kotun winlattSeptember 7, 20125min23816
        “မောင်လေး မမအတွက် ခေါင်းကိုက်ပျောက်ဆေးဝယ်ပေးဦး” မမကြီးမှ အိမ်တွင်ရှိသော အထွေးဆုံးမောင်အား ဈေးဝယ်ခိုင်းခြင်းဖြစ်သည်။ မောင်နှမ လေးယောက်တွင် အငယ်ဆုံး ဖြစ်ပြီး ယောက်ျားလေး တစ်ယောက်သာ ပါသောကြောင့် မိသားစု၏ အလွန်ချစ်ခြင်းခံရသည်။ မမကြီး၏ ခိုင်းစေချက်ကြောင့် ဈေးဝယ်သွားရန် ဆိုင်ကယ်ပေါ် တက်ခွနေသော မောင်လှထုံအား         “နေဦး မောင်လေး ခေါင်းကပ် ပလာစတာပါ ဝယ်ခဲ့နော်” ထိုစကားကြောင့်         “ခေါင်းကပ်ပလာစတာလား အနာကပ်ပလာစတာလား” မောင်လှထုံမှ သေချာရန် ထပ်မေးသည်။ မမကြီးကလည်း သေချာပြန်ဖြေလိုက်ပါသည်။ ခေါင်းကပ်ပလာစတာပါ။ မောင်လှထုံမှလည်း ဝယ်လာခဲ့ပါသည်။ ခေါင်းကပ်ပလာစတာပဲ ဖြစ်ပါသည်။သို့ပေမယ့် ခေါင်းကိုက်ပျောက်ဆေးကဖြင့် ပါမလာတော့ပါ။ တစ်ခုမက […]


kotun winlattAugust 30, 20122min60433
ဒီနေ့တော့ ကျနော်ညနေပိုင်းမှာ လမ်းလျှောက်ထွက်ရင်း လယ်ထဲက အိမ်ပြန်လာတဲ့ နွားလှည်းနဲ့ လယ်သမားကြီးကို တွေ့လို့ နောက်ကနေရိုက်လိုက်တာ.. (ဟဲ.. ဓာတ်ပုံနော်..ဓာတ်ပုံ….)  ဒီလို လှည်းအိမ်မပါတဲ့ နွားလှည်းမျိုး မြင်ဘူးအောင်လို့ပါ… ကျနော် ကျောင်းတက်တုန် ကျနော်တို့ဘက်က နွားလှည်းတွေမှာ ဘရိတ်တပ်ထားတယ်..ဆိုတာကို မယုံကြဘူးတဲ့လေ… ခုလည်း ကျနော်တို့ဘက်မှာ လှည်းအိမ်မပါပဲ မောင်းတယ်ပေါ့ဗျာ..ဒါမျုးလှည်းကိုတော့ လှည်းကတုံးလို့ ခေါ်သဗျ..   ဒါလေးကတော့ လမ်းလျှောက်ရတာ ခြေညောင်းလာလို့ ထိုင်နားရင်း လက်ကမြင်းမိလိုက်တဲ့ပုံလေးပါ.. အဝေးက စပါးပင် စိမ်းစိမ်းလေးတွေ တောတန်းလေးတွေကို ကျနေက ထိုးနေတာလေးကို သဘောကျမိပါရဲ့…..   ဒီပုံလေးကတော့ တိမ်တွေလှတာနဲ့ ရိုက်လိုက်မိတာ ကောင်းကင်ပြာကြီးရယ် တိမ်ဖြူဖြူလေးတွေရယ်…စပါးပင်စိမ်းစိမ်းလေးတွေရယ်ကို ပေါင်းစပ်ကြည့်လိုက်တာပေါ့ခင်ဗျာ….   ဒီနှစ်ပုံကတော့ ကျနော့်ကို အလွမ်းပိုစေပါတယ်.. ဒီမင်းဝံတောင်တန်းကြီးနဲ့ ညနေချိန် အိပ်တန်းပျံငှက်တွေကို မြင်ရပြီး […]


