alinsettAugust 15, 20142min15111
        ကိုယ့်ကိုယ်ကို ပြန်ဖတ်တာတောင် နားမလည်ဘူး။ ရူးတယ်ပဲဆိုဆို…အိပ်မပျော်ခြင်းနဲ့ ချစ်သူတော်ထားတယ် ။ ကိုယ့်အတ္တကို ဘာသာပြန်လိုက်တော့…မနက်ဖြန်တချို့ပါမလာဘူး။ ဘာသာမပြန်တတ်လို့ လမ်းမထက်မှာ ကျကျရန်ရစ်… အင်း…လက်ထဲက ခဲဖျက်ကလေး အသုံးဝင်ဖို ့… အမှားတွေ လုပ်ရဦးမယ်… ။ ခက်ခက်ခဲခဲ…တွန်းလှဲမှ ပြန်မတ်လာမယ့်သစ်ပင်… ရေ လာလာ မလောင်းနဲ့ကွယ်…ငါက အဆိပ်ပင်… စိတ်ပျက်လိုက်တာကွယ်… မြေပဲဆီနဲ ့…မြေပဲလှော်ပါတယ်ဆိုမှ… ဆီကစစ်ပြီး…ပဲက…တုနေတယ်.. ။ တစ်နေ့တခြား အဲဒီကောင်းကင်ကြီး ပုပ်ပွလာတယ်…။ ရလား…စံပယ်ပန်းရနံ ့တွေ… ပျင်းသွားပြီ… ။ လောကဟာ..အေးခွန်းဟောင်းတွေနဲ ့… ခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်…။ ကဲ….လာ လာ… လာစမ်းပါ… အခု…အိပ်တန်းတက်ကြမယ်… အဲဒီ စံပယ်ပန်းတွေနဲ ့အတူပေါ့… ။     ————————- […]


alinsettAugust 13, 20145min18514
    အထားမှားတဲ့ ဘဝ… အခုတော့ အေးစက်စက် ညနက်ထဲမှာတောင် ဆာလောင်မှုတွေအကြောင်း ကဗျာရေးတတ်ပြီပေါ့။ ကိုယ့်အဖြစ်က အံဩဖို့ကောင်းသားပဲ ။ ———— ညည်းတွားရှိုက်သံကြားက လက်လက်ထနေတဲ့စိတ်ကူးတွေ ချောက်ကမ်းပါးစွန်းကလူငယ်ကို ဆွဲမတင်နိုင်ဘူး… တည့်တည့်ပြောရရင် ဒီလောကဟာ…မာယာများတယ် ။ ———— တခြားသူတွေ ကြယ်စုံညထဲ တွဲလက်တွေနဲ့ပျော်ပွဲဝင်နေချိန်မှာ ကိုယ်ကတော့. . .မှောင်မဲညထဲမယ် ကြယ်တွေစုံတဲ့ည သီချင်းလေးညည်းရင်းးး တိတ်တိတ်လေး စိုလက်တောက်ပရတယ် ကိုယ့်မျက်ဝန်းကလေးကို ကိုယ် သနားတယ် ။ —————— တခြားသူတွေ နာမည်တစ်ခုခုကို ရေရွတ်တမ်းတလိုက်ချိန်မှာ ကိုယ်ကတော့ ပျောက်သွားတဲ့ ကိုယ့်လျှာနဲ့ ခံတွင်းတစ်စုံကို တမ်းတမျှော်လင့်နေရ. . . ဘာပဲဖြစ်ဖြစ်ပါလေ ကိုယ့် မျက်ဝန်းလေးကို ကိုယ် သနားတယ်။ —————– လူကို မှုတ်ငြှိမ်းပြီး မီးခွက်လေးအိပ်ရာဝင်တယ် […]


