျနော်တို ့အားလုံး မြန်မာနိုင်ငံတော်ကို တိုးတက်စေချင်ကြတယ်၊ အရှေ ့တောင်အာရှ နိုင်ငံအလယ်မှာ ဒုက္ခပင်လယ်ဝေနေပြီး အများနှာခေါင်းရှုံတဲ့နိုင်ငံအဖြစ်ကလွတ်မြောက်စေချင်ကြတယ်၊ ဘေးအိမ်နီးချင်းတွေက ကျနော်တို ့နိုင်ငံ သယံဇာတတွေ အတင်းနှိုက်ယူနေတာ မခံချိ မခံသာနဲ ့ တက်ခေါက်နေရတဲ့အဖြစ်က လွတ်မြောက်ချင်ကြတယ်၊ အထူးသဖြင့် နိုင်ငံပျောက်။ လူမျိုးပျောက်နေတဲ ့အဖြစ်တွေက လွတ်မြောက်ချင်ကြတယ်၊ မြန်မာပြည်ကို တနည်းနည်းနဲ ့ ကူညီချင်ကြတယ်၊ စိတ်သဘောထားတွေ အတူတူပါပဲ၊ အဲတော့ဗျာ —— ကျနော်တို ့အားလုံး မြန်မြန်ချိတ်ဆက်နိုင်ပြီး ပြည်တွင်းက လူငယ်တွေလည်း ဝင်ရောက်ရေးသားနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖတ်နိုင်မယ့်ပါတီကလူငယ်တွေလည်းတက်ရောက်ဖတ်နိုင်မယ့် post လေးတခုကို လုပ်ပေးစေချင်ပါတယ်၊ […]


panpanNovember 8, 20101min550
မနက် ၉းဝဝ နာရီ လောက် (သက်ဆိုင်ရာနယ်မြေအလိုက်) အရောက်သွားပြီး ဖောင်အရင်ယူဖိုံ့လိုပါတယ်း နောက်ကျရင် နောက်တနေ့ကူးသွားပါလိမ့်မယ် ။သွားယူရာတွင် ဓါတ်ပုံ ၃ ပုံ၊ မှတ်ပုံတင်မိတ္တူ ၂ စောင်၊ သန်းခေါင်စာရင်း မိတ္တူ ၁ စောင် နဲ့အတူ ၆ ကျပ်တန်တံဆိပ်ခေါင်း ကို တခါတည်းဝယ်သွားပါ ။ ဖောင်ဝယ်ပြီးရင် လိုတာတွေဖြည့်ပြီး အမြန် ထပ်ပါ ။ စာရင်းသွင်းပြီးတာနဲ့ ဘဏ်ကိုအမြန် ပြေးပါ ။ ကားမရှိရင် တက်စီ ဌားသွားပါ။(နို့မို့ရင် နောက်နေ့ကူးပါလိမ့်မယ်။) ဘဏ်မှာ ငွေ ၁၀၀ဝိ အပိုကုန်ပါလိမ့်မယ်။ ၅၀၀၀၀ဝိ သိန်း သွင်းပြီးတာနဲ့ ချက်ခြင်း ဖောင်ဝယ်တဲ့နေရာ ကို ပြေးပါ ။(ကားနဲ့ပြောတာနော်) အဒီမှာ လက်မှတ်ထိုးပြီးတာနဲ့ ဆက်သွယ်ရေးနဲ့ ချုပ်တဲ့စာချုပ်ရပြီ […]


naywoon niNovember 3, 20101min1427
ကျန်တဲ့နေရာတွေမှာတော့မသိဘူးနော် နေပြည်တော်ဒေသကြီးမှာတော့ယနေ့ည3-112010နဲ့ 4-11-201နေ့တွေမှာည9း00နာရီနောက်ဆုံးထားပြီး လမ်းဘေးဆိုင်တွေပိတ်ပေးဖို့ညွှန်ကြားထားပါတယ်….။ 5-11-2010နဲ့6-11-2010ရက်တွေမှာညနေ6း00နာရီ နောက်ဆုံးထားပြီး လမ်းဘေးဆိုင်တွေပိတ်ပေးဖို့ညွှန်ကြားထားပါတယ်….။ နောက်နေ့မှာတော့ဘယ်နှစ်နာရီထုတ်မလဲမသိသေးပါဘူး..။ ဒီနေ့ပို့စ်ေတွေလိုက်ကြည့်ပြီးမတွေ့သေးလို့တင်လိုက်တာပါ။။


panpanOctober 14, 201016min990
စိတ်ဝင်စားသူများအတွက်။ မေးလ်ထဲကရတာလေးပါ။ CALL FOR FELLOWSHIP Overview: The 13th Asia Pacific Next Generation (APNG) Camp will be held on 21-25 February 2011 at the Hong Kong Convention and Exhibition Center in Wanchai North, Hong Kong. The 13th Camp will be held in conjunction with APRICOT-APAN 2011, the first ever joint event of APRICOT and APAN making […]


