Nan ShinAugust 27, 20111min1105
ကျနော်၏ကဗျာတစ်ပုဒ်တွင် အွန်လိုင်းမိတ်ဆွေတစ်ဦးသော ကိုသုစံ ဆိုသူမှ”လူပျိုကြီးများကောင်စီမှ ဖိတ်ခေါ်ပါတယ်”လို ့မှတ်ချက်ပေးခဲ့ပါသည်။ ကျနော်ဖတ်ပြီပြီးချင်းဆိုသလို လွန်ခဲ့တဲ့နှစ်ပါတ်ခန် ့ကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပါသည်။ ထိုအဖြစ်အပျက်ကိုမရေးမှီ ကျနော့်မှာလုံးဝလုံးဝ ရည်းစားမရှိကြောင်းကိုတော့ ကြိုတင်ပြီးပြောကြားလိုပါသည်။ဒါကလည်း ကျနော်၏ရိုးသားမှုကြောင့်သာ ဝန်ခံရခြင်းဖြစ်ပေသည်။ယုံကြည်ပါ။ လက္ခံပါ။ကျနော့်တွင်လုံးဝလုံးဝရည်းစားမရှိပါ။ကျနော်သည် အွန်လိုင်း အဖွဲ ့အစည်းများသို ့ဝင်ခြင်းကို လည်းကောင်း၊ပြင်ပ ကိုယ့်ပတ်ဝန်းကျင်ရှိ အဖွဲ ့အစည်းများသို ့ဝင်ခြင်းကိုလည်းကောင်း အလွန် ဝါသနာထုံသူ တစ်ဦးဖြစ်သည်။ပတ်ဝန်းကျင် ပြင်ပအဖွဲ ့အစည်းများသို ့ဝင်သောအခါတွင် အခြားသူများကို ဖိတ်မန္တကပြုခြင်း ရှားပါးသော်လည်း အွန်လိုင်းအဖွဲ ့အစည်းများသို ့ဝင်သောအခါတိုင်းတွင် အမြဲတန်း ဖိတ်မန္တကပြုမိနေသူ တစ်ဦးရှိပါသည်။ တနေ ့တွင်ကျနော်သည် အွန်လိုင်းအဖွဲအစည်းတစ်ခုသို ့ဝင်မိပါသည်။သို ့သော် သူ ့ကိုတော့လုံးဝမဖိတ်ဖြစ်ခဲ့ပါ။သူကလည်း ကျနော်ဘယ်ဆိုက်မှာဘာလုပ်နေသည်ကို အမြဲမပျက် လေ့လာနေပုံရပါသည်။ကျနော်ဝင်သောအဖွဲအစည်းကို သိရှိသွားသလိုသူလုံးဝလည်းနှစ်သက်ပုံမရပါ။ထို ့ကြောင့်ကျနော့်ကိုသောင်းကျန်းပါတော့သည်။သေသေချာချာပြန်စဉ်းစားသော အခါမှာလည်း […]


