သူရႆဝါMarch 26, 20121min1125
(၁)             တစ်နေ့သော် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ကျွန်ုပ် စာရေးဆရာ အကျော်အမော်လေး သူရဿဝါနှင့် သူ၏ ကုန်ပစ္စည်းအား ကြော်ငြာ ရိုက်ကူးလိုကြောင်း ဆက်သွယ် လာပါလေရာ ကျွန်ုပ်မှာ စိတ်လေရချေ၏။ ဘယ်ကြောင့်ဆို ကျွန်ုပ်၏ စာများကို ဖတ်ဖူးကာ ကြိုက်သည် ဖြစ်၍ ကျွန်ုပ်နှင့် ကြော်ငြာ ရိုက်ချင်သည့် အကြောင်းပင်။ ဘယ့်နှာတုန်း… ကိုယ့်စာတွေ ဖတ်ပြီး ကြိုက်လို့ စာမူ အပ်ချင်တာလည်း မဟုတ်၊ လုံးချင်း ရေးစေချင်တာလည်း မဟုတ်။ ကိုယ့်စာဖတ်ပြီး ကိုယ်နှင့် ကြော်ငြာ ရိုက်ချင်သည့် ဆန္ဒပါတဲ့။ ဒါနှင့် ကျွန်ုပ်လည်း ခပ်ပေါက်ပေါက် ရှိလှသည်ဖြစ်ရာ “ဟုတ်ပလေ… ကျွန်ုပ် ရက်အနည်းငယ် စဉ်းစားဦးမယ်၊ ပြီး.. အကြောင်းပြန် တာပေါ့၊ သင့် […]


သူရႆဝါMarch 23, 20121min823
အမည်းဟာ ခရမ်းရောင်ပြောင်းသွား အသံတွေ ၊ အရိပ်တွေ ၊ လှိုင်းတွေ မဝံ့မရဲကြည့်တာ အသေအချာ ရယ်မောနေသူအဖို့ ဘာကိုမှနာကျင်ခွင့်မရှိ စိတ်ကူးတည့်ရာ ပေါက်ရောက်တဲ့သစ်ပင် သတိဟာ လက်ထဲက လွတ်ကျသွားရင် ကောင်းမှာပဲ နှုတ်ခမ်းတွေ တွန့်ကွေးလိုက်သလား တဖျစ်ဖျစ်မြည်လို့ စတော်ဘယ်ရီသီးလို ဒေါသ နီ ရဲ တောက်ပနေတယ် ကြောက်လို့မဟုတ်ဘူး .. လွှဲလိုက်တာ ၊ စိုက်ထားတာ အသိဉာဏ်ထဲက ကျည်ဆံတွေထွက်ကျလာမှာစိုးလို့ လေနေတယ် ေ မြ ာ ေ န တ ယ် လွ     တ်     ေ     န     တ     ယ် လောင်နေတယ် စိတ်ရောင်စုံပူဖောင်းများ ဒုက္ခပဲ .. ပန်းတစ်ပွင့်သတ်လို့ ငါ အသက်ရှူရပ်နေရပုံ ။ (မှတ်ချက် […]


သူရႆဝါMarch 19, 20121min1367
( ၁ ) အများသူငါ ရုံးပိတ်ရက်ဟု ဆိုကြသည့် တစ်နေ့ တစ်ရက် တစ်မနက်၏ နံနက်စာ စားပြီးသည် ရှိချိန်တွင် မောင်ဝါဝါသည် အိမ်တွင်းအောင်း၍ အေးအေးဆေးဆေး စာရေးရမည့် အစား ခြေထောက် ဗွေပါ နေရာတကာ လျှောက်သွား နေတတ်သူ ဖြစ်သဖြင့် ယခုလည်း ထုံးစံအတိုင်း ဟိုဟိုဒီဒီ ကြည့်ရှု ငေးမော စပ်စုရန် အလို့ငှာ အိမ်နှင့် နီးသော ဂျန်းရှင်းစင်တာ တစ်ခုသို့ ဝင်းဒိုးရှော့ပင်ခေါ် ဟာလာဟင်းလင်း ဈေ းဝယ်ထွက်ခြင်း အမှုကို ပြုရန် ထွက်လာခဲ့ ချေ၏။ ၎င်းဂျန်းရှင်း အဝင်ပေါက်သို့ ရောက်သော် ထိုနေရာရှိ လုံခြုံရေး ဝန်ထမ်းက မောင်ဝါဝါ လွယ်ထားသော အိတ်ကို တောင်းယူပြီး သကာလ အိတ်ကို ဇစ်သော်မျှ […]


