အာဂApril 9, 20111min872
နွေ……ရောက်ပြီလေ စာတန်းထိုးပြလိုက်တော့….။ လွယ်အိပ်အနွမ်းကလေး နံရံမှာချိတ် ကျောင်းတံခါးပိတ် ခေါင်းလောင်းသံလေးနဲ့ ကြိမ်လုံးဒဏ်လေးရဲ့ ခေတ္တအဝေးမို့ ဟိုရှေ့က ပိတောက်ပင်အိုလို သူက ကလေးပြီပြီ ပျော်ရွှင်မှုတွေ သူဝေချင်နေပြီလေ။ “မိုးဆိုတာကိုယ်ရွာချင်တဲ့အချိန် မရွာတက်သလိုပဲ” သူက နေ နဲ့လ ၊ ရွှေနဲ့မြ လို မိဘ မျိုးက သန္ဓေတည်ခဲ့တာမဟုတ်တော့ ၁ဝ နှစ်သား ကလေးတစ်ရောက်ရဲ့ ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ သူကလေးသွေးနဲ့ ဖာထေးရင်း… လွယ်အိပ်အနွမ်းကလေး ၊ ပုခုံးမှာချိတ် အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့ သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။ သူကလေး ရင်ထဲမှာတော့ နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို ခြောက်ကပ်နေလေရဲ့…။ (ဘဝဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ အရည်ပျော်ကြစေနိုင်တာပဲလို့ ဒီကလေးလေးတစ်ယောက် […]


အာဂFebruary 14, 20111min541
အောက်ပါကဗျာလေးကတော့ ကဗျာဆရာ စောဝေရဲ့ ၂၀၀၈ ခုနှစ်က ထောင်နန်းစံခဲ့ရတဲ့ ကဗျာလေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒီကဗျာ ကို အချစ်ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဖော်ပြခံရပြီး သိပ်မကြာခင်ကာလမှာပဲ နိုင်ငံတောင်အကြီးအကဲကို စော်ကားမှုနဲ့ ထောင်နန်းစံခဲ့ရတာဖြစ်ပါတယ်။အခုဖေဖေါ်ဝါရီ ၁၄ မှာလည်း အမှတ်တရအနေနဲ့ပြန်လည်ဖော် ထုတ်တင်ပြလိုက်ပါတယ်။ ဖေဖော်ဝါရီဆယ့်လေး အာရင်ဘက်က ပြောတယ် နာ နာခံစားတတ်မှ ခံစားမှ ရူးရူးမူးမူးကို ဖြစ်နေမှ ကြီးမြတ်တဲ့အနုပညာလို့ မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့ သန်းပေါင်းများစွာသော ချစ်တတ်သူများ ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။ စောဝေ 1.10.2008 ကဗျာစာကြောင်းတွေရဲ့ အစစာလုံးတွေ အားလုံးကိုဖတ်လိုက်ရင် အာနာရူးကြီး မှုးကြီးသန်းရွှေ..…..လို့အဓိပ္ပါယ်ရတာကြောင့် ဦးသန်းရွှေက သူ့ကိုထောင်ချခဲ့ပါတယ်။ ဒီအောက်က စိတ်ရဲ့ တံခါးကို ဆေးရောင်အဖြူသုတ်ထားပါ။ ကဗျာလေးကတော့ ကိုစောဝေ အဖမ်းခံရပြီး […]


အာဂFebruary 11, 20111min1023
“လှူတာလည်း လက် ယူတာ လည်း လက်” သူဌေးတစ်ယောက်ရဲ့ လက် က ဘူဇွာ တစ်ယောက်ရဲ့ လက်နဲ့တူသလို ဟစ်တလာရဲ့ သေနတ်ပစ်တဲ့ လက်နဲ့လည်းခပ်ဆင်ဆင်။ အမေ့ရဲ့လက်က မာသာထရီဇာ လက်ဖြစ်ကာ ချစ်သူက ပေါ်လီယာနာ ကလေးရဲ့ လက် မင်းလက်ဝါး ရဲ့ လက်နဲ့ အဖေ့ လက်ဝါး တူညီတယ်။ မြို့စားကြီး ဒရက်ကူလာ ရဲ့ လက်တွေနဲ့ လက်ဖက်ရည် ဆိုင် အတူတူထိုင်ခဲ့ ဖူးသလို ဝင်ပုလွေ လာဆင် လိုလက်တွေနဲ့လည်း အရက် အတူတူ သောက်သုံးခဲ့ဖူးတယ်။ ဒီခေတ်မှာ ပေါများလှတဲ့ ငတက်ပြားရဲ့ လက်တွေ အကြောင်းသိနေသလို စတာလင်လို လက်မျိုး ပိုင်ဆိုင်ချင် သူတွေကိုလည်း မုန်းမိတယ်။ ဂနီ္ဒ ကြီးရဲ့ လက် ကရှားပါးသွားသလို […]