Nan ShinAugust 27, 20111min1253
ကျနော်လက်ရှိနေထိုင်တဲ့ Americanနိုင်ငံ၊New Yorkပြည်နယ်က Rensselaerဆိုတဲ့ ရွာလေးမှာ Room mate လေးဦးနဲ့ အတူနေထိုင်စဉ်ကာလကဖြစ်သည်။ ကျနော်တို ့အားလုံးအလုပ်ပိတ်ရက်ဖြစ်တဲ့ weekend တခုမှာ မိမိတို့၏အိပ်ခန်းများကို ကိုယ့်ဘာသာသန် ့ရှင်းရေးလုပ်ကြသည်။ထို ့နောက် အတူသုံးကြသည့်ဧည့်ခန်းများ၊ ၊မီးဖိုချောင်များကိုမူ အတူတကွ သန့် ရှင်းရေးလုပ်ကြသည်။ အားလုံးပျော်ပျော်ရွှင်ရွှင်နှင့် ပြောလိုက်ဆိုလိုက် ပြောင်လိုက်နောက်လိုက်နှင့်ပေါ့၊ ထိုစဉ် တချို ့ပစ္စည်းများမှာ လွှင့် သာပစ်ရသည်။ အကောင်းများပင်ရှိသေး၏။ ထို့ကြောင့်ကျနော်ကမေးသည် ဘယ်ပစ္စည်းကိုလွှင့်ပစ်ရမလဲ ဘယ်ကစ္စည်းကို သိမ်းထားရမလဲပေါ့။ ပစ်ရမလား မပစ်ရဘူးလားပေါ့။ ထိုစဉ် တော်တော်ချောင်ကျကျတနေရာမှ သူတို ့မသုံးဘဲ ထားသည်မှာအတော်ကြာပြီဖြစ်သောဖိနပ်တစ်ရံ ကိုတွေ ့၍ လွှင့်ပစ်လိုက်ရတော့မလားဟုမေးပါသည်။ထိုစဉ်ကျနော်၏ room mateတဦးမှ ”ဟေ့ သိပ်မေးမနေနဲ ့ကွ ၊ဖြေရတာအလုပ်ရှုပ်တယ်၊မင်းအတွက်အသုံးမတည့်ဘူးထင်ရင် အကုန်သာ လွှင့်ပြစ်ကွာ” ဟုမဆိုင်းမတွပင်ပြန်ဖြေပါသည်။အဲ့ဒိအတွက် ကျနော်ပြန်ပြောလိုက်ပုံကား………..ဟုတ်………..အဲ့ဒါဆိုလဲ […]


(၁) ရွေးချယ်မှု (၂) ပီတာလေးနဲ့ သန်း (၃) ဆရာ့ညွှန်ကြားချက် (၄) ပြီးမှပေါ့ (၅) ဆရာမနဲ့ရွှေအ (၆) စိတ်ရှည်ဖို့လိုတယ် (၇) ဘယ်လောက်ချစ်လဲ (၈) ဒါဆိုအိုကေ (၉) ‘ပီတာလေး’ နဲ့ ‘မေမေ့အကျႌ’ (၁၀) ပြဘို့ *********************************************************************************** (၁) ရွေးချယ်မှု ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။ ” ရွှေ နဲ့ အသိဉာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ ” ” ရွှေကို ယူမှာပေ့ါ ” ” ဆရာကတော့ အသိဉာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား ” ” […]


KingAugust 2, 20111min24421
ပေါက်ကရလေးတွေနဲ့ သူတို့ အမြင်နဲ့ သူတို့ ကိုယ့် အမြင်နဲ့ ကိုယ်ပေါ့ ရိုင်းသွားတာရှိတာလို့ လွန်တာရှိရင် ဝန်တာမိလို့ အပေါ်ကတည်းက တောင်းပန် ထားတယ်နော်ဗျ ……… လိုက်ရှာလိုက်ရတာ လက်စက်သတ်တော့ မင်းတို့က ဒီထဲမှာကိုး …. ဟွန်း ဟွန်း …   ဒီလို မင်္ဂလာဦးညကို သာ ဖြတ်သန်းခဲ့ရမယ်ဆိုရင်တော့ …. ရွာသားများရော ဒီလိုညတွေ ဖြတ်သန်းဘူးကြပါသလား ………   အခုခေတ် ကလေးမတွေ တော်တော်ဆိုးတယ်ဗျ ဟိုတစ်ယောက်နဲ့ ဟိုနေရာမှာ ဟိုလိုကြူနေရင်း ဒီတစ်ယောက်ကိုလည်း ဒီလိုလေးတွေ လုပ်ပြနေတော့ ဒီလူတွေ ဒီလိုလုပ်ပစ်တာ မလွန်လောက်ဘူးနော် ……….  


