အဖွဲ့လိုက်ဆော့တဲ့ ကစားနည်းတွေမှာတောင် ကဗျာတွေစာတွေနဲ့ရင်းနှီးခဲ့တဲ့ ကျတော်တို့ဟာ အခုခေတ်မှာ အနည်းငယ်ထက်ပိုသာစွာ အလှမ်းဝေးလာခဲ့ပါတယ်။ မြို့ပြနဲ့ ခပ်လှမ်းလှမ်း နေရာတွေလောက် သာ ရှိပါတော့လား ဆိုတဲ့အတွေးတစ်ခုရယ်၊ မြို့ပြဟာ မြို့ပြပိုဆန်လာတာရယ်ကြောင့်ရယ်မို့ မြို့ပြဟာ မြေနေရာရှားပါးမှုကြောင့် မြို့နေလူတန်းစားထဲက ကလေးငယ်အတော်များများဟာ ဦးအောင်တို့တုန်းကလို ကစားနည်းများနဲ့ အလှမ်းကွာဝေးလာကြပါတယ်။ ဦးအောင်တို့ငယ်ငယ်တုန်းက ယောက်ျားလေးတစ်ဖွဲ့ မိန်းကလေးတစ်ဖွဲ့ အပြိုင်အဆိုင်ကစားခဲ့ကြတဲ့ ဂုံညင်းဒိုး ဆိုတဲ့ (ထွေပစ်တိုင်းလည်း ခေါ်ကြမယ်ထင်ပါတယ်။)သစ်သားဖင်ထိုင်ခုံတစ်ခုစီနဲ့ (၂၅)ပေကွာကွာလောက်ကနေ ဂုံညင်းဒိုးပစ်ဆော့ခဲ့တဲ့ ကစားနည်း သိပ်ကိုပညာသားပါပြီး ဆော့လို့လည်း ပျော်ဖို့ကောင်းခဲ့ပါတယ်။ ဂုံညင်းဒိုးကစားနည်းကိုတော့ ဦးအောင်ကိုယ်တိုင် ဓာတ်ပုံနဲ့ သေချာဆော့ပြချင်လို့ လာမယ့်လကုန်ပိတ်ရက်ကျရင် အသေအချာ ပို့စ်တင်မယ်လို့ စိတ်ကူးထားပါတယ်။ ဒီတစ်ခေါက်လည်း ကဗျာလေးတွေ စာလေးတွေနဲ့ဆော့ခဲ့တဲ့ ကစားနည်းနှစ်ခုကို ပြန်စားမြုံ့ပြန်ကြည့် ပါဦးမယ်။ ပထမတစ်ခုကတော့ ပြောဖို့လည်းကောင်း ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေတဲ့ “ရွှေစွန်ညို”ပါပဲ။ ရွှေစွန်ညိုကစားနည်းဟာ […]


ကျွန်တော်တို့ ငယ်ငယ်တုန်းက ရိုးရာကစားနည်း ကစားနည်းတွေဟာ ကဗျာလေးတွေ စာလေးတွေနဲ့ ဆိုတာ သတိထားမိခဲ့ကြတယ်။ ရိုးရာကစားနည်းလို့ပဲ ခေါ်ကြမှာပေါ့။ အခေါ်အဝေါ်တွေကလည်း မြန်မာဆန်ဆန်မို့။ ကဗျာချိုး စာချိုးလေးတွေနဲ့မို့ ချစ်စရာလည်းကောင်းခဲ့ကြပါတယ်။ များသောအားဖြင့် တစ်ယောက်နှစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ကစားနည်းတွေ ပိုများတာမို့ အချင်းချင်းပိုမိုရင်းနှီးစေဖို့ ဆိုတာမလွဲပါဘူး။ ဉာဏ်စမ်းကစားနည်းတွေရှိသလို သည်းထိတ်ရင်ဖိုကစားနည်းတွေလည်းရှိခဲ့ကြပါတယ်။ ပျော်စရာကစားနည်းလည်းရှိသလို ညဘက်တွေမှာ လမ်းမအလယ် ဒါမှမဟုတ် လယ်ကွင်းအလယ်တွေမှာ လသာသာလရောင်နဲ့ ကစားဖို့ အသင့်တော်ဆုံး ကစားနည်းတွေလည်း