 ကျွန်တော်တို့ကမ္ဘာကြီးမှာလည်း သာမာန်မျက်စိနဲ့ မြင်နိုင်စွမ်းမရှိတဲ့ အလွှာရှိတယ်။ ခရမ်းလွန်းရောင် ခြည်ဆိုတဲ့….. နေအလင်းရောင်မှာပါတဲ့ ရောင်ခြည်တွေနဲ့ အပူတွေကိုကာကွယ်ပေးထားတဲ့ အိုဇုန်းလွှာပေါ့..။ ကျွန်တော်တို့နေတဲ့ ပတ်ဝန်းကျင်မှာ မမြင်ရတဲ့အလွှာတွေပိုများတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့မှ ကျွန်တော် သိခဲ့ရတယ်။                              *********************************************           ကျွန်တော့်ဘဝရဲ့ ပထမဆုံးသူများလက်အောက်ခံ အလုပ်လုပ်သောအချိန်ဖြစ်သည်။ အမေကျန်းမာရေး မကောင်းတာနဲ့ပဲ ဆယ်တန်းကိုကျွန်တော်တစ်နှစ်အောက်ခဲ့ရသည်။ နောက်တစ်နှစ်… တက္ကသိုလ်ဝင်တန်းကျူရှင်မတက်ခင်ပေါ့…..။ လူများတကာအဖေလို့ခေါ်နေချိန်တွင် ကျွန်တော့်တွင် အဖေဆိုသည့်ပုံရိပ်အား အရိပ်ငွေ့ငွေ့ဖမ်းနေရတုန်းပင်။ အဖေမိသားစုအပေါ်ခွဲခွာသွားသည့်အချိန်သည် ကျွန်တော်တို့အိမ်တွင် ပြက္ခဒိန်(၁၄)ခုလောက်ပင် ကုန်သွားပေပြီ။ မိသားစုဝင်ငွေကာမိရန် ကျွန်တော့်အား အဖေ့မိတ်ဆွေဆိုသည့် လူမျိုးခြားတစ်ယောက်ထံတွင် နေ့စားအလုပ်ဝင်လုပ်ခဲ့ရသည်။ ထိုအချိန်တွင် ကျွန်တော့်ဘဝ၏ပတ်ဝန်းကျင်သည် အုံ့မှိုင်းမှိုင်းနှင့်သာအချိန်ကုန်ခဲ့ရသည်။ အလုပ်ခန်းဆိုသော တိုက်ခန်း ကျဉ်းကျဉ်းလေးထဲတွင် အားကစားပစ္စည်းအကြမ်းထည်များအား ကော်ပတ်များဖြင့် သံချေးများအားတိုက်ကာ လုပ်ရသောအလုပ်သည် ကျွန်တော့်ဘဝတွင် ကျွန်တော့်အတွက်ပထမဆုံးအလုပ်ဖြစ်ခဲ့ရသည်။ တစ်ရက်(၅၀၀) ဖြင့် တစ်ပတ်နေလျှင် ငွေ(၃၀၀၀)ရသော လူမျိုးခြားတစ်ယောက်၏အလုပ်တွင် […]


kotun winlattAugust 29, 20123min26428
