အာဂNovember 29, 20101min25525
ယနေ့ မျက်မှောက် ခေတ် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ကဏ္ဍတွင် Online သုံးစွဲသူ လူထုသည် နိုင်ငံရေးနှင့် မိမိတို့၏ လွတ်လပ်ခွင့်ကို အထူးအရေးပေးတိုက်ပွဲ ဝင်လာကြသည်ကို တွေ့ရှိရသည်။ ထို့အတူပင် နှစ်ပေါင်းများစွာတိုင် အာဏာရှင် စနစ်အောက် ရိုက်သွင်းခြင်းခံရသော အချို့သော ဦးနှောက်များသည်လည်း လတ်တလော မိမိတို့ကောင်းစားရေးအတွက် Online မှနေ၍ ဒီမိုကရေစီဘက်တော်သားများ ကို တိုက်ခိုက်လာသည်ကို ပူးတွဲတွေ့ရှိလာရပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့ ၏ ချစ်ကြည်ရင်းနှီးစွာ ပျံသန်းနေသော (မန္တလေးဂေဇက် ) လွတ်လပ် သောကောင်းကင်ပေါ်တွင် စစ်အာဏာရှင် တို့၏အစေအပါးများ၏ မီးခိုးမှိုင်းများ တစ်ခါတလေ စွန်းထင်းလာသည်ကို တွေ့ရှိနေရပါသည်။ လွတ်လပ်သော အဖြူရောင် ဒီမိုကရေစီ ကောင်းကင် တွင် ထိုသော အမှိုက် များသည် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် […]


အာဂNovember 22, 20101min23719
နိုဝင်ဘာလ ၂၁ ရက်နေ့ က သုဝဏ္ဏအားကစားရုံမှာပြသခဲ့တဲ့ ထာဝရ နှင်းဆီ အငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ရပါတယ်။ အခြား အငြိမ့်များလိုမဖြစ်ပဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး နဲ့ ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ပရိသတ်များအကြိုက်တွေ့ခဲ့ရပါတယ်။ ထာဝရနှင်းဆီ အငြိမ့်အဖွဲကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ကျော်ကျော်ဗိုလ်၊ရဲလေး၊ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့တာဖြစ် ပါတယ်။ ဒီနှင်းဆီအဖွဲသားများရဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ နောက်ဆုံးအကြိမ်ကပြခဲ့တာဖြစ်ပြီး.။ အစိုးရကို သရော်တိုက်ခိုက်တဲ့ ပြက်လုံးတွေကြောင့်အတော်လေးကိုအောင်မြင်ခဲ့ပါတယ်။ အငြိမ့်ထဲမှာ ပါတဲ့ ပြက်လုံးအချို့ကိုဖော်ပြရမယ်ဆိုရင် လူရွင်တော်အချင်းချင်း ပဟေဌိ လုပ်တဲ့အခါနောက်ဆုံး မေးခွန်း အဖြစ် တရိစာ္ဆတွေကို အများဆုံးရှိတဲ့ နေရာ၊ တရိစာ္ဆ မျိုးစုံထား ရှိ တဲ့နေရာဘယ်နေရာလဲ သိတဲ့လူဖြေလို့ လူရွင်တော်တစ်ယောက်ကမေးတဲ့အခါ […]


အာဂNovember 13, 20101min994
ယနေ့လွတ်မြောက်မယ်လို့ အများစုကယုံကြည်ထားထဲ့ မြန်မာဒီမိုကရေစီခေါင်ဆောင်ဒေါ်အောင် ဆန်းစုကြည်ကို ။ ယနေ့ ညနေ့ ၅ နာရီ ၁၅ မိနစ်က နအဖ အစိုးရကလွှတ်ပေးလိုက်ပြီးဖြစ ်ကြောင်းသိရှိခဲ့ရပါတယ်။ အန်တီစုရဲ့ နေအိမ် ပတ်ဝန်ကျင်မှာလည်း လူပေါင်းထောင်သောင်းများ စွာ စောင့်ဆိုင်း အော်ဟစ်ကြိုဆိုနေပြီး။ အန်တီစု ကားထွက်လို့မရအောင်လမ်းတွေလည်း ပိတ်နေ တယ်လို့လည်းသိရပါတယ်။ အချို လူထုကတော့ ရွှေဂုံတိုင် ရုံးချူပ်မှာ စောင့်ဆိုင်းနေပြီး ၊ အချို့ က အန်တီစုလွတ်လွတ်ချင်း ရွှေတိဂုံစေတီကို ဖူးမျှော်တတ်တာမို့ ဘုရားမှ စောင့်ဆိုင်းနေကျပါ တယ်။ NLD ဗဟိုကော်မတီ အဖွဲဝင်များဖြစ်တဲ့ ဦးတင်ဦး တို့ ဦးတင်ဦးတို့၊ဒေါက်တာ တင်မျိုးဝင်း တို့အပါအဝင် အဖွဲဝင်တော်တော်များများ သွားရောက်တွေ့ဆုံနေကြပါတယ်။ မည်သို့ပင်ဆိုစေကာ မှုတစ်တိုင်းပြည်လုံးက လူထုကလည်း ပျော်ရွှင်မှုတွေနဲ့ မင်္ဂလာရှိတဲ့ ဒီ […]


