kotun winlattJune 13, 20132min1047
အနာဂတ်၏ သားကောင်းရတနာလေးများးးးးးးး အနာဂတ်၏ သားကောင်းရတနာလေးများနှင့် ကျနော်တို့ အဖွဲ့လေး အမှတ်တရ…. ကျနော်တို့ အဖွဲ့လေး ကျောင်းလေး၏ စာသင်လေးရှေ့မှာ အမှတ်တရ….. ရွာလေးထဲမှာ တစ်အိမ်တက်ဆင်း ဂျာနယ်စာစောင်များကို လိုက်လံဝေငှကြစဉ်…. ဆရာတော်နှင့် ကျနော်တို့ အဖွဲ့ဝင်များ စကားစမြည်….. ဆရာတော်အား ဂျာနယ်နှင့် ဓမ္မစာစောင်လေးများ ဆက်ကပ်လှူဒါန်းစဉ်….. ခရီးစဉ်ကို စထွက်တော့ နံနက်ရှစ်နာရီခွဲနေပါပြီ … ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် မော်လူးထဲမှာ ဆိုင်ကယ် ဦးထုပ်မပါတဲ့လူတွေကို ယာဥင်္ထိန်းရဲက ဖမ်းနေပါတယ်… ဒီအကြောင်းလေးကိုလည်း ရေးချင်သားဗျ….အဟဲ…. နောက်များမှပေါ့နော့.. သုံးဘီးဆရာက ဦးထုပ်မပါလို့ ကွင်းလမ်း ရှောင်လမ်းကနေပတ်ပြီးမောင်းခဲ့ပါတယ်…..အဖွဲ့ဝင်တွေက မော်လူး၊ အုန်းဒုတ်၊ စီးမော်၊ ညောင်ပင်သာ၊ စီပိန်းစတဲ့ ရွာလေးတွေကဖြစ်ပြီး ဖားပန်ရွာကို သွားတဲ့လမ်းနဲ့ တဆက်တည်းမို့ တစ်ရွာပြီးတစ်ရွာ ဝိုင်းတော်သားလေးတွေက အားဖြည့်လာကြတာမို့ အင်အား(၂၀)ယောက်လောက် […]


kotun winlattJune 13, 20131min1928
မန်းလေးဂေဇက်မှ လှူဒါန်းသော  ပစ္စည်းများ မန်းလေးမှ မော်လူးသို့ ရောက်ရှိလာစဉ်…. ရွာတံဆိပ်လေးကို ကျနော်မှ ဒီလိုခေတ်နှိပ်ပေးလိုက်ပါတယ်….. တက်တက်ကြွကြွ လှုပ်ရှားနေကြတဲ့ ကျနော့်၏ One Candle စေတနာရှင်လူငယ် အဖွဲ့ဝင်များ ဆရာမသို့ သင်ထောက်ကူ ပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်….     ”ရွာသူ ရွာသားအားလုံး မင်္ဂလာပါညယ်” လို့ နှုတ်ဆက်ပါရစေ…. အလှူခံဖလားကြီး ပိုက်ပြီးကတည်းက ပျောက်ချက်သား ကောင်းနေခဲ့တဲ့ ကျနော် အလှည့်ကျ မနွဲ့ကျစတမ်းဆိုသလို ကိုယ့်အလှည့်ရောက်လာပြီမို့ စိတ်ကူးတည့်ရာ အကုန်ရေးပါတော့မယ်… သံခီးးးသီးခံပြီးတော့သာ ဖတ်ကြပေရော….။ myanmargazette.net က အားတက်သရော ထည့်ဝင်လှူဒါန်းငွေတွေနဲ့ ဝယ်ယူပြီး မန္တလေးက လေးပေါက် တာဝန်ယူပေးပို့လိုက်တဲ့ စာရေးကိရိယာတွေ ကျနော့်ဆီကို 5.6.2013 ရက်နေ့က ရောက်ရှိလာတာမို့ ခရီးစဉ်တွေကို ကျနော်ရဲ့ ဝိုင်းတော်သားတွေနဲ့ […]