alinsettAugust 11, 20141min15312
စာသားများ….ထို့အပြင်…ရည်ရွယ်ချက်များ…     ဟောဒီကောင်းကင်တော် ဝတ်ရုံလွှာအောက်မှာ… ငါ့ရင်ခွင်တစ်ခုလုံး…မိုးကြိုးတွေ တဂျုံးဂျုံးပစ်ချခံရ ငါထူငါထ စနစ်နဲ ့… အခါခါလဲကျပေးခဲ့ရတယ်… ။ ———————————————————————   ချစ်သော…နှင်းစက်မှုန်ရီတို ့… ဒီမီးကို…တဟုန်းဟုန်းတောက်ရာမှ ငြှိမ်းလှည့်ပါ… ငါ့ကို ချမ်းသာစေလှည့်ပါ… ။ ငါ့ဆန္ဒပြုသံတို ့တော်လဲ… ငါ့ကို … ငါ ကျိန်ဆဲပြီးလို ့… ငါက ငါ့ကို… ခွင့်လွှတ်ထားပါတယ်..… ။ ———————————————————————   မနေ့ကတွေအကုန်လုံး… အတုံးလိုက်အတစ်လိုက် ကုန်ဆုံးခဲ့ပြီးတဲ့နောက်… ငါ့နှလုံးအိမ်ဟာ… ဓါးလှံယဉ်ကျေးမှုကို ကိုင်ဆွဲ…. မျက်ရည်မဲ ့ ငိုညည်းသံတွေ ပြန့်ကျဲ… စစ်ပွဲပြီးစ…မဟာအောင်မြေလို…အကျည်းတန်စွာလှပခမ်းနားလို ့… တိတ်ဆိတ်ခြင်းနဲ့ဆူညံစွာ… အူအူငွေ့ငွေ ့…. ကျန်ရစ်တယ်… ။ ———————————————————————————————     လေးမြတ်စင်ကြယ်ဖူးသော…ကြယ်ပွင့်များ… […]


alinsettAugust 7, 20143min175218
နည်းနည်း… လျှာရှည်လိုက်ဦးမယ်.. ။   စကားလုံးလှလှ သုံးပြီးပြောရရင်တော့.. ကျွန်တော့်လျှာကို..ကျွန်တော့်ခံတွင်းထဲမှာ…ခဏလေး ပျံသန်းပြခွင့်ပြုပါ…ပေါ့ ။   ဒီလိုပါ… ။ ဂဇက်ထဲ.. ကျွန်တော်.. ဝင်တဲ့ နည်းလမ်းလေးတွေထဲက.. အများအတွက်လည်း..အဆင်ပြေမယ်..ထင်တာလေးတွေ..ပြောပြချင်လို ့ပါ ။ ကျွန်တော်..ပြောပြတဲ့ပုံစံနဲ ့…ဝင်လို ့/ ပြ ု လို ့ရပါလား..ဆိုတာကို… မသိသေးသူ မိတ်ဆွေများအတွက်…. ရည်ရွယ်ပါတယ်..   တကယ်လို ့… အခုလို..ကျွန်တော်ပြောပြနေတဲ့ နည်းလမ်းတွေထပ်… ပိုအဆင်ပြေမယ့်..နည်းလမ်းလေးတွေ… သိထားကြတယ်ဆိုရင်လည်း.. ပြန်ဝေမျှ ပေးစေချင်တယ်နော်.. ။ စကားကြီးစကားကျယ်ပြောရရင်… ပညာဖလှယ်ကြစို ့ပေါ့ဗျာ.. ။ ဟဲဟဲ.. ။ ………………………………   ကျွန်တော် ဂဇက်ကို..ဝင်ပုံ ဝင်နည်း.. ပိုစ့်တွေ ဖတ်ပုံဖတ်နည်း… Comment ပေးပုံပေးနည်း လေး..တချို […]