PhyoOctober 8, 20101min1706
လာမည့် ၃ နှစ်အတွင်း နေမှ ကြီးမားလှသော စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးတစ်ခုလုံး ချိနဲ့ထိခိုက် ဆုံးရှုံးမှုများ ဖြစ်လာမည်ဟု မနေ့က သိပ္ပံပညာရှင်များက တရားဝင် ပြောကြားလိုက်ပြီ ဖြစ်ကြောင်း ဆန်းသတင်းစာအရ သိရသည်။ သိပ္ပံပညာရှင်များ စိုးရိမ်နေသည်မှာ ကြီးမားလှသော နေ၏ ဆိုလာ အဝန်းအဝိုင်းကြီးသည် ၂၀၁၃ ခုနှစ်၌ ပျံကား ထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အဆုံးတိုင် ဝရုန်းသုန်းကား ဖြစ်မှုများကို ပေါ်ပေါက်စေမည်ဟု ကြိုတင် ခန့်မှန်း ရခြင်းကြောင့် ဖြစ်သည်။ ရာစုနှစ် တစ်ခုအတွင်း ပေါ်ပေါက်ခဲလှသော သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်ပြီး စွမ်းအား ကြီးမားလှသော အာကာသ အတွင်းမှ ကျောက် အပိုင်းအပြတ်များ တစ်စစီ ကြွေမွ လွင့်ပျံလာခြင်းက ဂြိုလ်တု […]


bolayAugust 12, 20101min911
သိပ္ပံနှာခေါင်း စမ်းသပ်တီထွင် အမေရိကန်နိုင်ငံ မိန်ပြည်နယ် ရူပဗေဒ စက်မှုအင်ဂျင်နီယာ တက္ကသိုလ်မှ မကြာမီက ထုတ်ပြန်ကြေည်ရာတွင် သိပ္ပံနှာခေါင်းကို စမ်းသပ် တီထွင်ခဲ့သည်မှာ အတော်တိုးတက်အောင်မြင်မှု ရှိသည်ဟု ဆိုပါသည်။ ယခု စမ်းသပ်တီထွင်ထားသော သိပ္ပံနှာခေါင်းသည် ကန့်သတ်၊ သတ်မှတ်သည့် အကွားအနေရာ၌ ဗုံး၊ ဆီးချိုသွေးချို ဝေဒနာရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင်များ ရှိမရှိ နှာခေါင်းဖြင့် အနံ့ခံ သိရှိနိုင်သည် ဆိုပါသည်။ အဆိုပါ မိန်းပြည်နယ်မှ ရူပဗေဒ စက်မှုအင်ဂျင်နီယာ တက္ကသိုလ်၊ ဇီဝဆေးပညာ အင်ဂျင်နီယာ (ဗဟိုဌာန) ဒုတိယ တာဝန်ခံ ဦးစီးအရာရှိ သုတေသီပညာရှင် အမေရိကန်နိုင်ငံသား တရုတ်နွယ်ဖွားဖြစ်သူ မစ္စတာ ကျန်စုကွမ်းက သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားရာတွင် နောက် မကြာမီကာလ၌ သိပ္ပံနှာခေါင်းသည် အနံ့ခံကောင်းသော စုံထောက်ခွေး၊ […]


Zaw WonnaAugust 9, 20101min882
ပြီးခဲ့သော စနေနေ့က မလေးရှားနိုင်ငံ၊ Perak ပြည်နယ်၊ Ipoh မြို့နယ်မှ Menglembu မြို့တွင် မြန်မာ အလုပ်သမား တစ်ယောက်က လုပ်ဖော်ကိုင်ဖက် မြန်မာ ၂ ဦးအား ငွေကြေးကိစ္စ စကားများ ရန်ဖြစ်ကြရာမှ ပုဆိန်ဖြင့် ခုတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ မနက် ၂း၁၅ ခန့်တွင် ဖြစ်ပွားသော လူသတ်မှုတွင် သေဆုံးသော အလုပ်သမား ၂ ဦးမှာ ဝမ်းဗိုက်နှင့် ဦးခေါင်းတွင် ဒါဏ်ရာများ ရရှိထားကြောင်း Perak မြို့နယ် စီအိုင်ဒီ အကြီးအကဲ Datuk Mohd Dzuraidi Ibrahim မှ ပြောကြားသည်။ လူသတ်သမားနှင့် အတူ ၎င်းတို့ နေထိုင်သော အိမ်တွင် သေဆုံးသူများနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက် များကို […]


သူရႆဝါJuly 24, 20103min520
“Media Art Wave Issue – 2 ထွက်ပြီ” Media Art Wave Online Magazine, Issue – 2 ထွက်ပါပြီ။ ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Issue – 1 နဲ့ အချိန်အတော် ကွာဟသွားခဲ့ပါတယ်။ အခု Issue – 2 မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ကဏ္ဍစုံအောင် မထည့်သွင်း နိုင်ခဲ့ပါဘူး။ ဒါပေမယ့် နောက်လ Issue – 3 ကစပြီး လစဉ်ပုံမှန်ထုတ် Online Magazine အဖြစ် ထွက်ရှိသွားမှာပါ။ Issue – 2 ကို ဖတ်ချင်သူများ အောက်မှာ Download လုပ်နိုင်ပါတယ်။ Issue – 1 […]