  “ပြီးပါပြီ” ……….. စာတန်းထိုးလိုက်တဲ့ အခါ ခင်ဗျားတို့ ထင်သလို မင်းသားနဲ့ မင်းသမီး မပေါင်းလိုက်ရပါဘူး။ ကွဲသွားကြရင်လည်း ဘာအကြောင်းကြောင့်ကွဲသွားရတယ်လို့ မပြသွားဘူး။ ဒါမှမဟုတ် မင်းသားကသေသွားတာမျိုး၊ မင်းသမီးက သေသွားတာမျိုးလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် ဇာတ်လမ်းက ပြီးသွားခဲ့ချေပြီ။ တကယ်တော့ ခင်ဗျားတို့ ကိုယ်တိုင်က ဒီဇာတ်ကားကို အချစ်ဇာတ်လမ်းရယ်လို့ သတ်မှတ်ခဲ့ကြတာ မှားတယ်။ တကယ်တော့ ခင်ဗျားတို့ ကိုယ်တိုင်က ဒီဇာတ်ကားကို အနိုင်အရှုံး၊ အမုန်းအချစ်၊ အလွမ်းအဆွေးတွေနဲ့ ဇာတ်လမ်းဆင်ခဲ့တယ်လို့ ထင်ခဲ့ကြတာ မှားတယ်။ အမှန်တော့ ဒီဇာတ်ကားဟာ အစကတည်းက မင်းသား၊ မင်းသမီး မပါခဲ့တဲ့ ဇာတ်ကားပါ။ အစကတည်းက ဇာတ်ညွှန်းရော ဝတ္ထုပါ မပါခဲ့တဲ့ ဇာတ်ကားပါ။ ဒါရိုက်တာလည်း မရှိ၊ တည်းဖြတ်သူလည်း မရှိတဲ့ ဇာတ်ကားပါ။ […]


kotun winlattMay 8, 20132min62445
စာမရေးဖြစ်တာကြာတော့ ဘယ်ကစပြီးရေရမလဲ မသိဖြစ်နေတော့တာ…. အရင်ကလို ဂေဇက်ရွာကြီးထဲကိုလည်း သိပ်မရောက်ဖြစ်… ဘာကြောင့် ဘာအတွက်ဆိုတဲ့ အကြောင်းပြချက်မှာ ရေရေရာရာ မရှိလှပေ…. အဓိက အကြောင်းပြချက်ကတော့ လူပျို လူလွှတ်ဘဝနဲ့ အိမ်ထောင်ကျပြီးသွားသော ဘဝနှစ်ခုကြားက ကွာခြားချက်ဟု ပြောရမည် ထင်ပါသည်။ အရင်က ကျနော့်ကို ဘာတွေလုပ်နေနေ ပြောမည့်သူမရှိ…. အမေ အဖေတို့ကလည်း ဒီအသက် ဒီအရွယ် ကလေးမဟုတ်တော့ သူ့ဟာသူ ဆင်ခြင်လိမ့်မယ် ဆိုပြီး တော်ရုံတန်ရုံ သိပ်မပြောကြ… ဒီတော့ ကျနော် စိတ်ထဲရှိရာ စိတ်ထဲထင်ရာတွေ လျှောက်လုပ် လျှောက်သွားနေခဲ့သည်သာ… စိတ်လွှတ်ကိုယ်လွှတ်ဟု ဆိုရမည်ထင်ပါ့…. ကွာဟချက်နှစ်ခုကြားမှာ အံဝင်ခွင်ကျဖြစ်အောင် ကျနော် ကြိုးစားနေသောကြောင့် ဟုပြောလျှင်လည်း ရသလို ထိန်းချုပ်မှုတွေ ကြားမှာ ရောက်နေသော ဘဝဟုလည်း ဆိုနိုင်လောက်ပါသည်။ အရင်ကတော့ အဖေ […]


