သူရႆဝါJanuary 21, 20111min13311
“စိုးရိမ်တတ်သော သူရဿဝါနှင့် ကွန်ပျူတာလောက၊ အိုင်တီလောက” လူတစ်ဦးလျှင် ဝါသနာတစ်မျိုးစီ ရှိတတ်ကြသည့်အထဲတွင် ကျွန်တော် ထက်ထက်သန်သန် ဝါသနာပါသော အလုပ်မှာ စိုးရိမ်ကြောင့်ကြခြင်းဖြစ်သည်။ ဘာပဲလုပ်လုပ် စိုးရိမ်ပူပန်စိတ်က ရှေ့ကနေ ကာဆီးကာဆီး လုပ်တတ်သဖြင့် ကောင်းကျိုးလည်း များခဲ့ပါ၏။ ဆယ်တန်းစာမေးပွဲဖြေစဉ်က သချာင်္နေ့တွင် တစ်ပုဒ်တွက်လိုက် “ငါ့အဖြေက မှန်မှ မှန်ရဲ့လား” ဟု စိုးရိမ်စိတ်ဖြင့် နှစ်ခေါက်လောက် ပြန်စစ်လိုက်၊ တစ်ပုဒ်တွက်လိုက် နှစ်ခေါက် သုံးခေါက် စစ်လိုက်ဖြင့် ဖြေချိန် သုံးနာရီမှာ နှစ်နာရီလောက် ပြန်ပြန်စစ်နေမိသဖြင့် သချာင်္အမှတ် မကောင်းခဲ့သည်က တစ်ခါ၊ အသက်ကလေး ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ် အရွယ်ရောက်၍ လူပျိုပေါက်သဘာဝ ရည်းစားသနာ ထားချိန်တွင် ကိုယ့်ရည်းစားက ကိုယ့်ကိုမှ ချစ်ရဲ့လားဟု တွေးတွေးပြီး စိုးရိမ်နေတတ်ပြီး ကိုယ့်ကိုမချစ်ချစ်အောင် စကားအထုပ်ဖြင့် ချုပ်ရင်းပွားရင်းက […]


Mg OggaJuly 3, 20101min520
ကျွန်တော်မှာ ပုံပြင်တွေပြောတတ်တဲ့ မိတ်ဆွေကြီးတစ်ယောက်ရှိပါတယ်။ ဒီမိတ်ဆွေကြီးက မြန်မာရိုးရာပုံပြင် တွေစု တွေသမျှလူလိုက်ပြောလေရဲ့ ကျွန်တော်လည်း ဒီကောင်ကို ပြောစရာပုံပြင်တစ်ပုဒ်ရှိတယ်။ မြန်မာရိုးရာပုံပြင် တစ်ခုပါပဲ။ ကျွန်တော်ရဟန်းဘဝမှာ နေတုန်းကကြားဖူးခဲ့တဲ့ပုံပြင်လေးပါ။ တခါကရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝါဆိုတော်မှုတဲ့ ရဟန်းတစ်ပါးရှိလေရဲ့ ထိုရဟန်းက ရဟန်းတို့ နေစဉ်လုပ်ငန်းစဉ်တိုင်း အိမ်စဉ်လှည့် ဆွမ်းခံထွက်ရပါတယ်။ အိမ်တွေနဲ့က မရင်းနီုးသေးတော့ အိမ်ရှေ့မှာပဲ ရပ်ပြီးဆွမ်းခံရတာပေါ့ နောက်ကြာလာတော့ အိမ်ထဲမှာ ဆွမ်းပင့်တာခံရတာပေါ့။ ဒီရဟန်းတော်ကို ထူးထူးခြားခြား ကြည်ညိုတဲ့ ဒကာကြီးတစ်ယောက်ရှိလေရဲ့။ သူက ဒီရဟန်းတော်လာတိုင်း သူရဲ့ လူမှုရေးကိစ္စတွေကို ပြောလေ့ရှိတယ်။ ဥပမာ လယ်ကစပါးဘယ်လောက် ထွက်တဲ့အကြောင်း သူသားကိုအိမ်ထောင်ချပေးမဲ့ အကြောင်းစုံကို ရဟန်းတော်ကို ပြောဆိုလျှောက်ထား လေ့ရှိပါတယ်။ ရဟန်းတော်ကလည်း သူဘာပဲပြောပြော သာဓု သာဓု သာဓု လို့သာပြောလေ့ရှိပါတယ်။ တနေ့ သူအိမ်က […]