အာဂNovember 3, 20101min1319
တစ်နေ့ က သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းကို အလည်သွားတော့ ဧည်သည်ဆောင်မှာခဏ နား နေတုန်း ရဲ သုံးလေး၊ငါးယောက် ရောက်လာတယ်။ ဘာကိစ္စလည်းလို့ ကျွန်တော်လည်း စိတ် ဝင်တစား ကြည့်နေတုန်း တပ်ကြပ်တစ်ယောက်က လက်ထဲ စက္ကူ ပါတ်လေးကိုထုတ်ပြပြီး …… ကျွန်တော်တို့ က ကျောက်တံတား အပိုင် ရဲစခန်းကပါတဲ့ ပြက္ခဒိန် လာရောင်းတာပါတဲ့ ။ ဒါနဲ့ ရုံးဝန်ထမ်းတစ်ဦးကဟုတ်ကဲ့ ဘယ်လောက်လဲ လို့ မေးကြည့်တော့ ၅၀၀ဝ ထောင်ပါတဲ့။ လူကြီးမရှိလို့ မဝယ်ဘူးပြောတော့ မရဘူး သူတို့ က ကျောက်တံတာ မြို့နယ်က အပိုင်တွေရဲတွေ ဖြစ်ကြောင်းနဲ့ မဝယ်မခြင်း ရစ်နေတော့တာပဲ ဒါနဲ့ ဝန်ထမ်းကောင်မလေး ကအထက်လူကြီး ဆီ ဖုန်းဆက်ပြီးပြောလိုက်တယ်။ အထက်ကလည်း ခေါင်းရှုပ်မခံချင်ဘူး နဲ့တူပါတယ်။ […]


အာဂOctober 20, 20101min19217
“သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသည်” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်းရဲ့ စာရွက်မှာတော့ “သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသင့်သည်” လို့ ရေးထားပါတယ်။ တစ်ကြောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း (သို့မဟုတ်) တစ်လုံး တစ်ပုဒ်၊ တစ်ပုဒ် တစ်လုံးတည်း လို့ပြောရမယ့် ရှားရှားပါးပါးစာပိုဒ် လေးတွေကို စုဆောင်းမိသလောက် တင်ပြလိုက်ပါတယ်။ မှတ်ချက် ။ ။ အသံထွက်ရွတ်ဖတ်လျှင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းမှာ ဖြစ်ပြီး ထိုသို့မဖတ်ခင် ကျေးဇူးပြုပြီး သင့်ငယ်ထိပ်၊ မျက်စိ၊ လျှာ စသည်တို့ကို ပရုတ်ဆီပွတ်ထားပါရန် အကြံပြုလိုပါသည်။ ============================== ========= သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသင့်သည်။ ကုက္ကိုင်းက ကျော်ကျော်က ကြိုးကြိုးကုပ်ကုပ် ကျိုးကျိုးကျွန်ကျွန်ကွ၊ ကိုင်းကုန်ကို […]