အများအပြားပါ။ ဒါကြောင့်လည်း သူငယ်တန်းဖတ်စာမှာတောင် ညအခါ လသာလသာ ကစားမလား နားမလား ။ ဆိုတဲ့ သင်ခန်းစာတောင် ဆိုခဲ့ကြသေးတယ်လေ။ တွေးရင်းနဲ့ ငယ်ငယ်တုန်းက ပျော်ပျော်ပါးပါး ကစားခဲ့ရတဲ့ ကစားနည်း (၁)ခုကို သတိရမိပြန်ရော။ ငယ်ငယ်တုန်းတော့ လရောင်အောက်မှာ ဆော့ခဲ့ရတဲ့ အချိန်တွေပေါ့။ အခုတော့ […]


ခရေပန်းဆိုတာနဲ့ ငယ်ဘဝလေးကို ပြေးမြင်မိသလိုပါပဲ ကျွန်တော်ဟာ ခရေပန်းလေးတွေကို သိပ်ချစ်ခဲ့တယ်။ သိတတ်စ လေးနှစ်သားလောက်ကတည်းက သစ်ပင် ပန်းပင်တွေနဲ့ ရင်းနှီးခဲ့သူမို့ ကျွန်တော်ဟာ သစ်ပင် ပန်းပင်တွေကို အရမ်းချစ်တယ်။ ကျွန်တော့်ဖေဖေက ကျွန်တော်လေးနှစ်သားမှာ ဆုံးပါးခဲ့တာဆိုတော့။ အဲ့သည်တုန်းက ကျွန်တော်တို့အိမ်ရှိတဲ့ ခြံလေးဟာ ပေ(၂၀)ကျယ်တယ်။ အပင်စိုက်လို့ရအောင် ကျယ်တယ်လို့လည်း ပြောလို့ရတာပေါ့။ ကျွန်တော်က မောင်နှမငါးယောက်ထဲမှာ အငယ်ဆုံး။ အဲ့သည်တုန်းက အစ်မအလတ်က နေကြာပန်းပင်တွေစိုက်တယ်။ အစေ့ထုတ်လို့ရတဲ့ နေကြာပန်းတော့မဟုတ်ဘူး လက်တစ်ဝါးစာပွင့်တဲ့ ပန်းနေကြာတွေ တစ်ပင်မှာ တစ်ပွင့်တည်းမဟုတ်ပဲ အများကြီးပွင့်တဲ့နေကြာတွေ အရမ်းလှ အရမ်းမွှေးပေါ့။ အစ်မငယ်ကတော့ နံနံပင်တို့ မုန်လာပင်ပေါက်တို့စိုက်တယ်။ မျိုးစေ့တွေဝယ်ပြီးတော့။ တစ်အိမ်စာ တစ်နိုင်တစ်ပိုင်ပေါ့။ ကျွန်တော်တို့အိမ်က ပေ(၂၀)နှစ်ထပ်ဆိုတော့ ခြေတံရှည်အိမ်အမျိုးအစားပေါ့။ အောက်ထပ်ကတော့ တစ်ဝက်သာရှိပြီး နောက်ပိုင်းကိုတော့ ခြံခတ်ပြီး ဖေဖေရှိစဉ်တုန်းက ကြက်တွေ […]


kotun winlattApril 16, 20151min1316
တစ်ခါတုန်းက ဘဝတွေ ၁ ကို ရေးပြီးတော့ အပိုင်း ၂ ကို ရေးမယ်လို့ ကြံရွယ်တဲ့အခါ ဘယ်အမှတ်တရကို ရေးရပါ့မလဲဆိုပြီး တွေးကြည့်တော့ သူငယ်ချင်းအကြောင်းတွေရေးရင် သူတို့က ကျနော့်ကို ဖော်ကောင်လုပ်တယ်လို့ ထင်နေကြပါလိမ့်မယ်။ (တကယ်တမ်းက ဖော်ကောင်လုပ်တာမဟုတ်… လူစုံတဲ့နေရာမှာ ရှင်းပြတာပါ….) ဒီအတွက် ကျနော်အပိုင်း ၂ ကိုတော့ သူငယ်ချင်းတွေရဲ့ အမှတ်ရစရာအကြောင်း မရေးတော့ပါဘူး….. ကျနော်တို့ မြစ်ကြီးနား GTI နောက်ဆုံးအသုတ်ရဲ့ တကယ်အမှတ်တရဖြစ်စေမဲ့ အကြောင်းလေးကို ရေးပါရစေ……………………………………….. GTI နောက်ဆုံးအသုတ်လို့ ပြောရတာက ကျနော်တို့ ကျောင်းတက်နေစဉ်ကာလမှာပဲ စက်မှုလက်မှုသိပ္ပံ ထိုမှ စက်မှုလက်မှုကောလိပ် ထိုမှ နည်းပညာ ကောလိပ်ဆိုပြီး အဆင့်ဆင့် ပြောင်းလဲသွားခဲ့လို့ပါ …. ကျနော်တို့နောက်ပိုင်း တက်ရတဲ့ကျောင်းသား/သူတွေက နည်းပညာကောလိပ် ကျောင်းသား/သူတွေဖြစ်သွားလို့ပါ…..။ ကျနော်တို့ […]


kotun winlattSeptember 14, 201415min19410
” ရေးမိရေးရာ တွေးမိတွေးရာ ” @@@@@@@@@@@@@@@@@@@@@@@@ စာမရေးတာ တော်တော်ကြာလာတော့ ရေးချင် ပြောချင်တာလေးတွေ များသားဗျ…။ ဘာရယ်တော့ မဟုတ်ပါဘူး စပ်မိစပ်ရာလေးတွေပေါ့..။ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်အကြောင်း လူတွေအကြောင်း နည်းနည်းပါးပါးပါ။ ဒီလိုဗျ… ကျနော်က ရွာမှာ ဘာမှဟုတ်တဲ့ကောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကိုယ်တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ် သဲတစ်ပွင့် ရပ်ရွာတိုးတက်ရေးကို လုပ်နေတာပါ။ ဒါက ကျနော့်ဘက်က အမြင်ပေါ့။ တစ်ဘက်ကအမြင်တွေကတော့ ကျနော်ဟာ နာမည်ရဖို့ အလုပ်လုပ်နေတာဆိုပဲ…။ ဒီလိုလူတွေကို ကျနော်မေးချင်တဲ့ မေးခွန်းတစ်ခုရှိနေပါတယ်။ ကျနော်နာမည်ရဖို့ လုပ်နေတာပဲ ထားပါတော့…နာမည်ရလာရင် ကျနော် ဘာလုပ်လို့ရမှာလဲ။ ကျနော်က လွှတ်တော်အမတ်လုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။ နောက်ပြီး အုပ်ချုပ်ရေးမှူးလုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။ တစ်ခုတော့ရှိတာပေါ့နော့…နာမည်ကြီး ထမင်းငတ်ဆိုတာလေ…။ ပွင့်လင်းလာနေတဲ့ ဒီမိုကရေစီခေတ်ကြီးထဲမှာ…အင်းးးးဒီစာသားကို သုံးရတာလည်း […]


kotun winlattSeptember 12, 20141min1217
  ကူညီပါရစေ . . . . . @@@@@@@@@@@@@@@   “ဝယ်ပေးပါဦး အစ်ကိုရာ အကူအညီတောင်းတာပါ…။ ဘာမှမပါပဲ သက်သက်အကူအညီ တောင်းတာမျိုးဆို မကောင်းဘူးလေ…။ အခု ဒီပုံလေးတွေက အပြင်မှာဆို တစ်ထောင်လောက်ပေးရမှာပေါ့…. ကျနော်တို့က တစ်ထောင့်ငါးရာဆိုတော့ များတော့များတာပေါ့ အစ်ကိုလေးရာ … ဒါပေမယ့် များနေတဲ့ ငွေငါးရာနဲ့ ကျနော်တို့ မိသားစုတွေကို ထောက်ပံ့ပေးတယ် ကူညီပေးတယ်လို့ တွေးပါဗျာ…။” ကျနော့်ရှေ့မှ စစ်ယူနီဖောင်း ဝတ်ထားသည့် စစ်သားမှ ကျနော့်ကို ဘုရားပုံတော်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများကို ပြသပေးရင်း ပြောနေခြင်းပါ။ ကျနော် ဘာမှပြန်မပြောဖြစ် … ဒီလိုမျိုးတွေက ခဏခဏကြုံနေရတာ မဟုတ်လား။ ၂၀၁ဝ ခုနှစ် မတိုင်မီကတော့ ယခုလိုပုံစံမျိုး မဟုတ်ပါချေ။ ယူနီဖောင်းဝတ် […]


kotun winlattSeptember 10, 20143min14910
ခွေးဖြစ်သွားတဲ့ ည @@@@@@@@@@@@@@@@@@@@ တိတ်ဆိတ်ငြိမ်သက်နေသည့် ညတွင် အတွေးများ ယောက်ယက်ခတ်စွာဖြင့် အိပ်မပျော်နိုင်သည့် ကျနော့်အတွေးများသည် ဟိုမှသည်သို့ ကူးလူးပျံသန်း ခြေဆန့်နေကြပေသည်။ မနက်ဖြန်တွင် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ပင်….. ကောင်းကင်ကို မော်ကြည့်မိတော့ ကောင်းကင်ပြာပြာမှာ လမင်းကြီးက ထိန်ထိန်သာနေ၏။ ဪ…လွန်ခဲ့တဲ့ သုံးနှစ်က ဒီလိုအချိန် ဒီလိုညတစ်ညကို ကျနော်စိတ်ထဲမှာ သတိရလာမိတော့သည်။ လွန်ခဲ့တဲ့ သုံးနှစ်…ဟုတ်ပါသည်…. လွန်ခဲ့တဲ့ သုံးနှစ်က ယခုလိုည…… @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ လွန်ခဲ့တဲ့ သုံးနှစ်က ကျနော်ဟာ ကျူရှင်ဆရာတစ်ယောက်ပါ။ ဘော်ဒါဆောင်တစ်ခုကို သူငယ်ချင်းတစ်ဦးနဲ့ စပ်တူဖွင့်ပြီး စာသင်ခြင်းအလုပ်ကို လုပ်နေခဲ့တဲ့ကောင်ပေါ့။ ရွာက လူကြီးတစ်ဦးက ကျနော့်ကို တွေ့တိုင်း ရိုက်စားကောင်တဲ့လေ….. အဆောင်လာထားတဲ့ ကလေးတွေကို ရိုက်လည်း ရိုက်သေးတယ် ပိုက်ဆံလည်း ရတယ်ဆိုတဲ့ သဘောနဲ့ ရိုက်စားလို့ […]


kotun winlattJune 27, 20142min1407
ပြာလဲ့လဲ့ ကောင်းကင် ဖြူလွှလွှတိမ်တိုက် စိမ်းလန်းတဲ့ တောတန်း ရွှေရောင်တောက်နေတဲ့ လယ်ကွင်း မော်လူးကို စာပေဟောပြောဖို့ ရောက်လာကြတဲ့ ဆရာ/ဆရာမတွေနဲ့ အမှတ်တရ မင်္ဂလာပါ ရွာသူ/သားအပေါင်းတို့ ခင်ဗျာ… ရွာထဲကို ပြန်ရောက်လာပါပြီ… မျက်စိလည် လမ်းမှားပြီး ရောက်လာပါတယ်… ပြန်လာပါပြီ… စသဖြင့်…စသဖြင့်… အကြောင်းအမျိုးမျိုးပြပြီး.. ရွာထဲရောက်လာလိုက် တော်ကြာ ပြန်ပျောက်သွားလိုက်နဲ့ ဖြစ်နေတဲ့ ကျနော် အခုရက်ပိုင်းတွေမှာ ရွာထဲကို ဝင်ဖို့ ကြိုးစားပေမယ့် အဆင်မပြေတဲ့ ကွန်နက်ရှင်ကြောင့် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ပြီး…ဟိုလူ့ အကူအညီတောင်း..