ေရႊဘိုသားJuly 26, 20111min25616
ဒီနေ့ကျွန်တော် အခွေကြည့်နေတုန်း အမေက စာအုပ်ကိုင်ဝင်လာပြီးပြောတယ် ‘‘ငါ့ကို ဒီစကားလေးတွေရဲ့ အဓိပ္ပါယ် ပြောပြပေးစမ်းပါ။’’ အမေ။ ။ ဒီ ‘‘i don’t know’’ ဆိုတာဘာအဓိပ္ပါယ်လဲ။ ကျွန်တော်။ ။ ‘‘ကျွန်တော်မသိဘူး။’’ အမေ။ ။ နင့်ကို တက္ကသိုလ်ထားတာ ၃၊ ၄ နှစ်ရှိနေပြီ။ နင် ဘာဖြစ်လို့ ဘာမှကို မသိရတာလဲ။ ကျွန်တော်။ ။ မဟုတ်ဘူး။ ‘‘ကျွန်တော်မသိဘူး’’ ပါဆို။ အမေ။ ။ ဒါတောင် ဝန်မခံချင်ဘူး !!!$@%!#$^&%#$%@$%@#$%!^%^!^%$ ^#&.. (တချီဆော်လိုက်တယ်…) အမေ။ ။နင် ငါ့ကို ဒါ ထပ်ပြီးပြောပြစမ်း။ ‘‘i know’’ ဆိုတာ ဘာအဓိပ္ပါယ်လဲ။ နင် သိတယ်မဟုတ်လား။ ပြောပြစမ်း။ ကွန်တော်။ ။ဟုတ်ကဲ့။ […]


တစ်ခါတုန်းက ရေးမြို ့ မွန်ရွာငယ်လေးတစ်ရွာမှာ သူကြီးတစ်ယောက်ရှိပါတယ်။သူကြီးမှာ အရွယ်ရောက်သမီးပျိုတစ်ယောက်လဲရှိပါတယ်။ သမီးက ရုပ်ကလေးကလှ ရွာကွမ်းတောင်ကိုင် လဲဖြစ်တော့ ရွာထဲက ကာလသားတွေက လည်း သူကြီးသမီးကို ရဖို ့သူကြီးကို ဖားတဲ့သူကဖား။ ရာသီထွက်သီးနှံတွေကို ပိုးကြေးပန်းကြေးလာပေးနဲ ့ဆိုတော့ သူကြီးမှာ သမီးချောအတွက် ဂုဏ်ယူနေတာပေါ့။  သားမက်ကောင်း လေး ရဖို ့ သမီးကို ဘယ် လို လူမျိုးနဲ ့ပေးစားရင်ကောင်းမလဲလို ့ သူကြီးမှာ သေချာစဉ်းစားခန်းဝင်နေပါတယ်။ သူကြီးက နဂိုကတည်းက ချမ်းသာပြီးသားဆိုတော့ လူပေါ့ကြော့လက်ကြောမတင်းတဲ ့သူဌေးသား နဲ ့ပေးစားရင် မလုပ်တတ် မကိုင်တတ်နဲ ့ငါ့ ရှိတဲ့ စည်းစိမ်ပါ ပြောင်လိမ့်မယ်။ ရိုးရိုးသားသား နဲ ့ကြိုးစားတဲ့ ပညာမတတ် ငတုံး နဲ ့ပေးစားရင်လည်း […]


မေးလ်ထဲမှာ..စုထားသမျှဟာသလေးတွေထဲက ကောင်းနိုးရာရာလေးများစုစည်းတင်ပြခြင်းပါ တင်ပြီးသူများရှိပါကလည်း ခွင်လွတ်တော်မူကြပါ တစ်ခဏ ဘဝအမောပြေစေခြင်းငှာ Copy/Paste လိုက်ပါတယ်။။။။။။။       မှားတဲ့အခါလည်း မှားပေမပေါ့ ဆရာဝန်တစ်ဦးနဲ့ ရှေ့နေတစ်ဦးဟာ အရေးကြီးတဲ့အမှုတစ်ခုအတွက်သက်သေခံဖို့ရောက်ရှိလာကြပါတယ် ။ ရုံးမှာ အတူဆုံကြရင်း စကားလက်ဆုံကျကြပါတယ်။ ရှေ့နေ   –  “ ဆရာဝန်တွေလည်း တစ်ခါတစ်ရံမှားတတ်ကြပါတယ် ။ ဟုတ်တယ် မဟုတ်လား ။ ” ဆရာဝန် –  “ ရှေ့နေတွေလည်း မှားတတ်ကြတာပါပဲ ဗျာ ….။ ” ရှေ့နေ   –  “ ဒါပေမဲ့ ဆရာဝန်တစ်ယောက်မှားသွားရင် အဲဒီအမှားဟာ မြေကြီးအောက် ခြောက်ပေလောက်ထိရောက်သွားနိုင်တယ်နော ။ ” ဆရာဝန် –  “ ဟုတ်ပါတယ် …။ဒါပေမဲ့ ရှေ့နေတစ်ယောက် မှားသွားခဲ့ရင် […]