နိဒါန်း   ကျွန်တော် သူ့ကို သိတာကြာပြီ။ သူ့မှာ ကဗျာတွေ ရှိမှန်းလည်း သိတာကြာပြီ။ ပြီးတော့ အဲဒီကဗျာတွေကို သူရေးထားမှန်းလည်း သိတာလည်း ကြာပြီ။ ဟုတ်တယ်။ ကျွန်တော် ဒီအကြောင်းကို အဲဒီက စပြီး နိဒါန်းပျိုးဖို့လိုအပ်လို့ မဟုတ်ဘဲ ပျိုးချင်လို့ကို ပျိုးလိုက်တယ်။ (ဘယ်သူ ဘာပြောပြော)   (A) တိမ်တွေ ထူထပ်တဲ့ တစ်နေ့က သူ ကျွန်တော့်ဆီ ရောက်လာတယ်။ ရောက်လာမယ့် အကြောင်းလည်း ကျွန်တော့်ကို ကြိုတင်လို့ အကြောင်းကြားလာတယ်။ ကျွန်တော်နဲ့ သူတွေ့ချင်တယ်ပေါ့။ ဘာဘာညာညာ ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြပါဘူး။ သူဟာ တိမ်တွေကို သယ်လာပြီး ကျွန်တော်ရွာဆိုမှ ရွာပေးမယ့်လူမှန်း ကျွန်တော် သိခဲ့တယ်။ တွေ့တွေ့ချင်း ကျွန်တော်တို့နှစ်ယောက် သီချင်းတွေ နားထောင်ကြတယ်။ လေးဖြူ၊ […]


  ကျွန်တော်နဲ့ ခေါင်းမော့လျှောက်သူများ   (က) တစ်ခါက လင်မယားနှစ်ယောက်ဟာ အိမ်ထောင်ကျပြီး နှစ်အတော်ကြာတဲ့ အထိ သားသမီး မမွေးဖွားခဲ့ဘူး။ ဒီလိုနဲ့ သူတို့နှစ်ဦး ပေါင်းသင်းလာခဲ့တာ နှစ်တွေကြာမှ သားလေးတစ်ယောက်မွေးဖွားလာခဲ့တယ်။ သူတို့တွေ သိပ်ပျော်ကြတာပေါ့။ သူ့သားလေးကို ကူဇမာလို့ နာမည်ပေးခဲ့ကြတယ်။ သူ့သားလေးကို ငယ်ငယ်လေးကတည်းက သူတို့ဟာ သင်ပေးခဲ့တာလေး တစ်ခုရှိတယ်။ “သားရေ … သားလမ်းလျှောက်တဲ့ အခါ ခေါင်းကို ငုံ့လျှောက်ကွဲ့ .. မဟုတ်ရင် သားဟာ ခလုတ်တိုက်ပြီး အနာတရ ဖြစ်မယ် … တောင်ပေါ်တက်ရင်လည်း ခေါင်းကို ငုံ့လျှောက်နော် သား … တောင်ပေါ်က ပြုတ်ကျတတ်တယ် သားရဲ့ … ပြီးတော့ တောင်ပေါ်က ဆင်းရင်လည်း ပိုသတိထားပြီး ခေါင်းကို ငုံ့ထားနော် […]


ရွှေကူ ဆိုတာ ထင်ရှားခြင်းမရှိလှတဲ့ ဧရာဝတီဘေးက မြို့ကလေးပါ အဲဒီကစ ကျွန်တော့်ဘဝ ၊ သူမ မြို့ပြမှာမွေး လှသွေးကြွယ်ဝ ချမ်းမြခြင်းနဲ့အတူ ကျွန်တော်လိုလူနဲ့ ခြားနားလှပေါ့ ၊ ဒါပေမယ့်လေ ဘဝဆိုတာ စိတ်ကူးထက်ဆန်း အချစ်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ ကျွန်တော်တို့ ပျော်မွေ့ခဲ့ပါတယ် ၊ ဒါပေမယ့်ကွယ် ကော်ဖီခရေဇီက သူမ ကျွန်တော်က လဘက်ရည် ငပိရည်ဆိုတာ ကျွန်တော့အကြိုက် သူ ခိုက်တာက ဟမ်ဘာဂါ ခက်ဘူးလားဗျာ ၊ စိုင်းစိုင်း ဆိုတာ ကျွန်တော်မသိခဲ့ ခနဲ့တဲ့တဲ့ သူ့စကား လှောင်သံများနဲ့ပေါ့ ၊ ကျွန်တော့်ရင်မှာ ရှိနေတာက ကိုမြကြီးရဲ့  မခင်နှင်းဆီ တစ်ဆောင်းသစ်ပြီ ဆိုတဲ့ ကိုသန်းလှိူင် အဆိုအလွမ်းပိုင်ပေမယ့် သူကတော့ ပန်းနွယ်ကစိမ်း ဆိုတဲ့ တွံတေးသိန်းတန်စာသားကို ဟစ်ဟော့လို […]