မနေ့က ကျနော်တို့ရွာကို ဖြတ်သန်းသွားတဲ့ မန္တလေး မြစ်ကြီးနား ရထားလမ်းတစ်လျှောက် ညနေပိုင်းကို လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်…။ မီးရထားလမ်းရဲ့ ဘေးဘက်မှာ စပါးပင်တွေကစိမ်းစိမ်းစိုစို အရှေ့ဘက်က မင်းဝံတောင်တန်းကြီးက ပြာမှိုင်းမှိုင်း ညနေချိန် အိမ်တန်းပြန်ငှက်တို့ကလည်း ကောင်ကင်ပေါ်က တိမ်တိုက်တွေနဲ့ အတူ စိတ်ချမ်းမြေ့စရာကောင်းလှ၏။ မီးရထားသံလမ်းတစ်လျှောက် လမ်းလျှောက်ရင်း လတ်ဆတ်သော လေကို ရှုရှိုက်လိုက်ပြီး ရှု့ခင်းတွေကို ငေးမောကြည့်နေမိသည်။ ကင်မရာပါမလာသည့် အတွက် ညနေခင်း အလှတွေကို ကြည့်ရှုခံစား ငေးမောပြီးသာ နေရလေသည်..။ နောက်တစ်နေ့ ညနေမှ ကင်မရာယူလာပြီး ပုံလေးတွေကို ရိုက်ဦးမည်ဟု အားခဲထားခဲ့သည်….။ ဒီနေ့တော့ ကင်မရာကိုယူပြီး ကျနော်လမ်းလျှောက်ထွက်လာခဲ့သည်။ မီးရထားသံလမ်းတစ်လျှောက် လျှောက်လာနေရင်း ညနေပိုင်း အိမ်ပြန်လာသူ အထမ်းသမားမိန်းမကြီးနှစ်ယောက်ကို တွေလိုက်ရသည် တိမ်တိုက်တွေ တောင်တန်းပြာတွေနှင့် ပနံသင့်နေသည်မို့ ဓာတ်ပုံတစ်ပုံရိုက်လိုက်မိသည်။ ဆက်လျှောက်လာတော့ လမ်းလေးကဖြောင့်နေပြီး […]


kotun winlattAugust 25, 20122min1319
  သူ့နာမည်က ပန်ပန်။ သူမက အရမ်းလှချင်သူ တစ်ယောက်ပေါ့။ မ-လှချင်လို့ ပြောရမှာပါပဲ။ အရမ်းလှချင်ပေမယ့် သူ့ရုပ်က မလှရှာပါဘူး။ အသားကညိုညို အဆီပိုသနဲ့ မျက်လုံးကမှေး နှုတ်ခမ်းသေးနဲ့။ သူမက ငယ်ငယ်ထဲက လှချင်ရှာတာ။ ငယ်ငယ်ကဆို သနပ်ခါးများ လူးလာပြီဆို မျက်စိပေါက် မမြင်နိုင်အောင်ပါပဲ။ မျက်နှာပေါ် ပဲဟင်းအိုး မှောက်ကျထားသလား မှတ်ရတယ်။         အသားကလည်း ဖြူချင်ရှာသေးတယ်။ လူကြီးတွေက အသားဖြူချင် ရေများများချိုးရတယ်လို့ ကျီစယ်တာကိုပဲ သူ့ခမျာ အဟုတ်အမှန် မှတ်နေပြီး အိမ်ဘေးနားချောင်းက ဆည်မှာ ငုတ်ငုတ်ပြီး ချိုးလိုက် ချမ်းလာပြီဆို ကုန်းပေါ်တက် နေလှမ်းလိုက်နဲ့က အသားတော့ ဖြူမလာတဲ့အပြင် ပိုလို့သာ မည်းလာတော့တယ်။ အဲ့ဒီအတွက် နာမည်သစ်တွေတော့ ရလာပါတယ်။ တစ်ခုက […]