တကယ့်အဖြစ်အပျက် လေးပါ။ ချမ်းချမ်း တို ့သူငယ်ချင်း သုံးယောက် အနီးကပ်စာမေးပွဲသွားတက်တဲ့အချိန်တုန်းကပေါ့။ ချမ်းချမ်းတို ့ မြို ့လေးကနေ မော်လမြိုင်တက္ကသိုလ် ကိုရောက်ဖို ့တစ်နာရီကျော်လောက်ကားစီးရပါတယ်။ ကားက ဟိုင်းလက်စ် အမိုးနဲ ့ကားတွေပါ။ယောကျင်္ားလေးတွေက ကားခေါင်မိုးပေါ်မှာထိုင်ရပါတယ်။ အမျိုးသမီးတွေက ကားဝမ်းထဲမှာ အယောက် ၂ဝ ကျော်လောက်ထိုင်ရပါတယ်။နယ်မြို ့လေးဆိုတော့ ကားရပ်ဖို ့သီးသန် ့ဂိတ်တွေ မရှိဘူး။ လမ်းမှာရှိတဲ ့ခရီးသည်ကတွေ ့တဲ့နေရာမှာတက်စီးလို ့ရတယ်။ လမ်းတစ်လျှောက်မှာတော့ မုကျိ နတ်ကြီးချောင် ကျုံက ရွာလေးတွေတော့အများကြီးပေါ့။ နတ်ကြီးချောင်ဆိုတဲ့ရွာလမ်းဝကနေ တောင်ပေါ်လမ်းကိုသွားရင် တောထဲမှာတကယ့်ကရင်အစစ်တွေနေတဲ ့ကရင်ရွာလေးတွေတော့အများကြီးပဲ။နတ်ကြီးချောင်ဂိတ်ရောက်ရင်တော့ မြို ့ကိုတက်မယ့် ကရင်ရွာ လေးက ခရီးသည်ကိုစောင့်ဖို ့ ကားကခဏ ရပ်ပါတယ်။ အဲ့ဒီအချိန်မှာ ကားပေါ်က်ို အသက် ၆ဝ နီးပါး […]


တစ်ခါတုန်းက ရွာတစ်ရွာမှာ မောင်ရိုးဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိပါတယ်။ မောင်ရိုး က နာမည်လိုက်အောင် ရိုးသားဖြူစင်ပါတယ်။အတန်းပညာမတတ်ပေမယ့်မိဘစကားနားထောင်ပြီးအလုပ်ကြိုးစားတယ်။ မိဘစကားဆိုလဲ မြေဝယ်မကျနားထောင်တဲ့သူမို ့သားလိမ္မာလေး လို ့တစ်ရွာလုံးက ချီးမွန်းကြပါတယ်. မောင်ရိုးတို ့အဖေက အင်္ဂလိပ်ခေတ်တုန်းက ရွာမှာဩဇာ တော်တော်ရှိတဲ့ ကုန်သည်သူဌေးကြီးပါ.. နောက်တော့စီးပွါးပျက်လို ့အကြွေးတွေထူနေတဲ့ ဘဝရောက်သွားတာပေါ့. မောင်ရိုးအဖေမှာက အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်း သူကြီးတစ်ယောက်ရှိပါတယ်. သူကြီးက ရွာအရှေ ့ဘက်မှာနေပါတယ်.မောင်ရိုးတို ့က ရွာအနောက်ဘက် ဘက်မှာဆိုတော့..ဥပုဒ်နေ ့တိုင်း မောင်ရိုးတို ့အိမ်ကို လာလည်နေကြ။လာလည်တိုင်း. သူကြီးက မောင်ရိုးတို ့အဖေ ချေးထားတဲ့အကြွေးတွေတောင်းပါတယ်။ ““သူငယ်ချင်းမင်း ငါ့ဆီက ယူထားတဲ့အကြွေးတွေ များနေပြီကွ..နည်းနည်းပါးပါးလေးဖဲ့ဆပ်ဦး”” မောင်ရိုးတို ့အဖေကလဲ ““အေးပါကွာ ဒီနှစ်နွေရောက်ရင်ပေးမယ်”“ပေးမယ်ဆိုပြီး .တစ်ခါမှ အကြွေးမဆပ်ဘူး။ အဲ့ဒါနဲ ့သူကြီးလဲ..အကြွေးပြန်ရအောင်အကြံထုတ်ပါတယ်..ဒီကောင့်သား မောင်ရိုးက အရမ်းအေးတယ်. […]