  (၁) ကြယ်တွေစုံပြီလား။ ရယ်ပွဲဖွဲ့ လောကတီးဝိုင်းကြီးဆုံးသွားတော့ အိပ်မက်ကနိုးလာတယ်။ ခွေးတွေ ဟောင်လိုက်တာကိုပဲ ရင်ခုန်မိတဲ့ လူတစ်ယောက်က ညနေခင်းပန်းချီကားတစ်ခုမှာ ခွေခွေလေးအိပ်မယ်ဆိုပဲ။ လက်ဆွဲ နှုတ်ဆက်လိုက်၊ လက်ပြ နှုတ်ဆက်လိုက်နဲ့ နောက်ဆုံးလက်မြောက်အရှုံးပေးခဲ့ရ။ `ကဲပါ၊ မီးခြစ်ခြစ်၊ ငါဆေးလိပ်သောက်မယ် မိန်းကလေး´ မအိပ်ပဲမက်တဲ့ အိပ်မက်မို့ ခင်ဗျားတို့ အလေးမထားကြဘူးမလား။ တဆိတ်လောက် မေးဦးမယ်။ ကြယ်တွေ စုံပြီလား။   လေးထောင့်ဆန်တဲ့ လူတစ်ယောက်ရောက်လာတယ်။ အဝိုင်းဆန်တဲ့ စကားတွေကိုတော့ ခင်ဗျားမပြောသင့်ဘူး။ ညနဲ့မတူတဲ့ ညမို့ မအိပ်မိတာ ကျွန်တော့်အပြစ်လားဗျာ။ ပြောကြစမ်းပါဦး။ အရက်တစ်ခွက်ထဲကို ဒိုက်ပစ်ရေးကူးလိုက်တော့ ခြောက်ကြိုးလုံးပြတ်သွားတယ်။ လေကိုအလေးမထားပဲ ပျံသန်းနေတဲ့ ငှက်လားခင်ဗျားက။ ရေကိုမသောက်တတ်ဘဲ ကူးနေတဲ့ ငါးလားခင်ဗျားက။ ခုနေများ ကြယ်တွေကြွေသွားရင် ဘာကိုမှ မပြောတော့ဘူး။ စုံသွားပြီ။ အားလုံးပေါင်းလိုက်တော့ […]


    ပြီးခဲ့သော တနင်္ဂနွေကတည်းက ကျွန်တော့် စာအုပ် အဟောင်းများကို ရှင်းရန် ကြိုးစားခဲ့သော်လည်း မရခဲ့။ အမှန်တော့ ယခုတစ်လလုံးသည် ကျွန်တော့်အတွက် မအားခဲ့ပါ။ တနင်္ဂနွေတစ်ရက်သာ ပိတ်သော ကျွန်တော့်အတွက် လုပ်စရာတွေကို ထိုရက်တွေမှ လုပ်ဖြစ်နိုင်သည်။ သို့သော်ကား တနင်္ဂနွေတိုင်းလိုလို ယခုလတွင် အပိုချိန်ဆင်းနေရသောကြောင့် ပြီးခဲ့သော တနင်္ဂနွေတွင် အားပြီဖြစ်၍ စာအုပ်များရှင်းရန် စိတ်ထဲ သတ်မှတ်ထားခြင်း ဖြစ်လေသည်။ ဖြစ်ချင်တော့ ထိုတနင်္ဂနွေတွင်လည်း သူငယ်ချင်းတစ်ဦး၏ ဆိုင်ဖွင့်ပွဲ ဖိတ်စာ ဒီဇိုင်းဆွဲရန် ကူညီနေရသဖြင့် ဒီတစ်ပတ်မှ ကျွန်တော့် စာအုပ်ဟောင်းများကို ရှင်းလင်းရေး လုပ်နိုင်တော့သည်။ ရှင်းမယ်ဆိုတော့လည်း စာအုပ်ဟောင်းများက ဖုံတစ်လုံးလုံးဖြင့် ခပ်နွမ်းနွမ်း ကျွန်တော့်ကို ကြိုဆိုနေကြပါသည်။ အချို့စာအုပ်များသည် ဝတ္ထုစာအုပ်ဟောင်းများဖြစ်၍ အချို့မှာ သိပ္ပံဆိုင်ရာ စာအုပ်များနှင့် ကွန်ပျူတာ […]