  (၁)   ကျွန်တော်ဟာ ငယ်ငယ်က ကျားကစားခြင်းကို ဝါသနာကြီးခဲ့ဖူးသည်။ ကျားကစားခြင်းအလေ့အထကို ကျွန်တော့် အဘိုးဆီက ရခဲ့ခြင်းဖြစ်သည်။ အဘိုးသည် ကျွန်တော့်ကို ကျားကစားနည်းသင်ပေးပါသည်။ ကျွန်တော် ခြောက်နှစ်သားလောက်ကတည်းက ကျားကစားရသည်ကို ဝါသနာပါခဲ့ပါသည်။ အဘိုးကို အနိုင်ရဖို့ ကျွန်တော် အပြင်းအထန် လေ့ကျင့်ခဲ့သည်။ သို့သော် မနိုင်ခဲ့ပါ။ အဘိုးက ကျား သုံးကောင်ကျ အသာစီးပေးကစားသည်ကိုပင် ကျွန်တော် မနိုင်ခဲ့ပါ။ ရှုံးခဲ့ပါသည်။ ထို အရှုံးကို ကျွန်တော် လက်မခံချင်ခဲ့ပါ။ ထို့ကြောင့် ကျွန်တော်ရှုံးခါနီးတိုင်းတွင် ကျားကုန်ပြောင်းဆော့ပါသည်။ (ကျားကုန်ဆိုသည်မှာ အရင်ကုန်တဲ့သူ နိုင်ပါသည်။) တစ်ခါ တစ်ခါကျတော့လည်း အဘိုးဘက်က ကျားကို ကျွန်တော် ခိုးပါသည်။ အဘိုးက မျက်စိမကောင်းပါ။ မြင်သည့်အခါ မြင်သော်လည်း မမြင်သည်က များပါသည်။ ထိုသို့ဖြင့် […]


kotun winlattAugust 23, 20121min1369
ကျနော်ဒီရက်ပိုင်းများအတွင်း ပျင်းရိငြီးငွေ့နေမိချေသည်။ အကြောင်းပြချက် ရေရေရာရာ မရှိသော်လည်း ပျင်းရိနေမိသည်မှာ အမှန်ပင်…။ ပျင်းရိခြင်းသည် ကောင်းပါသလား ? ငယ်ငယ်က ကြားဘူးတာလေးကတော့ “ပျင်းတယ်ဆိုတာ ကြားရတာသာ မကောင်းတာ အလွန်သက်သာတယ်” ဆိုပဲ နောက်တစ်ခုက လူတွေပျင်းလို့ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာရတာတဲ့လေ…။ ဟုတ်ပါပြီ… ကျနော့်ပျင်းရိခြင်းက သက်သာပါသလား..သို့တည်းမဟုတ် ရုပ်ဝတ္ထုပစ္စည်းတစ်ခုခုကို တီထွင်လိုက်နိုင်ပါသလား..။ အတွေးနှင့်ပင် ပြုံးမိချေ၏။ အလုပ်လုပ်ရမှာ ပျင်းနေပေမယ့် တွေးရမည်ကိုကား  အဘယ်ကြောင့် မပျင်းပါသနည်း။ ပျင်းသည်ဆိုလျှင် စိတ်ရောကိုယ်ပါ အနားယူရမည် မဟုတ်ပါလား။ စိတ်တွေကတော့ မပျင်းပဲ အဘယ်ကြောင့် ပြေးလွှားနေရပါသနည်း။ အင်းးးး ဒါဟာ တစ်ယောက်တည်းနေပြီး တစ်စိတ်တည်းထဲ မထားနိုင်သေးတဲ့ ဘဝမဟုတ်လား။ လူတွေဟာ အိပ်နေချိန်ကလွဲပြီး ကုသိုလ် ဒါမှမဟုတ် အကုသိုလ် တစ်ခုခုဖြစ်နေကြသည်တဲ့..။ ပျင်းနေလျှင် စိတ်တွေက […]


kotun winlattAugust 21, 20125min27424