onlinezzApril 8, 20111min20214
တစ်ခါက ပင်လယ်ထဲမှာ သင်္ဘောငယ် တစ်စီး မီးလောင်ပြီး နစ်ပါတယ်။ အချိန်မီ အဆက်အသွယ်ယူတော့ နီးရာတစ်နေရာမှ ရဟတ်ယာဉ်တစ်စီးက ကြိုးချပြီး ကယ်ဆယ်ပါတယ်။ ကြိုးကိုဆွဲပြီး အတန်းလိုက် တွယ်ပါလာတာက ၁၁ ယောက်ပါ ။ အထက်ဆုံးက အမျိုးသမီးတစ်ဦး။ ရဟတ်ယာဉ်မောင်းသူက ပြောပါတယ်။ ရဟတ်ယာဉ်ကသေးလို ့လူပို ၁ဝ ယောက်ပဲနိုင်တယ်။ ကြိုးမှာ ၁၁ ယောက်ပါနေပါတယ်။ တစ်ယောက်ယောက် ဆင်းပေးပါလို ့ပြောတယ်။ မင်းဆင်းပါ ။ ငါမဆင်းဘူးနဲ  ့ငြင်းနေကြတာ ၁၁ ယောက်လုံး ဘယ်သူမှ မဆင်းဘူး.။ အောက်ဆုံးက နောက်ဆုံးလူ ဆင်းပါဆိုလဲ မဆင်းဘူး။ အားလုံးက ကုတ်ကပ်ဆုတ်တွယ်နေတော့ ရဟတ်ယာဥိက အပေါ်သို့ ပျံတက်မရ ။ ဒုက္ခပဲ ။ “ရှင်တို့တစ်ယောက်မှ မဆင်းဘူးလား” “မဆင်းဘူး”  […]


onlinezzApril 7, 20111min1498
တစ်ခါက အမေရိကန် သတင်းစာဆရာ တစ်ဦးက အာဖဂန်နစ္စတန် အမျိုးသားကို မေးတယ်- ခင်ဗျားတို ့ဟာက အမျိုးသမီးတွေကို ယောကျာ်းတွေရဲ  ့နောက်က ၁ဝ လှမ်း အကွာမှာပဲ လိုက်စေတယ်။ တန်းတူယှဉ်ပြီး မလျှောက်ဘူးလို ့သိရပါတယ်။ ယခုတော့ တာလီဘန်အစိုးရ မဟုတ်တော့ဘူးဆိုတော့ အမျိုးသမီးကို ယောကျာ်းတွေက တန်းတူယှဉ်ပြီး လျှောက်နေကြပြီလားမေးတော့ အာဖဂန်နစ္စတန် လူရွယ်က ဖြေတယ်။ “တန်းတူမကပါဘူး။ အမျိုးသမီးကို ရှေ့က ဆယ်လှမ်းအကွာမှာ လျှောက်စေပါတယ်” “ဪ … ကောင်းတာပေါ့နော် ။ ဘာကြောင့်လဲ” “မပေါက်ကွဲရသေးတဲ့ စွန် ့ပစ်မိုင်းကွင်းတွေ မြေမြုပ်မိုင်းတွေက နေရာတကာမှာ ရှိနေကြသေးလို ့ပါတဲ့ ခင်ဗျာ”


shwe niMarch 6, 20111min800
ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မဝင်စားမှန်းမသိဘဲ စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ? ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်.. စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့ လဲ? ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။ ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး.. at http://kyawkyawthet.blogspot.com/