  ၁။   ကျွန်တော် သွားခဲ့သည်။ ကျွန်တော် သွားနေသည်။ ကျွန်တော် သွားလိမ့်ဦးမည်။ သွားနေသော ကျွန်တော်သည် သွားနေကြောင်း သေချာစေရန် စမ်းစစ်ကြည့်ရန် လိုအပ်ပါသလား။ သို့မဟုတ် အဘယ့်ကြောင့် သွားရန် လိုအပ်ပါနည်း။ “ဟေ့ … ဘယ်သွားမလို့လဲ” “ဟေ့ … ဘယ်က ပြန်လာတာလဲ” မေးခွန်းတစ်ချို့က ကျွန်တော့်ထံ ခန့်ခန့်ညားညား ဝင်ရောက်လာကြပါသည်။ ကျွန်တော် ဖြေရန်လိုအပ်ပါသည်။ သို့သော် ထိုမေးခွန်းများထက် ပိုခက်သော မေးခွန်းက နောက်ဆုံးမှ တိတ်တိတ်လေး ဝင်ရောက်လာခဲ့ဖူးသည်။ “ဟေ့ … ဘာကြောင့် သွားနေတာလဲ” ကျွန်တော် တိတ်ဆိတ်သွားမိသည်။ ဟုတ်ပါသည်။ ကျွန်တော် ဘာကြောင့် သွားနေပါသနည်း။ ထိုမေးခွန်းသည် သွားရန်မလိုအပ်သဖြင့် မေးသော မေးခွန်းပေလော။ သို့တည်းမဟုတ်ပါက သွားနေခြင်းကို […]


သုရွင္December 1, 20121min32114
မိုးကုတ်ဆောင်းက အေးလွန်းလှပါတယ်။ မြူနှင်းငွေ့လေးတွေနဲ့ ခပ်ဝေဝေ  မိုးကုတ် ဆောင်းည တွေကို မေ့ဖျောက်ပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အေးလွန်းလို့ ဖိုပြီး ဝိုင်းလှုံ ခဲ့ကြတဲ့ မီးပုံလေးတစ်ခုဘေးမှာ ဂီတာ နှစ်လက်နဲ့ သူငယ်ချင်းတွေ ညသန်းခေါင်ကျော်လို့ကျော်သွားမှန်းမသိ အောင် သီဆိုဟစ်ကြွေးခဲ့ဖူးတယ်။ ထင်းရှုး မျှင်တွေကိုလည်း လောင်စာအဖြစ် ထင်းရှုးကိုင်းခြောက်တွေနဲ့ ဖိုထားတဲ့ မီးပုံထဲကို ပစ်ထည့်ခဲ့ကြဖူးတယ်။ ကြာတော့ကြာခဲ့ပါပြီ။ တောင်တွေပတ်ချာလည်ဝိုင်းထားတဲ့ မြို့။ မြို ရဲ့ အသည်းနှလုံးကို ဖြတ်စီးသွားတဲ့ ရေနီချောင်းလေး။ ပတ်လည်ဝိုင်းထားတဲ့တောင်တွေ ထိပ်က ထုံးဖြူဖြူစေတီလေးတွေ။ ကျွန်တော်တို့ မိုးကုတ်မြို ့ဟာ မာန ကင်းတဲ့ ကြီးကျယ်မှုနဲ့ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းသူတို့ စံပျော်ရာ။ရုပ်ရှင်ထဲကလို မီးပုံဘေးမှာ လူတွေစုပြီး အိုးစည်ဗုံမောင်းတီးခေတ်ကခုံနေကြတာမျိုးမဟုတ်ပါဘူး။ သူငယ်ချင်း လေးတွေစုပြီး တိုးတိုးသက်သာ ဂီတာတီး […]