မိုးသည် လွန်ခဲ့သော လတွေက ကျစ်ကျစ်တောက်ပူခဲ့သော နေ့တွေကို ငြိုးမာန်ဖွဲကာ ရွာနေလေသလား မသိချေ..။ ဒီရက်တွေအတွင်း မိုးက သည်းသည်းမဲမဲ ရွာသွန်းနေချေ၏။ ဝါဆို ဝါခေါင် နွေခေါင်ခေါင်ဟု ပြောင်းလဲရမည် ကဲ့သို့ ဖြစ်နေသော အခြေအနေမှ ဝါဆိုဝါခေါင်ရေဖောင်ဖောင် ဟူသော စကားပုံမှာ တည်မြဲလျက်ပင်…။ မိုးတွေရွာနေသဖြင့် ကျနော် အခန်းအောင်းကာ စာအုပ်ဖတ်နေခဲ့သည်။ ဒီနေ့မနက်မှာတော့ မိုးနည်းနည်း စဲသွားချေပြီ။ မိုးရွာနေသည်မှာလည်း တစ်ပတ်ပင်ပြည့်တော့မည် မဟုတ်ပါလား။ ကျနော် အခန်းအတွင်း စာဖတ်နေရာမှ အပြင်ဘက်သို့ လှမ်းကြည့်မိသည်။ လမ်းမပေါ်တွင် မိုးရေတို့က ဟိုနားတစ်ကွက် ဒီနားတစ်ကွက်နှင့်  အခန်းတံစက်မြိတ်မှ မိုးရေတို့သည် တွဲလွဲခိုကာ တစ်စက်ချင်း မြေပေါ်သို့ ခုန်ဆင်းနေကြပေသည်။ ခမ်းလှမ်းလှမ်းမှ ကုက္ကိုပင်ကြီးမှာလည်း အရွက်စိမ်းစိမ်းလေးများနှင့် အုပ်အုပ်ဆိုင်းဆိုင်း ပြီးတော့ သမဝါယမဆန်စက်ကြီးမှ မီးခိုးခေါင်းတိုင်းကြီးမှာလည်း […]


  ဘာမှ မဟုတ်တော့တဲ့ နေ့ရက်တွေထဲမှာ ဘာမှ မဟုတ်တော့တဲ့ အကြောင်းတွေ ပြောရင်း ကျွန်တော်က ထူးခြားလာတယ်။  သေးသိမ်လာတဲ့ ပုလင်းအဝတွေကို ချဲ့လိုက်ပါ။ အတ္တဟာ ခင်ဗျားတို့ပြောသလောက် အသံမကျယ်ဘူး။ အစွန်းရောက်ခြင်းရဲ့ နောက်ဆုံးမှာ ပီမိုနင်းစာအုပ်တွေ ဈေးပေါနေတာကို အပြစ်တင်နေလိုက်တယ်။ လူဖြစ်ခြင်းမှာ ငါတို့ဟာ လေးညှင်းတစ်ခုရဲ့ အနတ္တ။ လှန်ရင်း လန်းလာတာ လမ်းတွေက လှမ်းကြည့်နေကြတယ်။ ရူပါနဲ့ ဇရာ။ ဖြစ်ချင်တော့ အိပ်မက်တွေက ထပြီး ဈေးဝယ်တယ်၊ ထမင်းချက်တယ်၊ အဝတ်လျှော်နေကြတယ်။ ငါဟာ ပျူလူမျိုးမှ မဟုတ်ဘဲကွယ်။ သမိုင်းကို ငါငြင်းဆန်လိုက်တယ်။ သူစိမ်းတွေကို မသတ်ကြပါနဲ့။ အချင်းချင်းသာ သတ်ကြပါ။ အမျိုးရင်းတွေက သစ္စာတကယ် ဖောက်ကြသလား ကိုလေးဖြူ။ အရှင်းကြီးပဲ .. ခင်ဗျားပြောသလိုဆို အဓိက တရားခံဟာ […]