အာဂJanuary 26, 20111min793
တစ် နေရာယူ နှစ် အဆင်သင့် သုံး ကျည်ဆံထည့် လေး မောင်းချိန် ငါး ပစ်နိုင်ပြီ …. စိမ်..။ ငယ်ငယ်ကလိုပေါ့ ဘဝဟာ ပုံသေနည်းကျကျနဲ့ မထုဆစ်ထား ပါဘူး။ နေရာမယူခင် စပြီး ပစ် ရတဲ့ တိုက်ပွဲတွေ ရှိနိုင်သလို ကိုယ်က မောင်းချိန်ပြီးမှ တရစပ် အပစ်ခံရတဲ့ ကိစ္စတွေလည်း ရှိနိုင်တယ်..။ သေချာတာက……..။ ကိုယ်ပစ်မဲ့ ပစ်မှတ်ကိုထိဖို့ ကိုယ့်ကျည်ဆံ ဟာ ဖြောင့်သင့်တဲ့ အချိန်ဖြောင့်လို့ ကောက်သင့်တဲ့ အချိန်မှာ ကောက်ကွေ့ရမယ်…။ လူသားမုဆိုးရဲ့ အဓိက က ပစ်မှတ်ကိုထိဖို့ပဲလေ..။


အာဂJanuary 19, 20111min1055
ကိုယ့် အနာဂတ်ကို နံရံမှာ ရေးခြစ်ထားလိုက်ပါ။ ညီမလေး……….။ ရေသေ မှာ ဆက်လက်မျောဖို့များ စိတ်ကူးနေသလား။ ခဏ တာဆိုတာ ခဏ တာပဲ တစ်ည တာ ဆိုတာ တစ်ညတာလည်း ဆိုပေမဲ့ တစ် ဘဝ စာ တော့ မင်းဘယ်လို့ ပျော်ရွင်နိုင်မလဲ..။ မိသားစု ဘဝ အတွက် တဲ့ လား… မင်း နံရိုးတစ်ချောင်းနဲ့ ဘယ်လောက်ကြာထောက်ထားနိုင်မလဲ..။ ပန်းသီး တစ်လုံးလို ကိုက်စားခံရတဲ့ မင်း ရဲ့ ခန္ဓာကို အသွေးသား။ ဘယ်အချိန်အထိ ….များ..အမှောင်တွေ ကြားထဲ တောက်ပ နိုင်မလဲ။ အမူးသမားတစ်ယောက်ရဲ့ လက်က ထွက်ကျလာတဲ့ ငွေကြေးတွေသောက် မင်း ယစ်မူးနေတာ…မင်း ကိုယ်မင်း လိပ်ပြာသန့်သန့်နဲ့ ပျံသန်းနိုင်ပါ့မလား။ ခေတ်နဲ့ အဖြစ်က […]


အာဂJanuary 13, 20111min1305
ဘဝလိုပဲ ရွေးချယ်ခွင့်သိပ်မရှိ။ လက်မှတ်ကျရာ ခုံမှာထိုင်ပါ။ ကိုယ့်စီးမယ့်တွဲဟာ အထက်တန်းလား၊ရိုးရိုးတန်းလား ကွဲကွဲပြားပြားခြားခြားနားနားသိဖို့တော့လိုလိမ့်မယ်။ ဟိုး..ရှေ့ခုန်က ရွှေမင်းသမီးရဲ့အိမ်ပြန်ခရီးကစိုပြေနေပါလိမ့်မယ်။ ဂျုံးဂျုံးမြည်သံကြားထဲက ဘဝများကတော့ ယိုင်နဲနဲ နှင့်ခရီးဆက်နေပါလိမ့်မယ်။ ဈေးသည်လည်း ဈေးသည်လို အတက် အဆင်းသတိပြုပါ။ ရွှေမင်းသမီးလည်း ရွှေမင်းသမီးလို အတက်အဆင်း သတိပြုပါ။ ကိုယ်ကို်ယ့်ကိုယ်လည်း တက်နေတာလား ဆင်းနေတာလားဆိုတာ သတိပြုပါ။ ခရီးအဆုံးမှာ အကြီးဆုံးဘာဆုရခဲ့သလဲ…….။ ဥဩဆွဲသံက ခရီးဆုံးခါနီးလေ ပိုမိုကျယ်လောင်လာလေပဲ..။ အာဂ။ ။ ၆.၃.၂၀၀ရ နေပြည်တော်-ရန်ကုန် ရထားပေါ်တွင်ရေးသည်။