ဒီလူ့အကူအညီတောင်းနဲ့ လုပ်ရတော့တာပါပဲ…..။ ဒီလိုနဲ့ အလင်းဆက်က ကူညီပေးပါမယ်ဆိုပြီး ပြောလာလို့ မေလ်းကနေ စာတွေ ပုံတွေ ပို့ပေးမယ်ပြောပြီး မပို့ဖြစ်ခဲ့ပြန်ပါဘူး။ ကျနော်ဟာ တော်တော်ကို အလုပ်ရှုပ်နေတာပါလားလို့လည်း တွေးမိပါတယ်။ အိမ်က လူတွေကတော့ အိမ်ကစီးပွားရေးကို […]


kotun winlattMarch 30, 20142min936
  သူနာပြုဆရာမက ဘာပြောတယ်ထင်လည်း သမီးရဲ့…. အပြင်မှာ ဆေးခန်းထိုင်တဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီးဆီမှာ သွားပြလိုက်ပါ..သူက ဆေးရုံတက်ခိုင်းရင် လာတက်လိုက်ပါတဲ့..ဒီနေရာက ပြင်ပလူနာဋ္ဌာနဆိုတော့ ကိုယ်ဝန်ဆောင်တွေ အတွက် မပါဘူးဆိုပဲ … အံ့ဩလို့ မကုန်နိုင်အောင်ပါပဲ… ဗိုက်နာတယ်ဆိုရင် ဆေးရုံကို လာခဲ့ပါဆိုလို့  သွားလိုက်တဲ့ လူနာကို အပြင်ဆေးခန်းမှာ ပြန်ပြခိုင်းတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့ သမီးရေ.. ဖေဖေတို့ကလည်း သမီးလေးအတွက် စိုးရိမ်သောကနဲ့ ပူပန်နေရတဲ့ အချိန်ဆိုတော့ သူနာပြုဆရာမလေး ပြောတဲ့အတိုင်း ဆရာဝန်မကြီးရဲ့ ဆေးခန်းကို ပြေးကြရပြန်တာပေါ့… ဖေဖေကတော့ ပြည်သူ့ဆေးရုံ ( ကိုယ်ဝန်ဆောင်များ မပါ) ဆိုပြီး ဆိုင်းဘုတ် တင်လိုက်ချင်တော့တာပါပဲ…. ဆရာဝန်မကြီးဆီရောက်တော့ ဘယ်မှာမွေးမှာလဲ ထပ်မေးပြန်ရော.. ဆေးရုံးကြီးမှာ မွေးမှာလို့ ဖြေတော့ .. နားကြပ်လေးနဲ့ ဗိုက်ကလေးကို […]


kotun winlattMarch 28, 20143min1808
အစကတော့ အလွမ်းအကြောင်း မရေးတော့ဘူးလို့ပါပဲ… ကိုဆာမိက လွမ်းးဘာ..လွမ်းးဘာဆိုလို့…လွမ်းတဲ့ အကြောင်းး ရေးမိတာပါ..