fattyDecember 24, 20101min660
ကျနော် တောင်ကြီးကောလိပ်က ပထမနှစ်ပြီးလို့ ရန်ကုန်တက္ကသိုလ်ပြောင်းလာတော့ အဆောင်ချက်ခြင်းမရလို့ အပြင်ဆောင်မှာနေရပါသေးတယ်။ ကျနော်နေတာက စွပ်ကျယ်စက်လမ်းထဲက အမေငြိမ်း ဆောင်မှာပါ။ ဆရာသော်တာဆွေအိမ်နဲ့ ကာတွန်းဆရာကြီး ဦးဖေသိန်း အိမ်ကြားမှာပေါ့။ ၆ မိုင်စွပ်ကျယ်စက်လမ်းထဲမှာ မိန်းကလေးဆောင်တွေ ယောကျာင်္းလေးဆောင်တွေ တရပ်ကွက်လုံးလိုလိုမို့ စီစီကားကားရှိတာပေါ့ဗျာ …။ ညနေဘက်ဆိုရင် လမ်းထိပ်ထွက်လိုက်ရင် အင်းယားကန်ရောက်ပြီလေ …။ ညနေဘက်လမ်းလျှောက်ရင်းအတွဲမရှိသေးတဲ့သူတွေကလည်း သူများအတွဲတွေ အားကျ၊ အတွဲရှိပြီးသားသူတွေကလဲ ကိုယ့်အတွဲနဲ့ကို ကန်ဘောင်ဘေးထိုင်ကြတာပေါ့ …။ ကန်ဘောင်ဒေါင့်က အကြော်ဆိုင်တွေမှာလဲပြည့်လို့ပေါ့ ..။ ကျနော်တို့တော့ ဘူးသီးကြော်ဆိုင် ထိုင်ကိုမထိုင်နိုင်ပါဘူး အမြဲဘိုင်ကျနေတဲ့ကောင်တွေထဲမှာ ကျနော်တို့လဲ အပါအဝင်ပေါ့ဗျာ …။ အပြင်ဆောင်မှာအဲတုန်းကနေကြသူတွေထဲမှာ ဆေးကျောင်းသား ကိုမြင့်မောင် ( ယခု ခွဲစိတ်အထူးကု ရန်ကုန်ဆေးရုံကြီး )၊ နောက် ကိုငွေလေး .. သူကတော့ မြန်မာ့အသံက […]


fattySeptember 29, 20104min870
ကျနော်တို့အရွယ်ကောင်းတုန်းက ဆို နာမည်ကြီး အဆိုတော်တွေက လားရှိုးသိန်းအောင်တို့ သန်းနိုင် ပုလဲ ဘိုဘိုဟန် …အစရှိသဖြင့်ပေါ့ဗျာ .. တလောက the oldies တွေနဲ့ ယနွေခေတ်လူငယ်အဆိုတော်တွေ စုပြီးတပွဲလုပ်သွားသေးတယ် …။ သူတို့အမှတ်တရ ရသလောက်ပုံတွေပါ။ ရုပ်တွေတော်တော်ပြောင်းကုန်ကြပြီလား ..မှတ်မိကြသေးရဲ့လား ..။ အမှတ်တရပေါ့။ အသံလွှင့်ဌာနက interview လုပ်တုန်းက လွှင့်တဲ့ပုံတွေပါ။