kotun winlattSeptember 15, 20121min15413
          အချိန်တို့သည် တရွေ့ရွေ့ဖြင့် ပုံမှန်ခရီးဆက်နေကြ၏။ အချိန်နာရီများ၏ စီးဆင်းမှုတွင် အချို့သည် အလိုက်သင့် စီးမျောလျက် အချို့သည် ရုန်းကန်လှုပ်ရှားလျက် ဖြတ်သန်းနေကြချေ၏။ ကျနော်သည်ကား အချိန်၏ ပုံမှန်ခရီးစဉ်တွင် အလိုက်သင့်မျောပါသည့်အခါ မျောပါပြီး ရုန်းကန်လှုပ်ရှားသည့်အခါ ရုန်းကန်လှုပ်ရှားလျက် တရွေ့ရွေ့ ခရီးနှင်နေခဲ့သည်။ ကျနော့်အား ဖြတ်သန်းသွားသော သို့မဟုတ် ကျနော်ကဖြတ်သန်းခဲ့သော အချိန်တို့ကို စောင်းငဲ့ ကြည့်ရှု့မိလေသောအခါ အချို့အချိန်များကို စက်ဆုပ်ရွံရှာမိသလို အချို့အချိန်များကို နှမြောတမ်းတမိပါသည်။ သို့သော် ထိုအချိန်များကို ကျနော်ပြန်ပြီး မရောက်ရှိ မပိုင်ဆိုင်နိုင်တော့ပါ။ မနေ့က အကြောင်းအရာတို့သည် အတိတ်ကာလဖြစ်ပြီး မနက်ဖြန်ကြုံရမည်တို့သည်ကား အနာဂတ်ကာလများ မဟုတ်ပါလား။ ကျနော့်မှာ မနေ့ကနှင့် မနက်ဖြန် အကြောင်းအရာများပေါ်တွင် နစ်မြောနေမိတတ်ပြီး ယနေ့အကြောင်းအရာများကို မလုပ်ဆောင်ဖြစ်ပဲ ရှိနေတတ်၏။ ဒါသည်ပင်လျှင် အန္ဓပုထုဇဉ်၏ သဘောပေလော။ ကျနော်ဖြတ်သန်းလာခဲ့သော […]


  ဒီနှစ်အတွက် ရန်ကုန်မိုးရာသီသည် ထုံးစံအတိုင်း နေ့တိုင်းလိုလို မိုးရွာသွန်းနေပါသည်။ တစ်ရက်မှ မပျက်ဘဲ နှစ်ပတ်တိတိ ရွာသောအခါ လမ်းပေါ်တွင် မိုးရေများနှင့် ရေမြောင်းများမှ လျှံတက်လာသော ရေဆိုးများ ရောက်လို့လာတော့သည်။ ၎င်းရေထဲတွင် လူများ လမ်းလျှောက်ကြရသည်။ ကားများ မောင်းနှင်ကြရသည်။ ရန်ကုန်သည် မိုးရာသီ၏ ညစ်ညမ်းမှုကို အစဉ်အလာမပြတ် ထိန်းသိမ်းနေသလားဟု တွေးဖြစ်လိုက်သေးသည်။ ခုတော့ ဘားလမ်းတစ်နေရာတွင် အရောက် ကျွန်တော့် ဖိနပ်သည် မိုးရေစိုပါများ၍ ထင်သည်။ ပြတ်သွားလေပြီ။ ဖိနပ်ပြတ်သောအခါ ထုံးစံအတိုင်း စီးလို့ ရမရ၊ ပြန်လည်၍ ကော်ကပ်ရမရ ကြည့်ဖြစ်သည်။ မဖြစ်နိုင်တော့ပါ။ ထိုအခါ ဖိနပ်နှစ်ဖက်လုံးကို လမ်းဘေး တစ်နေရာတွင် ထား၍ ခြေဗလာလျှောက်ရမည်သာ ဖြစ်သည်။ သို့သော် ကျွန်တော့်မှာ ဖိနပ်ကို သေချာကြည့်ဖြစ်နေသည်။ ပြန်လည် […]