  (ခ) ဇာတ်လမ်းနဲ့ ဇာတ်ကွက်ဆိုတာ ရှိတယ်။ ဇာတ်လမ်းက Story။ ဇာတ်ကွက်က Plot ။ What Happen ဆိုတာ ဇာတ်လမ်း (Story)၊ How Happen ဆိုတာ ဇာတ်ကွက် (Plot) တဲ့။ ဘုရင်ကြီး နတ်ရွာစံသည်။ ဘုရင်မကြီး နတ်ရွာစံသည်။ (ဇာတ်လမ်း) ဘုရင်ကြီး  နတ်ရွာစံပြီးနောက် ဘုရင်မကြီးလည်း ရင်ကွဲနာကျကာ နတ်ရွာစံရှာသည်။ (ဇာတ်ကွက်) ကျွန်တော့်အိမ်မှာ ကြောင်တစ်ကောင်ရောက်နေတယ်။ ကြောင်က အဝါရောင် ဝင်းဝင်းမို့ အများခေါ်ဝေါ်သလို မိရွှေဝါလို့ ကျွန်တော်က ခေါ်လိုက်တယ်။ “မိရွှေဝါ .. မိရွှေဝါ ..” “ညောင်” ဟု သူထူးတယ်။ မိရွှေဝါဟာ ကျွန်တော့်ကြောင်ကလေး။   (လ) ကြောင်ကလေးက အမလေး။ အထီးမဟုတ်ပါ။ […]


kotun winlattMay 27, 20123min1498
မပြုပြင်မီက စာသင်ဆောင်လေး  ပြုပြင်ပြီးနောက် စာသင်ဆောင်လေး စာသင်ဆောင်လေးရှိရာနေရာမှာတော့ ပရိတ်သတ်တွေနဲ့ တော်တော်စည်ကားနေပါပြီ… ဆောင်းဘောက်ကြီးတွေနဲ့ သီချင်းတွေဖွင့်ထားသလို ဒိုးပတ်ဝိုင်းကလည်း သီချင်းတွေနဲ့ အပြိုင် တီးခတ်နေကြပါတယ်…ရွာသူတစ်ယောက်ကတော့ ဒိုးပတ်ဝိုင်းထဲမှာ ဝင်ကနေပါ ပြီ..ကလေးတွေကလည်း ဟိုနားတစ်စု ဒီနားတစ်စု ပြေးလွှားကစားတဲ့သူ ကစား ဒိုးပတ်သံ သီချင်းသံတွေနဲ့ အပြိုင် ကတဲ့ ကလေးက ကပေါ့…။ မဏ္ဍပ်လေးထဲမှာတော့ မုန်းဟင်းခါးကို အားရပါးရစားနေကြတဲ့ သူတွေလည်း မနည်းပါဘူး။ ဒီလိုမြင်ကွင်းတွေနဲ့ မနက်ခင်းလေးဟာ တော်တော်ကိုကျက်သရေမင်္ဂလာရှိလှပါတယ်…။ ကျနော်လည်း ကင်မရာလေးကိုင်ပြီး ပုံလေးတွေကို တစ်ပုံပြီးတစ်ပုံ လက်ဆော့နေတော့တာပေါ့..။ ကျောင်းဖွင့်ပွဲဆီကို သတင်းယူဖို့ လာတဲ့ သတင်းထောက် တွေလည်း ရောက်လာပါတယ်…။သူတို့ကတော့ ဘယ်ဂျာနယ်တွေကို ပို့ကြမယ်မသိ..။ ကျနော့်ကိုလည်း တောင်မေးမြောက်မေးလျှောက်မေးနေပါတယ်…။ ကျနော်ကလည်း သိသမျှလေး တွေဖြေပေးပေါ့..နောက်ပြီး သူတို့ကို သိချင်ရင် ဆရာတော်ဦးအာဒိစ္စကို […]


kotun winlattMay 25, 20122min1076