သူရႆဝါMarch 15, 20121min2522
(၁) ဆိုရိုး တစ်ခု ရှိသည်။ ပညာရှာ ပမာ သူဖုန်းစားတဲ့။ ဆိုလိုရင်းက ပညာရှာရာတွင် သူတောင်းစား တစ်ဦးကဲ့သို့ မရှက်မကြောက်၊ အငမ်းမရ အာသာငမ်းငမ်း ရှာဖွေ ဆည်းပူး ကြရမည် ဟူသည့် သဘော။ ဘာပညာပဲ ဖြစ်ဖြစ်ပါ။ တခြား မကြည့်နှင့်.. အိုင်တီ နည်းပညာ လောကမှာပဲ ကြည့်။ အဆင့်မြင့် Network ပိုင်း ဆိုင်ရာလား.. စာတွေ့တွေ လက်တွေ့တွေ အများကြီး လုပ်ရမည်။ စာတွေ ဖတ်ရမည်၊ လက်တွေ့ပိုင်း ဆိုင်ရာတွေ ကြိုးပမ်း လုပ်ဆောင်ရမည်။ စာစီစာရိုက် အလုပ်ဖြင့် အသက်မွေး ဝမ်းကြောင်း ပြုချင်တာလား။ အလကားနေရင်း စာစီ စာရိုက် အလုပ်ကို ကျွမ်းကျင် လာကြတာတော့ မဟုတ်။ Typing မြန်အောင် […]


သူရႆဝါMarch 13, 20122min1103
လောကမှာ မသိခြင်း တွေကြောင့် ရယ်လည်း ရယ်ရ၊ စိတ်ဒုက္ခလည်း ရောက်ရတဲ့ အဖြစ်တွေက အများသား ကလား။ ပြီးခဲ့တဲ့ တစ်ပတ်က ဘတ်စ်ကား ပေါ်မှာ တွေ့ခဲ့တဲ့ ပရိသတ် ကောင်မလေးတွေ အကြောင်း “မသိခြင်းဒုက္ခ” ကို ရေးခဲ့ ပြီးတဲ့နောက် အဲဒီလိုပဲ ကျွန်တော် ကြုံခဲ့တဲ့ မသိခြင်း ဒုက္ခလေးတွေ ခေါင်းထဲ အစီအရီ ပြန်ပေါ် လာပါတယ်။ အဲဒါလေးတွေကို ရေးချင်တာရော၊ စာဖတ်သူ တချို့ကလည်း ရယ်ရတယ်၊ မသိခြင်း ဒုက္ခတွေ ရှိသေးရင် ဆက်ရေးပါဦး၊ ရယ်ချင်လို့ ဆိုပြီး ပွဲတောင်းပါတယ်။ ဒါနဲ့ပဲ ဒီတစ်ပတ် မသိခြင်းဒုက္ခ (၂) ကို ဆက်ရေးဖြစ်ပါတယ်။ စီစီတီဗီဟာ နေရာအနှံ့မှာ ကျွန်တော် အလုပ်လုပ်တဲ့ ရုံးက အပေါ်ထပ်၊ […]


သူရႆဝါMarch 9, 20121min823
( ၁ ) ဝီခီပီးဒယ (Wikipedia) ဆိုသည့် ဝေါဟာရကို အင်တာနက် အွန်လိုင်းတည်း ဟူသော ဖန်ကြိုးမျှင် ဆက်သွယ်ရေး စနစ်နှင့် မကင်းသည့်သူ အတော်များများ သိရှိကြပေမည်။ အသေးအမွှား အလေးမထားဖွယ် ကိစ္စရပ် ပိစိလေး များမှစ.. ကြီးကြီးထွားထွား ဧရာမ လူပုဂ္ဂိုလ်၊ ကိစ္စရပ်၊ နေရာဋ္ဌာနများ အဆုံး အပြုံးမပျက် စေရဘဲ ကျွန်ုပ်တို့ သိလိုသမျှ အားလုံးလိုလိုကို ၎င်းဝီကီခေါ် အွန်လိုင်း စွယ်စုံကျမ်း ဒေတာ ဟင်းလေးအိုးကြီး အထဲတွင် အကျယ်တဝင့် ရှာဖွေ ဖတ်ရှု၍ ရနိုင်လေ၏။ ပြေတီဦး ဆိုလျှင် တီတီ၊ N ကိုင်ရာ ဆိုလျှင် ကိုင်၊ ထက်ထက်မိုးဦး ဆိုလျှင် ထက်ထက်၊ ကျော်ဟိန်း ဆိုလျှင် ဦးကျော် […]