alinsettAugust 7, 20141min21817
    ဟိုဟိုဒီဒီ…လျှောက်သွားတတ်သူ… ဟိုဟိုဒီဒီရောက်သွားတိုင်း… တွေ ့ရသမျှကို…ဟိုဟိုဒီဒီ…လျှောက်တွေးမိတဲ့သူ.… ။ တွေးမိသမျှကို.. ဟိုလိုလိုဒီလိုလိုနဲ ့…ချ ချရေးပြီး… ဟိုလူဒီလူတွေ… ကိုယ်ရေးထားတာကိုဖတ်ပြီးဘာများပြောကြလေမလဲ..လို ့… သိချင်လာပြန်သူ..… ။ ဒါနဲ ့ပဲ… အခုလိုဟိုဟိုဒီဒီအတွေးတစ်စ… ရေးပြမိပြန်တယ်…ဆိုပါတော့… ။ ……………………………………………………………………………………………………………… ကျွန်တော့်အမြင်တွေပဲ…စောင်းနေလေသလား… ။ ဒါမှမဟုတ်… သူတို ့ သူတို ့…အမြင်တွေကပဲ…စောင်းနေလေသလား.. ။ သေချာတာတော့… ကျွန်တော်က. . . သူတို ့သူတို ့…အများစုရဲ ့ အမြင်ကို… မှားတယ်..လို ့ ပြောရမှာတော့… ခပ်လန့်လန့်ရယ်… ။ အများညီလို. ..”ဤ”ကို”ကျွဲ”လို ့ သံပြိုင်အော်ဟစ်နေကြပြီပဲ… ။ (ဒါမှမဟုတ်… ကျွန်တော်ကများ… ကျွဲကို…ဤ ထင်နေတာလား… ။ အမှန်တရားတော့…ရှိလိမ့်မယ်…) […]


alinsettAugust 6, 20144min21614
ကျနော်တို ့… လူငယ်စာချစ်သူတော်တော်များများရဲ ့ ရင်ထဲထိ..ရောက်အောင် ပို ့နိုင်တဲ ့… စကားလုံးများ ဖန်တီးသူ…   ဆရာတာရာမင်းဝေ (သို ့မဟုတ်)  ရွှေဘုန်းလူ…. ကျနော်တို ့ကို..ခွဲခွဲထားခဲ့တာ… လွန်ခဲ့တဲ့…  2007 ခုနှစ်ရဲ  .August ……မိုးဖွဲတွေနဲ ့..နေ့ရက်ကလေး..တစ်ရက်…. 5 . 8 .2007 . တနင်္ဂနွေ / နေ့လည် 12 း 40 …. ကတည်းက…. ဒါပေမယ့်…  အခုထိ…ကျနော်တို ့သူ့ကို မေ့လို ့မရသေးဘူး.. ။ သူ ့..အနုပညာတွေက… ကြယ်တစ်စင်းလိုပဲ… ကျနော်တို ့ချစ်တဲ ့..စာပေကောင်းကင်မှာ.. လင်းလက်တောက်ပနေဆဲ.. ကျနော်တို ့… အဲဒီ ကြယ်စင်အလင်းတန်းတွေကို.. ဖမ်းဆုပ်ကြည့်ပြီး… ရင်ထဲ..နင့်နင့်နဲနဲ… […]


alinsettAugust 4, 20146min30933
        အဟမ်း… ။ မြန်မာနိုင်ငံကြီး..တော်တော်…တိုးတက်နေပြီ ။ အစိုးရရဲ့ တာဝန်ကျေမှု / ကောင်းမွန်စွာလုပ်ဆောင်နိုင်မှုတွေ ရဲ ့..အကျိုးရလဒ်ပေါ့… ။ မနက်ခင်း….အလုပ်သွားကြတဲ့…အလုပ်သမားတွေလည်း… စိ်တ်လက်ကြည်သာစွာ… ဘတ်စ်ကားတွေလည်း…တိုးမစီးရတော့ဘူး .. ။ လမ်းတွေ ပိတ်ဆို ့နေလို ့…အလုပ်နောက်ကျတာလည်း..မဖြစ်တော့ဘူး ။ လူကြီးလမ်းကြောင်းကို…စောင့်နေရလို ့…ကိုယ်လိုရာဆက်မသွားနို်င်တာတွေလည်း..မရှိတော့ဘူး ။ အရင်တုန်းကလို… မသေသင့်တဲ့ရောဂါလေးတွေနဲ့လည်း…မသေကြတော့ဘူး ။ ပညာရေးစနစ်ဟာလည်း..အရင်တုန်းကလို..မနိမ့်ကျတော့ဘူး ။ မတရားမှုတွေလည်းမရှိတော့ဘူး ။ လမ်းတွေ တံတားတွေဟာလည်း… စနစ်တကျ… ရှင်းလင်းလို ့… ။ လမ်းဘေးဝဲယာမှာလည်း..စည်ပင်စွမ်းကြောင့်… အမှိုက်တစ်စမမြင်ရပဲ…စိမ်းလန်းစိုပြေလို့… ။ ခရီးသွားလာရေးတွေလည်း..အဆင်ပြေ… နိုင်ငံခြားကုန်သွယ်ရေးတွေလည်း.. အဆင်ကိုပြေလို ့.. ။ပြည်သူပြည်သားတွေရဲ ့ ဝင်ငွေနဲ ့ ထွက်ငွေတွေဟာလည်း..မျှတလို ့… ။ […]