အာဂJanuary 13, 20111min520
ဆောင်း ရေခဲရေ အရောင်းရခက်အောင် မအေးလိုက်ပါနဲ့…..။ နွေဦး အစက……. အမေ့ အဖျားသွေး…ခုမှ အနည်ထိုင်စမို့ မအေးဖို့ ဆုတောင်း…ငါ့ ရဲ့ ဆောင်းဖြစ်ပါစေ…။ အာဂ။


အာဂDecember 13, 20101min1668
ကမ္ဘာကြီးကလည်း ခပ်လှုပ်လှုပ် မြန်မာ ပြည်က လည်း လှုပ်လှုပ် ရေတွေကလည်း လှုပ်လှုပ် လေတွေကလည်း လှုပ်လှုပ် မြေတွေကလည်း လှုပ်လှုပ် သစ်ပင်တွေ လှုပ်လှုပ် သစ်ရွက်တွေ လှုပ်လှုပ် တရိစာ္ဆန်တွေ လှုပ်လှုပ် လူတွေ လှုပ်လှုပ် စိတ်တွေကလည်း လှုပ်လှုပ် အကျင့် သီလတွေကလည်း လှုပ်လှုပ် ရိုးသားမှုကလည်း လှုပ်လှုပ် အမှန်တရားကလည်း လှုပ်လှုပ် ကောင်မလေးလည်း လှုပ်လှုပ် ကျွန်တော်ကလည်း လှုပ်လှုပ် အချစ်ကလည်း လှုပ်လှုပ် အမုန်းကလည်း လှုပ်လှုပ် ဒီကနေ့လည်း ခပ်လှုပ်လှုပ် မနက်ဖြန်လည်း ခပ်လှုပ်လှုပ် ခပ်သုတ်သုတ်သွား ခပ်သုတ်သုတ်စားလို့ ဘယ်အရာကများ..တည်တည်ငြိမ်ငြိမ် ရှိလဲ..။ ဒေါ သကလည်း လှုပ်တယ် မောဟ ကလည်း လှုပ်တယ် မေတ္တာကလည်း လှုပ်တယ် သစ္စာကလည်း လှုပ်တယ်.။ […]


အာဂDecember 9, 20101min1205
စိုက်ခင်းထဲ… ကျိုးတိုးကျဲတဲ ပိုးထိုးပင်များပမာ မြန်မာပြည်ဟာ သည်းခံနိုင်စွမ်းကြီးခဲ့သလော…။ ငါးနှစ်သား ကလေးက ပလက်ဖောင်းကို ကျောင်းလိုလုပ် ဘဝ စာတွေသင်ယူ တောင်းစားနေသလို အသက် ၅ဝကျော် အရာရှိကြီးကလည်း ဟော်တယ်တွေ၊ အအေးခန်းတွေထဲမှာ တောင်းရမ်းနေတယ်… ဘာများထူးဦးမှာလဲ။ ကျွန်တော်က ခင်ဗျားဆီကတောင်းနေသလို၊ ခင်ဗျားကလည်း အခြားသူဆီက တောင်းဦးမှာပဲ.. ဝမ်းရေးတွက်ဆိုတော့ စစ်ဖိနပ်လည်း နေသားတကျ ၂ဝ နှစ်တိုင် နမ်းတတ်နေခဲ့ပြီပဲ..။ မြန်မာပြည်ဟာ အရင်တုန်းက မြန်မာပြည်မှ ဟုတ်ပါစ…။ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ် ၊ ဂျပန်ခေတ်.. ဘယ်တော့မှ မြန်မာ့ နာမည် မပျက်ခဲ့ဘူး ။ အားလုံးအတွက် လွတ်မြောက်ခြင်း သစ်သီးကို အသက်ပေး ပြီးခူးဝံ့ ကြသူတွေချည်းပဲ…။ ၁၉၆၂ ၊၁၉၈၈၊ ၂၀၀ရ ၊ အခုနာဂစ် က […]