သူရႆဝါMarch 5, 20121min1121
ကျွန်တော်က နည်းပညာနဲ့ ပတ်သက်တဲ့၊ လူမှုပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ သရော်စာတွေ အတော်ရေးဖြစ် နေတဲ့သူ ဆိုပေမယ့် အဲဒီ နည်းပညာနဲ့ ပတ်သက်ပြီးတော့ပဲ မသိတာတွေ၊ တခြား လူမှု ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး မသိတဲ့ အဖြစ်တွေ တော်တော် များပါတယ်။ နောက်ပြီး သရော်စာတွေ၊ ဟာသတွေ ရေးဖြစ်တဲ့သူ မို့လို့လား မသိဘူး။ ကျွန်တော် ကိုယ်တိုင်မှာလည်း သရော်တော်တော် ပြုံးချင်စရာ အဖြစ်တွေ၊ ဟာသဆန်ဆန် အဖြစ်တွေနဲ့ ခဏခဏ ဒုက္ခ ရောက်ရ တာတွေ ရှိပါတယ်။ များသော အားဖြင့်တော့ ကျွန်တော့် မသိတတ်ခြင်းတွေ ကြောင့်ပဲ ကြုံရတဲ့ ဒုက္ခကနေ ပေါ်ပေါက်လာတဲ့ ရယ်စရာတွေပေါ့။ ဒါပေမယ့် ကျွန်တော် မရှက်ပါဘူး။ အဲဒီအကြောင်းတွေကိုပဲ ကျွန်တော် ရေးချ ကြည့်မိပါတယ်။ […]


သူရႆဝါFebruary 9, 20121min1427
ကျွန်တော်တို့ လက်ရှိ ကြုံတွေ့ နေရသော ခေတ်မှ စ၍ ကျွန်တော်တို့ မိဘ၊ ဘိုးဘွားများ ကြုံတွေ့ ခဲ့ရသော ခေတ်များ အထိ တစ်ခေတ်နှင့် တစ်ခေတ် ဖြည်းဖြည်းချင်း ပြောင်းလဲ လာပုံများ တွေ့ရသည်။ ခေတ်နှင့် ပတ်သက်၍ တခြား လူမှုရေး၊ စီးပွားရေး.. ဘာဆို ဘာမျှ မပြောချင်၊ သူရဿဝါက ခေတ်၏ ယောကျာ်းပျို ဆိုတော့ကာ ကိုယ် သန်ရာ သန်ရာ ဖြစ်သော ခေတ်၏ သမီးပျိုများ အကြောင်းပဲ ပြောချင်သည်။ ဝါသနာကို လွယ်လွယ် တားဖို့ ခက်သားကိုးနော့။ အမေတို့ ပြောဖူးတာ ကြားဖူးသည်။ သူတို့ နေထိုင်ရာ ခေတ်ထဲမှ ဝတ်စား ဆင်ယင်မှု များအလိုက် ခေတ်မီ ခေတ်ဆန်သည့် သမီးပျိုများ […]


သူရႆဝါJanuary 21, 20121min772
ရုတ်တရက် လန့်နိုး လာခဲ့သည့် အချိန်တွင် ကိုယ့်ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မဲလျက် ရှိသည်။ ကိုယ့်မှာ မီးစုန်းများ ပါဝင်သော စားပွဲတင် နာရီ မရှိသဖြင့် ကိုယ်နိုးထ လာခဲ့သည့် အချိန်ကို အတိအကျ မသိရ သော်လည်း စိတ်၏ စေ့ဆော်မှုကြောင့် (၂)နာရီ တိတိ ဖြစ်နေကြောင်း သေချာခဲ့သည်။ အမှောင်ကို ကြည့်ရင်း မိနစ် အနည်းငယ်ခန့် ကြာသော အခါ မျက်လုံးများက အမှောင်ထဲတွင် ဝိုးတဝါး မြင်နိုင်စွမ်း ရှိလာ၏။ ကိုယ့် အနီးတဝိုက် လူများ၊ ကားများ သွားလာ လှုပ်ရှား နေကြသည်ဟု တရိပ်ရိပ် ခံစား သိရ၏။ ကိုယ့် မျက်လုံးနှင့် စိတ်အာရုံကို ဒီထက်ပို စူးစိုက် မိသည်။ မီးပွိုင့်မှာ မီးနီမိ၍ […]


သူရႆဝါDecember 7, 20111min984
“သူရဿဝါနှင့် မီဒီယာလှိုင်း” သိကြသည့် အတိုင်းပဲ… အခုခေတ်က မီဒီယာများ ဘက်စုံ ဖွံ့ဖြိုး တိုးတက် လာသောခေတ်။ ရုပ်မြင်သံကြား၊ ရေဒီယို FM၊ ဂျာနယ် မဂ္ဂဇင်း၊ အင်တာနက် စသည်ဖြင့် ပေါ့လေ။ ကျွန်တော်တို့ လူသားများ နေ့စဉ်နှင့် အမျှ အဲဒီ မီဒီယာ လှိုင်းတွေ ကြားမှာ ယက်ကန် ယက်ကန် ကူးခပ် မျောပါ နေကြသည်။ ကမ္ဘာပေါ်ရှိ ဘယ်လိုလူ တစ်ဦး တစ်ယောက် မဆို မီဒီယာ လှိုင်း၏ ရိုက်ခတ်မှုနှင့် မလွတ်ကင်းနိုင်။ လူတိုင်း သတင်း၏ သားကောင် ဖြစ်နိုင်ကြသော ခေတ်ဖြစ်၏။ မီဒီယာများ တိုးတက် အားကောင်း လာသည်နှင့် အမျှ ကမ္ဘာက တစ်နေ့တခြား ကျဉ်း၍ ကျဉ်း၍ လာသည်ဟု […]