alinsettJuly 31, 20142min26618
အမှန်က…ဒီ ဝတ္ထုနာမည်ကို…   ” အလှည့် ”  လို ့…ပေးထားတာပါ ။ ညှစ်နေမယ်လို ့…မပြောလိုက်ဘူး… ဆိုတာက…နောက်တာပါ ။   အောက်မှာ..ရေးထားသမျှက..တကယ် အတည်ကြီးရေးတာနော်… ။ ဖတ်ပြီး..ဝေဖန်ပေးကြပါဦး..လို ့… လေးစားချစ်ခင်စွာ…. ——————————————————————————   (အလှည့်… )   ခွေးအူသံတို ့….နက်နက်ရှိုင်းရှိုင်း ကြားလိုက်ရသည် ။ လေထန်လေရိုင်းတို ့လည်း …. ဟူးဟူရားရားတိုက်ခတ်နေသည်။ သစ်ရွက်ကြွေတို ့…လှုပ်ရှားပြေးလွှားလျက်… ။ လောကသည် မသတီစရာ…အရောင်အဆင်းမျိုးဖြင့် လှလှပပအကျည်းတန်နေ၏ ။   ထိုကဲ့သို ့သော…အချိန်မျိုးမှာဖြစ်စေ/အေးစက်တိတ်ဆိတ်သောအချိန်မျိုးမှာဖြစ်စေ… ကိုယ့် စိတ်နှင့် ကိုယ်… ရုတ်ရုတ်သဲသဲ…ဖြစ်လာတတ်သည် ။ ကိုယ်….ပေါက်တူးကိုကိုင်ပြီး..လျှောက်ခဲ့သည်။ မာကြောကြမ်းရှသော…ကိုယ့်လက်တို ့က ပေါက်တူးကို…မြဲမြံခိုင်မာစွာ..ကိုင်ထားနိုင်သည်မှာအံ့ဩစရာတော့…မဟုတ်တော့ချေ။ ကိုယ့်လက်တို ့သည်…အင်မတန်မှပင်…ချီးမွမ်းထိုက်သော…လက်များဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်….ကိုယ့်လက်တို ့သည်..သာမန်လက်တို […]


alinsettJuly 29, 20147min103744
  ဟိုတလောက… အန်တီ သဲ…တစ်ယောက်… ပိုစ့်တင်ရင်.. စာလုံးကို..အရောင်ခြယ်တာတို ့…စာသားအကြိီးအသေးလုပ်တာတို ့..  မလုပ်တတ်သေးဘူးဆိုလို ့… တခြားသူတွေလည်း (သိပြီးတတ်ပြီးသူတွေကအကြောင်းမဟုတ်.).မသိသေးသူတွေများ ရှိဦးမလား..တွေးမိလို ့… ဒါလေး…တင်ပြရပါကြောင်းးး အရင်က…  အံဇရာအတုံးတို ့… လမ်းညွှန် တင်ပြထားတာ ရှိပေမယ့်…. အခု  ဖုန်းနဲ ့..ဝင်လုပ်တဲ့..လက်ရှိ ပုံစံ နဲ ့.. ပြန်တင်ပြလိုက်တာ ဖြစ်ပါကြောင်းးး အသုံးဝင်မလားလို ့….       ———————- www.mandalaygazett.com ထဲ..  ဝင်လိုက်ရင်.. ပထမဆုံးမြင်ရမှာက..ဒီလိုကြီးဖြစ်နေမယ်..ဆိုရင်… H0me စာမျက်နှာရဲ့..အောက်ဆုံးနားထိ..သွားပြီး….   ———————————————————————————————————————————    Desktop ဆိုတာလေးကို..ကလစ်ပြီး..ခဏစောင့်လိုက်တာနဲ့.. ကွန်ပူတာမှာ မြင်ရသလို… ဟောသလို…. ——————————————————————————————————————————— ကွန်ပူတာမြင်ကွင်းလို..မြင်ရပြီဆိုရင်တော့.. Add new ကို  ရွေးရတာ […]