အာဂOctober 21, 20101min1638
ကမ္ဘာကြီးကလည်း ခပ်လှုပ်လှုပ် မြန်မာ ပြည်က လည်း လှုပ်လှုပ် ရေတွေကလည်း လှုပ်လှုပ် လေတွေကလည်း လှုပ်လှုပ် မြေတွေကလည်း လှုပ်လှုပ် သစ်ပင်တွေ လှုပ်လှုပ် သစ်ရွက်တွေ လှုပ်လှုပ် တရိစာ္ဆန်တွေ လှုပ်လှုပ် လူတွေ လှုပ်လှုပ် စိတ်တွေကလည်း လှုပ်လှုပ် အကျင့် သီလတွေကလည်း လှုပ်လှုပ် ရိုးသားမှုကလည်း လှုပ်လှုပ် အမှန်တရားကလည်း လှုပ်လှုပ် ကောင်မလေးလည်း လှုပ်လှုပ် ကျွန်တော်ကလည်း လှုပ်လှုပ် အချစ်ကလည်း လှုပ်လှုပ် အမုန်းကလည်း လှုပ်လှုပ် ဒီကနေ့လည်း ခပ်လှုပ်လှုပ် မနက်ဖြန်လည်း ခပ်လှုပ်လှုပ် ခပ်သုတ်သုတ်သွား ခပ်သုတ်သုတ်စားလို့ ဘယ်အရာကများ..တည်တည်ငြိမ်ငြိမ် ရှိလဲ..။ ဒေါ သကလည်း လှုပ်တယ် မောဟ ကလည်း လှုပ်တယ် မေတ္တာကလည်း လှုပ်တယ် သစ္စာကလည်း လှုပ်တယ်.။ […]


အာဂOctober 1, 20101min1398
ငါ တို့ စစ္စလီကျွန်းမှာ လူမိုက်တွေပေါတယ်။ ဟေ့ ပီလို မင်းရဲ့ အော်စတင်ကား မီးကိုပိတ်လိုက် ဟောဟို မှာ လက်နက်ကိုင် ငနဲတွေကိုတွေ့လား သူတို့က အလင်းရောင်ကိုမကြိုက်ဘူး သူတို့လို အမှောင်ထဲမှာ ငြိမ်ကုတ်ပြီးနေမှ သူတို့က သဘောကျတာ။ မဟုတ်ရင် သူတို့ကျည်ဆံ နှုတ်ခမ်းဝ ကမင်းပါပြင်ကို နမ်းသွားလိမ့်မယ်..ပီလို ငါပြောတာကို နားထောင် ပီလို မင်း စကားကို အော်ကျယ်ကျယ် မပြောနဲ့ သူတို့ က မာဖီယား ဂိုဏ်းသားအကြီးစားတွေပဲ သူတို့ က သူတို့ God Father တွေရဲ့ အရှိန်နဲ့လူတွေကို တွန်းတိုက်နေတဲ့ကောင်တွေကွ။ သူတို့က သူခိုးအကြီးစားတွေပဲလို့မင်းပြောတာမှန်တယ် ပီလို နီကိုးလာစ်ကေ့ က စက္ကန့် ၆ဝ အတွင်း ကား အစီး၆ဝ ခိုးနိုင်တယ်ဆိုတာ […]