ခမျ… သမီးလေးရေ …. စာရေးဆရာ မောင်သာချိုက သမီးလေးဖတ်ဖို့ ဆိုပြီး စာတွေရေးတယ်။ အဆိုတော် ထူးအိမ်သင်က သမီးလေးနားဆင်ဖို့ ဆိုပြီး သီချင်း ဆိုတယ်။ ကဗျာဆရာ စိုင်းဝင်းမြင့်ကလည်း သမီးလေး ရွတ်ဖို့ ကဗျာတွေဖွဲ့တယ်။ သူတို့ရဲ့ သမီးလေးတွေအတွက် သူတို့ တတ်နိုင်တဲ့အရာလေးတွေကို ရေးဖွဲသီကုံးစပ်ဆိုခဲ့ကြတယ် သမီးရေ…… ဖေဖေလည်း သမီးလေးအတွက် တစ်စုံတစ်ခုလောက်တော့ လုပ်ပေးချင်တဲ့ ဆန္ဒလေး ပြင်းပြနေမိတာပေါ့ကွယ်။ ခက်တာက ဖေဖေက ဆရာမောင်သာချိုလိုလည်း စာရေးမကောင်းဘူး။ အဆိုတော်ထူးအိမ်သင်လိုလည်း သီချင်းရေးဖွဲ့ပြီး မသီဆိုတတ်သလို ကဗျာဆရာ စိုင်းဝင်းမြင့်လိုလည်း ကဗျာမစပ်တတ်ဘူး သမီးရယ်။ ဒါပေမယ့် သမီးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတရားကတော့ သူတို့တွေထက်မသာရင်နေမယ် လျှော့တော့မလျှော့ပါဘူး။ ဒီစာလေးကို ဖေဖေရေးနေချိန်မှာ […]


kotun winlattMarch 27, 20141min15217
မနေ့ညက ကျနော့် အီးမေလ်းထဲကို ထူးထူးဆန်းဆန်းမေလ်းတစ်စောင်ရောက်လာပါတယ်။ ဖွင့်ကြည့်လိုက်တော့ ကျနော်တို့ ဂဇက်ရွာသူကြီး ဦးခိုင်ဆီကစာပါ။ အကြောင်းအရင်းကတော့ မတ် – ဧပြီလအတွက် မန်းလေးဂဇက် သတင်းစာ ပေးပိုက်လိုက်ပါသည်ဆိုပဲ… ဖတ်ချင်လွန်းလို့ ဒေါင်းလုတ်ဆွဲမယ်ဆိုပြီး ဖိုင်ဆိုဒ်ကြည့်လိုက် 12 MB ကျော်ဆိုတော့ ရွာသူ အန်တီနု ပြောတဲ့ မပုတု (MPT) က လိုင်းအားကောင်းကောင်းဆိုတော့ နောက်ဆုံးမှာ ကျနော်ပဲ အရှုံးပေးပြီး ဒေါင်းလုတ်ဆွဲခြင်းအမှုကို လက်လျှော့လိုက်ပါတော့တယ်။ ပြီးတော့ ပို့တောင့်ပို့ခဲ့ ပေးပို့လာတဲ့ သတင်းစာလေးကို မဖတ်ရတော့ စိတ်ထဲကို အတွေးတစ်မျိုးဝင်လာပြန်တယ်ဆိုပါတော့…. ဘာကြောင့် သူကြီးက ကျနော့်ဆီ တခုတ်တရ ပေးပို့သလဲပေါ့….။ ရွာထဲကိုလည်း မရောက်ဖြစ်တာကြာလှပေါ့။ ကိုထူးဆန်းပြောတဲ့ မရှိခင်ဒုက္ခကို သိပြီးသကာလ ရှိပြီး ဒုက္ခကို ကြံ့ကြံ့ခံနိုင်ဖို့ရာ ကြိုးစားနေတဲ့ ကျနော့်အဖြစ်က […]


kotun winlattOctober 28, 20131min982
လုပ်ပိုင်ခွင့်၊ လုပ်ကိုင်ခွင့် နှင့် အနင်းခံပြည်သူများ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ဒီမိုကရေစီဆိုနိုင်ငံဆိုသည်မှာ ပြည်သူများ၏ ဆန္ဒကို အလေးထားသည့် အစိုးရအုပ်ချုပ်သည့် နိုင်ငံ၊ တရားဥပဒေစိုးမိုးသည့်နိုင်ငံ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒကို အလေးထားဆောင်ရွက်ပေးသည်ဟု နားလည်ထားခဲ့ပါသည်။ ထို့ပြင် ယနေ့မြန်မာနိုင်ငံကြီးမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ ချီတက်နေပါသည်ဟု ကြွေးကြော်ထားပြန်ရာ အားရကျေနပ်ဖွယ် ကောင်းလှပေသည်။ သို့သော် အမှန်တကယ်ရော ကြွေးကြော်သံအတိုင်း ချီတက်နေကြပါ၏လော။ အပြောင်းအလဲတွေကရော အောက်ခြေအဆင်အထိရောက်ရှိပါ၏လော.. ဟုမေးခွန်းထုတ်မိသည်မှာ အကြိမ်ကြိမ်ပင်။ ကျေးလက်တောရွာများတွင်နေထိုင်ကြသည့် အခြေခံလူတန်းစားများအတွက် မျှတမှု၊ တရားဥပဒေ၏ အကာကွယ်ပေးမှုအစရှိသည့် အခွင့်အရေးများရရှိနေကြပါ၏လော..။ ယခုဖြစ်ရပ်မှာ ဒေသခံ အခြေခံလူတန်းစားများအပေါ် လုပ်ပိုင်ခွင့်ဟူသည့် ဝိသေသတစ်ခုဖြင့် အနိုင်ကျင့်မှု တစ်ခုအဖြစ် မြင်တွေ့ကြားသိရပေသည်။ ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို ပြုပြင်ရန်အတွက် အစိုးရမှ ကုမ္ပဏီများကို လမ်းပိုင်းအလိုက် […]


kotun winlattSeptember 14, 20131min1246
စံတော်ချိန် သတင်းစာပါ သတင်း…   စံတော်ချိန်ပါ သတင်းအား တုံပြန်ထားသည့် နံရံကပ်စာ… သတင်းတစ်ပုဒ်၏ နောက်ကွယ်….. @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ချီတက်နေသည့် မြန်မာနိုင်ငံတော်ကြီးတွင် မီဒီယာသမားတို့၏ အခန်းကဏ္ဍအား မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းထားခဲ့သည်မို့ မီဒီယာသမားတို့၏ တာဝန်မှာ မသေးလှဟု ဆိုရပေလိမ့်မည်။ မီဒီယာသမားဟု ဆိုရာဝယ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည် စသည်တို့မှ သတင်းထောက်များဟု အများအားဖြင့် သတ်မှတ်သိရှိထားကြပေသည်။ ၎င်းသတင်းထောက်များတွင်လည်း တိုက်ပိုင် သတင်းထောက် အလွတ်တန်း သတင်းထောက်၊ ကော်လံစား သတင်းထောက် အစရှိသဖြင့် ထပ်မံခွဲထွက်သွားပြန်သည်။ ထိုသတင်းထောက်တို့၏ ဖော်ထုတ်ရေးသားမှုများကြောင့် ပြည်သူများ သတင်းမှန်များကို သိရှိကြရသည်။ ဒေသတွင်း နိုင်ငံတွင်း နေ့စဉ်ဖြစ်ပျက်နေမှုများအား ပြည်သူတို့ထံ တင်ပြနေကြသူများပင်…..ဤသို့ဆိုလျှင် သူတို့တွေ၏ ကျေးဇူးတွေ ကျွန်တော်တို့ ပြည်သူတွေဆီမှာ ရှိနေကြသည်ဆိုရမည်ပင်… […]