alinsettJuly 25, 20142min31916
မမမျိုး….ရယ်… ကျွန်တော်လေ… မမမျိုးနဲ့အတူသွားမယ်လို ့ ရည်ရွယ်ထားခဲ့ပေမယ့်… ဒီခရီးကို.. ကျွန်တော်တစ်ကိုယ်တည်း… အရင် ထွက်ခဲ့မိတယ် ။ မထွက်လို ့မဖြစ်တော့လောက်အောင်လည်း… ကျွန်တော့်ဘက်ကအခြေအနေတွေက… ရှုပ်ထွေးခဲ့ပြီလေ… ။ မမမျိုး… သိတဲ့အတိုင်းပဲ…လေ…။ ကျွန်တော်လိုလူက… မွန်းကျပ်လှတဲ့ ဘဝအမောတွေကြားမှာ…ခက်ခက်ခဲခဲ…အသက်ရှင်နေရသူ..။ ကျွန်တော့် စိတ်နှလုံးရဲ ့ ခံနိုင်ရည်ကိုကျော်သွားတဲ့… နာကျင်မှုတွေကို.. အဆက်မပြတ်ကြုံရတဲ့အခါမျိုးမှာ… ကျွန်တော်… ဆောက်တည်ရာမဲ့သွားတတ်တယ် ။ အဲဒီလို… စိတ်ဒဏ်ရာတွေနဲ ့… ပူလောင်မွန်းကျပ်လာတဲ့အခါတိုင်း… ကျွန်တော်.. . ကျွန်တော့် ပတ်ဝန်းကျင်နဲ ့ ဝေးတဲ့ တစ်နေရာရာကို…ပြေးထွက်မိရော…။ အခုလည်း..ကျွန်တော့် စိတ်ခံစားမှုတို ့ အဆုံးစွန်ထ်ိ….ပေါက်ကွဲမထွက်မိအောင်..ထိန်းတဲ့အနေနဲ့… ကျွန်တော် တစ်ယောက်တည်း..ခပ်မြန်မြန်..ပြေးထွက်ခဲ့ရတယ် မမမျိုးရယ်.. ။ တကယ်ဆို..ဒီခရီးစဉ်က… မမမျိုးနဲ ့..နှစ်ယောက်အတူ…ကြည်ကြည်နူးနူးသွားရမယ့် ခရီးစဉ်ပါ ။ အခုတော့.. ကျွန်တော်တစ်ယောက်တည်း… […]