ညပိုင်းက အိပ်ရာဝင်နောက်ကျခဲ့ပေမယ့် မနက်ပိုင်းကိုတော့ စောစောနိုးနေခဲ့ပါတယ်…. အိပ်ရာကထပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး သူငယ်ချင်းဆီသွားကြဖို့ ဖုန်းဆက် ခေါ်လိုက်ပြီး ယူသွားရမဲ့ ပစ္စည်းတွေစုံမစုံသေချာအောင် စစ်ဆေးနေမိတယ်… ကင်မရာ ကျနော်တို့အဖွဲ့အမည်ပါ ဗီနိုင်း အစရှိတဲ့ ပစ္စည်းလေးတွေကို ပါမပါပေါ့.. ကျနော်ပစ္စည်းတွေ စစ်ဆေးနေဆဲ သူငယ်ချင်းက အိမ်ရှေ့ကနေ ဆိုင်ကယ်ဟွန်းသံပေး ပြီး ရောက်ရှိကြောင်း အချက်ပြလာတော့ ကျနော် ကျောပိုးအိတ်လေးဆွဲကာထွက်လာ ရတာပေါ့။ သူငယ်ချင်းဆိုင်ကယ်နောက်ကနေလိုက်ပြီး ကျနော်လုပ်ရမဲ့ အစီအစဉ်တွေကို ခေါင်းထဲမှာ အဆင်ပြေပြေဖြစ်စေဘို့ တစ်ခုချင်း တစ်ခုချင်း အစီအစဉ်ချနေမိတာ့.. အချိန်က မနက်လေးနာခွဲမို့ လမ်းမှာ ဈေးရောင်းလာကြသူတွေကလွဲလို့ ရှင်းနေပါတယ်.. ကျနော့်ရွာကနေ ကရင်ရွာလေးကို ဆိုင်ကယ်နဲ့ မိနစ်နှစ်ဆယ်လောက်တော့ စီးရတာပါ.. ကရင်ရွာလေးကိုရောက်တော့ ဘုန်းကြီးကျောင်းကိုတန်းသွားပြီး ချက်နေပြုတ်နေကြတာလေး ကို အရင်မှတ်တမ်းဓာတ်ပုံရိုက်လိုက်ပါတယ်… ပြီးမှ ဘုန်းကြီးကျောင်းပေါ်တက် […]


kotun winlattMay 23, 20122min1728
အိမ်ဦးခန်းမှ အမေ၏ ဘုရားရှိခိုးသံကြောင့် ကျနော်အိပ်ရာမှ နိုးလာသည်။ ခေါင်းရင်းမှ နာရီကိုကြည့်မိတော့ နံနက်လေးနာရီထိုးချေပြီ။ ကျနော် အိပ်ရာမှ ကမန်းကတတန်းထလိုက် ၏။ ဒီနေ့ ကျနော်သွားစရာရှိနေသည် မဟုတ်လား။ မနေ့ကတည်းက အစီအစဉ်တွေကို အမြန်ရေးဆွဲခဲ့ရပြီး ဒီနေ့မှာ အားလုံးအဆင်ပြေစေရန် ကျနော်ရှိနေမှ ဖြစ်ပေမည်။ ဒီပွဲကို စီစဉ်သူ ဆရာတော် ဦးအာဒိစ္စဝံသက ကျနော်အား အလုံးစုံလွဲအပ်ထားခဲ့၏။ ဒီပွဲဖြစ်မြောက်အောင် အားထုတ်ခဲ့ရသည်များကို ကျနော်ပြန်တွေးနေမိချေသည်။ ပွဲဆိုလို့ ရှင်ပြုပွဲ မင်္ဂပွဲတော့ မဟုတ်ပါ။ ဆရာတော်နှင့် ကျနော်၏ ကြိုးပမ်းအားထုတ်မှု ကြောင့် ပြင်ဆင်ပြီးစီးသွားခဲ့သော စာသင်ဆောင်လေးအား ရပ်ရွာသို့ လွဲပြောင်းပေးအပ် ကြမည့်ပွဲလေးပင်..။ ဒီစာသင်ဆောင်လေးကို ရွာသူရွာသားတွေ စုပေါင်းဆောက်လုပ်ခဲ့ကြ ပေမယ့် ငွေရေးကြေးရေး မတတ်နိုင်သဖြင့် ဆောက်လက်စကို အပြီးမသတ်နိုင်ပဲ ပစ်ထားခဲ့ ရသည်မဟုတ်လား…။ ကျနော်တို့ […]