lu ta loneMay 26, 20101min942
ရန်ကုန် ဆင်ခြေဖုံး ရပ်ကွက်တခုမှာ နေတဲ့ အသက် ၅ဝ ကျော်အရွယ် ဦးလေးကြည်လို့ ခေါ်တဲ့ ဦးကြည်နဲ့ အသက် ၃ဝ လောက် ရှိတဲ့ သက်နိုင် ဆိုတဲ့ တူအရီး နှစ်ယောက် ရှိတယ်။ ဦးလေးဖြစ်သူက စက်ချုပ်တဲ့ အလုပ်လုပ်ပြီးတော့ တူဖြစ်သူကတော့ ကျပန်း အလုပ်လုပ်ပါတယ်။ သူတို့ နှစ်ယောက်က အတူနေကြပေမယ့် သဘောထား အမြင်တွေတော့ မတူကြပါဘူး။ မကြာခဏ ငြင်းခုန် စကားများကြ ပါ တယ်။ အခုလည်း တူအရီး နှစ်ယောက် အရက်ဝိုင်းလေး ဖွဲ့မိနေကြပြန်ပါပြီ။ hartha_02042010 သက်နိုင်က သူ့အလုပ်က အပိုကြေးလေး ရလာလို့ ဦးလေး ဖြစ်သူကို အရက်ဖြူလေး နဲ့ ပြုစုမယ်စိတ်ကူးနဲ့ ဒီဝိုင်းလေးဖွဲ့တာပါ။ အရက်နဲ့ မြည်းဖို့လည်း နည်းနည်းနဲ့ […]


lu ta loneMay 26, 20101min23713
တခါတုန်းက ကောင်လေးတယောက် မွေးဖွားလာရာ သူ့မိဘတွေက သူ့ကို “မောင်ထူးဆန်း”ဟု နာမည်ပေးသည်။ ထိုသူငယ် ကျောင်းစ,နေသောအခါ အတန်းဖော် သူငယ်ချင်းများက သူ့နာမည်ကို စကြ, နောက်ကြ, လှောင်ကြ, ပြောင်ကြသည်။ သို့သော် သူက အပြုံးမပျက်၊ ရင်ကော့ပြီး ဘာမှမဖြစ်သလိုဘဲနေသည်။ သို့ဖြင့် ကောင်လေး အရွယ်ရောက်လာပြီး အောင်မြင်ကြီးပွားသော ရှေ့နေတယောက် ဖြစ်လာခဲ့သည်။သို့သော်လည်း လူတွေကသူ့နာမည်နဲ့ပတ်သက်ပြီး စတုန်း၊ နောက်တုန်းပင်။ နောက် အသက်အရွယ်တဖြည်းဖြည်း အိုမင်းလာရာ အဘိုးကြီး” ဦးထူးဆန်း”က သူ့မိသားစုအား ငါ့နာမည်နဲ့ပတ်သက်ပြီး ငါ့ဘဝတလျှောက်လုံးမှာ အလှောင်ခံခဲ့ရ၊ အစအနောက် ခံခဲ့ရတယ်။ ငါသေလွန်ပြီးတဲ့နောက်မှာတော့ ငါ အလှောင်အပြောင် မခံချင်တော့ဘူး။ ဒါကြောင့် ငါသေပြီးလို့ ဂူသွင်းရင် ကမ္ဗည်းတိုင်မှာ ဘာနာမည်မှ မရေးကြပါနဲ့-ဟု မှာကြားခဲ့သည်။မကြာမီ သူ-သေဆုံးသွားခဲ့သည်။ မိသားစုက သူ၏မှာကြားချက်အတိုင်း […]