သူရႆဝါDecember 3, 20111min551
“သူရဿဝါနှင့် တိုးရစ်စစ်တမ်း” သူရဿဝါ အခုတလော အငြိမ်မနေနိုင်။ လေ့လာ စူးစမ်းချင်စရာ ကောင်းသော ကိစ္စ တစ်ခုကြောင့် ဖြစ်၏။ ထိုကိစ္စမှာ အခြားမဟုတ်။ တလောလေးက သိလိုက် ကြားလိုက် ရခြင်း ဖြစ်သည်။ ဘာလဲဆိုတော့ ယခုနှစ်ပိုင်း အတွင်း စစ်တမ်း ကောက်ယူမှု တစ်ခုအရ သူရဿဝါတို့ မြန်မာ နိုင်ငံသည် နိုင်ငံခြား ခရီးသွားများ လာရောက် လည်ပတ် ချင်သည့် ထိပ်တန်း နိုင်ငံ များထဲတွင် တစ်ခု အပါအဝင် ဖြစ်နေသည် ဟူသော ကိစ္စ။ ဖွံ့ဖြိုးပြီး နိုင်ငံ မဟုတ်သေးသော၊ ယခုမှ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံဖြစ်သော သူရဿဝါတို့ နိုင်ငံသည် အဘယ်ကြောင့် ထိုစာရင်းတွင် ထိပ်နားသို့ ရောက်နေရ ပါသနည်း။ စဉ်းစား […]


သူရႆဝါNovember 24, 20111min733
“ဆြာသူရဿဝါ၏ အိုင်တီတဲရော့ အချစ်ဗေဒင်ဟောစာတမ်းကြီး” ကျွန်ုပ် ဗေဒကဝိ ပညာရှိ ဆြာသူရဿဝါ သည်ကား အမျိုးမျိုး အစုံစုံ အဖုံဖုံသော ဗေဒင်တွက်နည်း များဖြင့် တွက်ချက် သမှု ပြုရခြင်း အလုပ်တွင် ငြီးငွေ့လာသည် ဖြစ်သည်နှင့် အညီ နိုင်ငံရပ်ခြား သိုးဆောင်းသားတို့ ဗေဒင် ကဝိ တွက်ချက် ဘိသည့် ဖဲချပ်အလား တဲရော့ကဒ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တီထွင်ဖန်တီး အသုံးပြုရန် အလို့ငှာ စိတ်အကြံ ရလေသည်။ အထူးသဖြင့် Net Guide ဂျာနယ်၏ စာဖတ် ပရိသတ်များ ဖတ်ရှု လေ့လာ ကြမည် ဖြစ်သဖြင့် ခေတ်မှီ ဆန်းပြားစွာသော အိုင်တီ တဲရော့ကဒ်များ အနေဖြင့် အထူးတလည် ဟောကြား လိုက်ရပေသည်။ ချစ်စွာသော စာဖတ်သူတို့ အနေနှင့် […]


သူရႆဝါNovember 21, 20111min1285
  “အစိမ်းစိတ်ကူးကမ္ဘာ” ညစ်ပတ်စုတ်ပြတ်လာပြီ အဲဒီတော့ဘာလုပ်မလဲ သူ့ကျေးဇူးတွေရှိခဲ့တာပဲ မြေဆီမြေနှစ်ကလေးကအစ ချစ်ကြရမယ် ကမ္ဘာကြီးကို ငါတို့အလယ်မှာထားလိုက် အခုကပြန်စမယ် . . . ပေါလစ်ပြန်တင်မယ် ၊ ပတ်တီးကိုင်မယ် ငါတို့ တညီတညာထဲ ဆေးရောင်လှလှခြယ်ရအောင် . . . အစိမ်းရောင် ။    ။   (နိုဝင်ဘာလ ၁၉ တုန်းက  AGMP ကဗျာဆရာများက “သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး” ကို ရည်ရွယ် ပြုလုပ်တဲ့ Green Poetry Workshop မှာ ရွတ်ဆိုဆွေးနွေးဖြစ်တဲ့ ကဗျာဖြစ်ပါတယ်)     သူရဿဝါ နိုဝင်ဘာ ၁၉ ၊ ၂၀၁၁ ခုနှစ်