alinsettJuly 24, 20141min38731
အခု… မောင်သူရ…ပြောမယ့်အကြောင်းအရာကတော့… ဂဇက်ထဲဝင်ပြီး… ပိုစ့်တစ်ပုဒ် ရေးရတင်ရတာ..မလွယ် (တော်တော့်ကိုမလွယ်)တဲ ့…အကြောင်းအရာပါ။ ရွာထဲမှာ..ပိုစ့်တင်ဖူးသူတိုင်း…သိကြပါတယ် ။ ပိုစ့်မတင်ဖူးတဲ ့သူတွေနဲ ့/အင်တာနက်မြန်နှုန်းမြင့်တဲ့…နိုင်ငံကြီးတွေမှာ…နေပြီး..ပိုစ့်တင်သူတွေကတော့.. လက်တွေ ့ခံစား/သိမှတ် မိမယ်..မထင်ဘူးဗျာ.. ။ တကယ်ပါ ။ မြန်မာပြည်ရဲ ့ အင်တာနက် မြန်နှုန်းကတော်တော်မြန်ပါတယ် ။ ဘယ်လောက်ထိမြန်သလဲဆိုရင်.. ေလဖြတ်ထားတဲ့ကိုယ်ဝန်ဆောင်ပတ်ကျိတစ်ကောင် ဒေါက်ဖိနပ်စီးပြီးလမ်းလျှောက်တာလောက်ကို.. မြန်တာပါ ။ မောင်သူရတို ့လို… မြန်မာပြည်တွင်းက.. ဂဇက်မန်ဘာတွေ ဟာ..တော်တန်ရုံဇွဲသတ္တိနဲ ့….ဂဇက်ထဲလာနေတာမဟုတ်ပါဘူး ။ တော်တန်ရုံသံယောဇဉ်နဲ့လည်း..မဟုတ်ပါဘူး ။ ဘယ်လောက်ကြာမယ်မှန်းမသိတဲ့..အဝိုင်းလေး..လည်နေတာကို…သေချာထိုင်ကြည့်ပြီး… (အဝိုင်းလေးက…မိနစ်ပေါင်းများစွာ..လည်နေပြီးမှ… တစ်မိနစ် နှစ်ကျပ် (သို့ ..လေးကျပ် …) နဲ ့… ပိုက်ဆံတော်တော် ကုန်သွားပြီးမှ… လိုရာမရောက် ပဲ…တောက်ခေါက်လိုက်ရတာတွေ ခဏခဏဖြစ်ပါတယ် ။ ရွာထဲတစ်ခါရောက်ဖို ့ကို…စိတ်ရှည်ရှည်ထားရပါတယ် ။ […]


alinsettJuly 22, 20141min25420
တော်တော်များနေပြီ…။ ဘာတွေများနေလဲလို့…တကူးတကမေးနေစရာကိုမလိုလောက်အောင်ပဲ။ တော်တော်များနေတာတွေအကြောင်း…ခင်ဗျားတို ့လည်း..ရိပ်မိမှာပါ ။ တခြားကိစ္စတွေအသာထား။ ကျွန်တော်ချစ်သော စာပေအနုပညာနယ်ပယ်ထဲက များနေတဲ့အရာ …။ အဲဒါတွေကိုပဲ… သီးသန့်ပြောမယ် ။ လက်ရှိခေတ်ရဲ ့ စာပေအခင်းအကျင်း အနေအထားကိုကြည့် … ။ အဟောင်းတွေ များနေတယ် ။ လွန်ခဲ့တဲ့ နှစ် ( ၂ဝ )လောက်က ပုံစံအတိုင်းထက်….ဘာမှ ထူးထူးခြားခြား ပြောင်းလဲမလာဘူး ။ ”ကောင်းသောပြောင်းလဲခြင်းကိုမြင်ရမှ…တိုးတက်တယ်”လို ့…ကျွန်တော်ယူဆတယ် ။ ဒီတော့… ”လက်ရှိ”ဟာ…”အရင်တုန်းက”ထက်…ထူးပြီး..ပြောင်းလဲမလာဘူး..ဆိုရင်…အားရစရာမရှိဘူး ။ ဘာလို ့…တိုးတက်မလာလဲ..ဆိုရင်…အဟောင်းတွေနဲ့ပဲ..စခန်းသွားနေလို ့ပေါ့…။ အဟောင်းတွေနဲ့ပဲ…ဘာလို ့ စခန်းသွားနေလဲ…? အဲဒီအဟောင်းအဆွေးတွေကိုပဲ…နှစ်နှစ်ကာကာ လက်ခံနေကြလို ့ပေါ့… ။ ဟိုသီချင်းလိုပေါ့…”.ဟောင်းပေမယ့်လည်း…ကောင်းနေဆဲပါပဲ…” ပေါ့…။ အဲဒီစာသားကြီးကို…မှားတယ်လို့..မဆိုသာပါဘူး။ တစ်ခုပဲ..ပြောစရာရှိတယ်.. ။ တချိ့အဟောင်းတွေက…ကြာလေ..စုတ်လေပဲ..ဗျ။ ဟောင်းတိုင်းလည်း..ကောင်းမယ်လို့ယူဆရင်တော့…မှားတယ်ဗျာ။ ကျွန်တော်တို […]