lu ta loneMay 26, 20101min762
ကြောက်တာပေါ့အမေရ တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်….. အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ… သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ အမေ။ ။ဪသားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး…သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို… သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ… အမှန်အတိုင်း ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။ ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် “ယနေ့ သင်္ဘောသားအရက်မူးသည်” ဟုရေးလိုက်သည်။ သင်္ဘောသားအမူးပြေသောအခါ “ကျနော်အရက်တစ်ခါပဲသောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ” ဟုပြောသောအခါ ကက်ပတိန်က “အမှန်ကိုအမှန်အတိုင်းရေးတာကွ” ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ […]


nga payMay 15, 20101min873
ဒီပိုစ့်လေးကို t.wall မှာ တင်ဖူးပါတယ် စာအုတ်တစ်အုတ်ထဲက ဖတ်ရပြီး ပြန်တင်ပြထားတာပါ….မျှဝေရီနိုင်ကြပါစေ.. ရန်ကုန်မြို ့နေပြည်သူတွေသိတဲ့ အတိုင်းပဲ ခုရန်ကုန်မြို ့ ကြီးမှာ နေရာတောတောများများ ကိုတိုက်ကြီးတွေ ဆောက်နေကြပြီလေ.. ဒီလိုနဲ့ တစ်နေ့ပေါ့ လမ်းသွားလမ်းလာ ပြည်သူတွေထဲ က တစ်ယောက်က ..လမ်းလျှောက်လာရင်းနဲ့ ရုတ်တရက် အမြင့်ကနေ အုတ်ခဲ တွေပြုတ်ကျလာသတဲ့ .. အဲ ဒီအခါမှာတော့ ခုနက လူက မရှောင်နိုင်ပဲ အုတ်ခဲ က သူအပေါ်တည့်တည့်ကျကာနေရာမှာတင်လဲကျပြီး သတိမေ့သွားသတဲ့လေ… ဘေးနားမှာ သွားနေကြတဲ့သူတွေကများတော့ စုအုံလားပြီး တစ်ယောက်တစ်ပေါက်ပြောကြတာပေါ့. `လူတွေလွတ်လွတ်လတ်လတ်တောင် သွားစရာမရှိတော့ဘူး ` `လမ်းသွားတဲ့ လူတွေကိုနဲနဲမှ ဂရုမစိုက်ကြဘူး` `သူတို့ပဲ အလုပ်လုပ်နေကြတာမှမဟုတ်တာ ….ကျန်တဲ့ သူတွေကိုရှိတယ်လို့တောင်မမှတ်ကြတော့ဘူး` `စည်းကမ်းလေးနဲ့ လုပ်သင့်တယ်` `အနာ္တရယ်ရှိတယ် ဆိုရင် […]


taylayNovember 5, 20091min2716
မန်းလေးသား နဲ. ရန်ကုန်သူ တို. chatting ဝင်နေကြရာ အတော်လေးok နေပြီဖြစ်ရာ တစ်ယောက်ဆီတစ်ယောက် လာလည်ရန်အပြန်အလှန် ခေါ်နေကြသည်။ မန်းလေးသား —- အစ်မကျွန်တော်တို့မန်းလေးလာလည်ပါလား။ ကျွန်တော် တောင် ပြမယ်လေ။ ရန်ကုန်သူ——-အစ်မတို.ရန်ကုန်လာလည်လေ။ အစ်မ နင်. ကို ကန် ပြမှာပေါ.။ မန်းလေးသား ပြန်ပြောလိုက်တဲ.စကားကြောင်. ရန်ကုန်သူလည်း တစ်ခါတည်း မန်းလေးသားကို block လုပ်ပစ်လိုက်လေသည်။ မန်းလေးသား ပြန်ပြောလိုက်တဲ. စကားက အစ်မဆီလာရင် ကျွန်တော်ကိုု ကုန်း ပြလေ။ကျွန်တော်ဆီလာရင် ကျွန်တော်လည်း အစ်မကို ကျုံး ပြမှပေါ့… ဟူတည်း ။ သူတို.ပြောတဲ.နေရာတွေကဘယ်နေရာတွေပါလိမ်.။စဉ်းစားကြည်.ရအောင်။။။။။