အာဂAugust 30, 20101min712
ကျွန်တော့် ဒီစာစုရဲ့ခေါင်းစဉ်ကအနည်းအကျဉ်းရင့်သီးကောင်းရင့်သီးနေမှန်း၊ ကျွန်တော်ကိုယ်တိုင် သတိထားမိ ပါတယ်။ဒါပေမယ့်ဒီစာကိုစမရေးခင်ကတည်းက ဒီခေါင်းစဉ်လေးကို နှုတ်ကတဖွဖွနဲ့ အလိုလိုရွတ်ပြီးသားဖြစ်နေ တာရယ်၊ ဒီခေါင်းစဉ်ထက်ပိုထိရောက်မယ့်စကားမရှိနိုင်တော့ဘူးလို့ထင်နေတာရယ်ကြောင့် ဒီခေါင်းစဉ်လေးကို ဒီစာစုမှာပေးမိသွားတာပါ။  စာဖတ်သူအနေနဲ့လည်း အထက်ပါခေါင်းစဉ်လေးကို ဖတ်ပြီး ဘယ်သူတွေကိုပစ်မှတ် ထားရေးသားထားသလဲ ဆိုတာမေးဖို့တောင်မလိုတော့ဘူးလို့ထင်ပါတယ်။ `မိဘ´ ဟုတ်ပါတယ်။ ဒါပေမယ့်တာဝန် မသိတဲ့မိဘတွေ၊မိဘလို့အမည်ခံပြီး၊မိဘမပီသတဲ့လူတွေကိုအဓိကထားဆိုလိုတာပါ။ ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာနေထိုင်ပြီးကြုံရာကျပန်းလုပ်ကိုင်စားသောက်ကျတဲ့လူတန်းစားတစ်ရပ် ရှိတယ်ဆိုတာရန်ကုန်မြို့မှာနေထိုင်ကျတဲ့လူတွေအားလုံးသိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့စီးမယ့်ဘတ်(စ်)စကားဂိတ်တွေမှာ၊ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထိုင်နေကျတဲ့အချိန်တွေမှာ သူတို့လေးတွေဟာသူတို့ရဲ့တစ်oမ်းတစ်ခါးအတွက်လုပ်ကိုင်ဆောင်ရွက်နေကျတာကိုသတိထားကြည့်မိရင်သိသာနိုင်ပါတယ်။ သူတို့လေးတွေဆိုတာအခြားကိုဆိုလိုတာမဟုတ်ပါဘူး၊ပုံစံအမျိုးမျိုးနဲ့လုပ်ကိုင်စားသောက်နေကျရတဲ့ကလေးငယ်တွေကိုုဆိုလိုတာပါ။တစ်ချို့ကရေခဲရေရောင်းနေကြတယ်။တစ်ချို့ကကွမ်းယာရောင်းနေကျတယ်။တစ်ချို့ တောင်းရမ်းစားသောက်နေကြတဲ့စသည်ဖြင့်အလုပ်မျိုးစုံနဲ့သူတို့ဝမ်းရေးအတွက်သူတို့ဖြည့် ဆည်းလုပ်ကိုင်နေကြတာကိုသတိ ထားမိရင်တွေမိကြမှာပါ။ဒါများ အထူးအဆန်း လုပ်လို့ကွာ၊ငါ့တို့နေ့တိုင်းတွေ့နေရတာပဲ။ဘာများထူးဆန်းလို့လဲလို့ကျွန်တော့်ကိုမေးကောင်းမေးကြပါလိမ့်မယ်။ ဟုတ်ပါတယ်တစ်ချို့သော လူတွေအတွက် သိပ်မထူးဆန်းပေမယ့်။ မာသာထရီဇာတို့လိုပုဂ္ဂိုလ်မျိုးရဲ့ခြေတစ်မှုန်စာလောက်စာနာမှု၊ဂရုဏာသက်ဝင်မှုစိတ်ရှိ်တဲ့လူတစ်ယောက်အတွက် ဆိုရင်တော့ အထူးအဆန်းမဟုတ်တောင်မှရံဖန်ရံခါအဖြစ်အပျက်လေး တွေဟာနုလုံးသား အဟာရစာစုလေးတွေဖတ် ရသလိုခံစား ထိရှနိုင်စေမှာအမှန်ပါပဲလို့ကျွန်တော် ထင်မိတယ်။ အဲဒီအထဲကမှ အချို့အဖြစ်အပျက် လေးတွေကို ပြောပြရမယ် ဆိုရင်………………………… ကျွန်တော်မြို့ထဲကနေအိမ်ပြန်ဖို့ ၁၀၅ ဒိုင်နာ(သိရီမင်္ဂလာဈေးကား)  ပေါ်ပန်းဆိုးတန်း မှတ်တိုင်ကနေတက်လိုက် တဲ့အချိန်မှာညဉ့်နက် ၁၂းဝဝနာရီကျော် […]