အာဂSeptember 29, 20101min20515
မသိအောင် ၊မတတ်အောင် လုပ်ထားခြင်း ခံရလေလေ အလိုလို ကြောက်ရွံ့လေပဲ။ ဆင်းရဲမှာကို ကြောက်လို့ ငတ်မှာကို ကြောက်လို့ သိက္ခာကြမှာကိုကြောက်လို့ ဂုဏ်ငယ်ရှိမှာကို ကြောက်လို့ ကြောက်တတ်တဲ့ ဆွေမျိုးတွေကိုကြောက်လို့ ကြောက်တတ်တဲ့ မိဘတွေကိုကြောက်လို့ ကြောက်တတ်တဲ့ ချစ်သူကိုကြောက်လို့ ကြောက်တတ်တဲ့ ဆရာကိုကြောက်လို့။ ရှူး …တိုး…တိုး…ပြောပါကွာလို့ ကြောက်တတ်တဲ့ သူငယ်ချင်းကသတိပေးတဲ့ စကားကို ကြောက်လို့ ကြောက်တတ်တဲ့ အလုပ်ရှင်ကိုကြောက်လို့ ကြောက်တတ်တဲ့ လူကြီးလူကောင်းကိုကြောက်လို့ သွေးသံရဲရဲတွေကို ကြောက်လို့ သေနတ်တွေ၊ ဓားတွေ၊တုတ်တွေ၊ကြိုးတွေ လှောင်အိမ်တွေ၊ထောက်ချောက်တွေကိုကြောက်လို့ ကြောက်လို့လိုက်လုပ်ရတဲ့သူကို ကြောက်လို့ လုပ်ပိုင်ခွင့်ကလေး ပျောက်သွားမှာကိုကြောက်လို့ ကြောက်လို့…. ကြောက်လို့….. ကြောက်လို့…….. ကြောက်လို့……….အနာဂတ် တစ်ခုလုံး…လုံးပါးပါးခဲ့…။ ကျွန်တော်အပါအဝင် ကြောက်တတ်တဲ့ ပတ်ဝင်းကျင်သာ ကြားဖူးတဲ့ စကားပုံတစ်ခုအတိုင်း ကြောက်တတ်ရင်သိပ်ကောင်းမှာပဲ။ `သူရဲကောင်းတို့ အကြောက်ဆုံးအရာက ကြောက်ရမှာကို ကြောက်တာပါပဲ´ […]


အာဂSeptember 29, 20101min1588
ပြတ်ပြတ်သားသားပြောရရင်ခင်ဗျားကကျွန်တော်မဟုတ်ဘူး။ ခင်ဗျားစီးတဲ့ကားအမျိုးအစား ကျွန်တော်မသိသလို ကျွန်တော်စီးတဲ့ ဖိနပ်တံဆိပ်လည်း ခင်းဗျားသိမှာမဟုတ်ဘူး။ ခင်ဗျားနင်းခဲ့တဲ့ လည်မျိုတွေ ခင်ဗျားမမှတ်မိသလို ကျွန်တော်ကိုတွန်းချနေတဲ့ လက်တွေကိုလဲ မှတ်မိတော့ဘူး။ ခင်ဗျားက လောကဓံကို ဖယောင်းတိုင်းမီးမှုတ်သလို ချူပ်ငြိမ်းလို့ရပေမဲ့ ကျွန်တော်က ဒုက္ခတွေကို တစ်စတစ်စလိုက်ကောက်လို့ မဆုံးဘူး။ ခင်ဗျားဒုက္ခက ကျွန်တော်ဒုက္ခထက် တစ်ခါတစ်ခါ ပိုများနေမလား။ ခင်းဗျားအရာရာကိုဖန်ဆင်းနိုင်တဲ့ နတ်တစ်ပါးဖြစ်သလို ကျွန်တော်က အရာရာမဖြည့်စီးနိုင်တဲ ့လိုအပ်မှုနတ်သားဖြစ်တယ်။ ခင်းဗျားက အမှားကိုအမှန်လုပ်တတ်တဲ့ ပါရဂူ ကျွန်တော်က အမှန်ကို အမှန်မပြောရဲတဲ့ ငကြောက် ကျွန်တော်က သေမှာထက် ငွေမရှိတဲ့ဘဝကိုရောက်မှာပိုကြောက်သလို ခင်ဗျားက ငွေမရှိမှာထက်သေမှာပိုကြောက်တယ်မဟုတ်လား။ ခင်ဗျားနဲ့ကျွန်တော်တူတာဆိုလို့ အချိန်တန်ရင်သေမှာရယ်၊ သောကအကြီးအသေးတွေရယ်၊ အကောင်းမမြင်တက်တဲ့သံသယအချို့ ့ရယ်၊မိသားစုအတွက်ရယ်ပဲရှိတယ်…။ ကဲ ခင်ဗျား…………ကကျွန်တော်နဲ့မတူပါဘူးဆိုနေမှပဲ..။