Mg OggaJuly 3, 20101min570
တစ်နေ့ က ထိုင်းကနေပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ကြတယ်။ သူက သူထိုင်းသွားခဲ့ရတဲ့ အတွေအကြုံ တွေကို ကျွန်တော်ကိုပြောပြပါတယ် နောက်ပြောရင်းနဲ့ ထိုင်းမိတ်ဆွေတစ်ဦးပြောတဲ့ စကားတစ်ခုကို သူစိတ်ထဲ ဘဝင်မကျကြောင်း ပြောတယ်။ ထိုင်းမိတ်ဆွေက သူကို မင်းတို့ နိုင်ငံက ရွှေတိဂုံဘုရားက ရွှေတွေက ထိုင်းနိုင်ငံရွှေတွေဖြစ်ကြောင်း မြန်မာနိုင်ငံအနံတလျားက ဘုရားတွေကရွှေငွေရတနာတွေက ထိုင်းနိုင်ငံကရတာဖြစ်ကြောင်း မင်းတို့ မြန်မာဘုရင်တွေက စစ်နိုင်တော့  တို့ဆီက ရွှေတွေရတနာတွေယူသွားတာတဲ့ ဒီလိုပြောတော့ သူငယ်ချင်းက မခံနိုင်ဘူး ပြန်ပြောရအောင်ကလည်း အကြောင်းရှာမရတော့ ဒီအတိုင်းလေး ငြိမ်ပြီး ဘာမှပြန်မပြောပဲ နေခဲ့ရတာ စိတ်ထဲ အခုထိအခဲမကျေဖြစ်နေတယ်ဆိုတာကို ကျွန်တော်ကို ရင်ဖွင့်ပြောပြတယ်။ ရှေးက စစ်တိုက်တဲ့က နိုင်သူစားကြေး တောတွင်းဥပဒေကြီးစီုးလေတော့ နိုင်သူက ရှုံးသူဆီက ရသမျှမောင်ပိုင် စီးတာ ထုံးစံပါ။ ဒါပေမယ် မတရားယူလာတဲ့ […]


Mg OggaJuly 3, 20101min490
တစ်ခါတစ်လေ ကျွန်တော်က ပေါက်ကရအတော်တွေးတဲ့ ကောင်ပါ တွေးလိုက်ရင်လည်း ဘယ်သူမှလက်မခံနိုင်တဲ့ အတွေးမျိုးတွေ ကျွန်တော်တွေးဘူးတဲ့ အတွေးတွေ ထဲက ပေါက်ကရအတွေတွေးကို ပြန်ပြောပြပါရစေဗျာ။ ငယ်ငယ်က ၈တန်းလောက်ထင်တယ် ယဉ်ကျေးမှုသင်တန်းတစ်ခု ကျွန်တော်တက်နေတဲ့ အချိန်ပေါ့။ အဲဒီနေ့က ဆရာမက ကျွန်တော်တို့ကို ဇာတ်ကြီးဆယ်ဘွဲ့ သင်တော့ သုဝဏ္ဏသာမဇာတ်သင်တဲ့အချိန်မှာ ဆရာမကို စိတ်ညစ်အောင်လုပ်ခဲ့ဖူးတယ်ဗျ။ ဆရာမက သုဝဏ္ဏသာမဇာတ်ကိုပြောပြပြီး အဲဒီထဲက ဘယ်ဇာတ်ကောင်ကို အကြိုက်ဆုံးလဲ ဆိုပြီးမေးကော သင်တန်းသားတွေက အလောင်းတော် သုဝဏ္ဏသာမကို ကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ သူက မိဘကျေးဇူးဆပ်လို့ပါဆိုပြီး တစ်တန်းလုံးနီးပါးဆိုကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က သုဝဏ္ဏသာမကို မြားနဲ့ ပစ်တဲ့ ဘုရင်ကြီးကို အကြိုက်ဆုံးပဲလို့ ပြောလိုက်တဲ့ အခါတစ်တန်းလုံး ငြိမ်သက်သွားတယ်။ ဆရာမက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ကျွန်တော်ကို ဘာဖြစ်လို့လည်း မေးတယ်။ […]


Mg OggaJuly 3, 20101min580
ကျနော်မှာ အကျင့်တခုရှိတယ်ဗျ ပတ်ဝန်းကျင့်ရဲ့ အသံကို နားထောင်နေတတ်တယ် ဆရာပါရဂူဘာသာပြန်တဲ့ သိဒထလို. မြစ်ရေစီးသံနားထောင်တာကို အားကျတာလည်းပါတယ်။ မိုးရွာရင်လည်း မိုးစက်တွေသွပ်မိုးပေါ်ကျတဲ့အသံ ကိုဂီတသံလိုနားထောင်တတ်တယ်။ တူထုသံ ကားမောင်းသံ ကျေးငှက်သံ လူတွေစကားသံ ဒီအသံ အကုန်ကို တစ်ယောက်တည်းရှိတဲ့ အခါနားထောင်တတ်တယ်ဗျ အခုလည်းကျနော် ခရီးထွက်စရာရှိလို. ရထားစီရမယ် အင်း အခုလိုုခေတ်မီဖွံဖြိုးတိုးတတ်လာတော့ လမ်းပန်းဆက်သွယ်ရေးက အတော်ကောင်းဗျ အတော်လည်းအဆင်ပြေတယ် ဒါနဲ့ ကျနော်ရထားကို ဘူတာကြီးကစီးတယ်ဗျ ထုံးစံအတိုင်းအဖော်မပါလာတော့ ပတ်ဝန်းကျင်က အသံတွေနားထောင်ပြီးတော့ အပျင်းဖြေရတာပေါ့ ရထားမထွက်ခင်ကြားရတာတွေက စုံလို.ပေါ့ဗျာ အပြန်အလှန်နှုတ်ဆက်သံတွေ၊ ဈေးရောင်းသူတွေအောင်တဲ့ အသံတွေပေါ့ အံမယ်ရထားက အချိန်မှန်တဲ့ဗျ ၅နာရီ ခွဲဆို ထွက်တာပဲ ကျနော်လည်း စကားပြောဖော်မရှိတာနဲ့ အသံတွေနဲ.ဖော်ပြုနေတာပေါ့ အစကြားတာ ရထားဥဩစွဲသံဗျ ပေါ်ပူပေါ် ……ပေါ် နောက် ရထားဘီးလိမ့်သံကြားရတယ် ဟုတ်………ဟုတ်..ဟုတ်..ဟုတ်..ဟုတ် […]


Mg OggaJuly 2, 20101min690
အညာဒေသက မြန်မာ ရိုးရာ ပုံပြင်လေးတစ်ပုဒ်ပါ သရော်တာ နည်းနည်း ဆန်ပါတယ် ကြိုက်မယ်လို့ ထင်ပါတယ် ဟိုရှေးရှေးတုန်းက သာယာကုန်းဆိုတဲ့ ရွာလေးတစ်ရွာ ရှိသတဲ့ အဲဒီရွာက ရွာသူရွာသားများ က အလွန်ပဲ ရိုးသားလှတယ်။ ထိုရွာကို သူကြီး ဘဉာဏ်ဆိုသူက အုပ်ချုပ်လျက်ရှိတယ်။ တစ်နေတော့ ဘုရင် ဆင်လိမ္မာ တစ်ကောင်ကို အနားယူစေရန် တောထဲမှာ လွှတ်ထားလေတယ်။ ဆင်က နယ်ကျွံပြီး သာဟာကုန်း ရွာစပ်ကို ရောက်လာကာ လယ်ခင်းမှ စပါးများကိုတွေ၍ ဝင်စားသောက်လေရဲ့။ ဆင်ယဉ်ဖြစ်တော့ ရွာထဲကိုဝင်ပြီး သီနုံများ ကိုပါ ခူးစားလေတယ်။ ရိုးသားတဲ့ ရွာသားများက ဘုရင်ဆင်ယဉ်ကို တောဆင်ရိုင်းထင်ပြီး ဘာလုပ်ရမှန်း မသိတာမို့ သူကြီးဆီပြေးပြီး ဆင်အကြောင်းပြော လေသော် မောင်းခတ်၍ တစ်ရွာလုံး သူထံစုရုံးပြီး ဤသို့ […]