Wai PhyoeFebruary 5, 20121min903
အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။ ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀ဝ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀ဝ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား […]


ဒီမိုကရေစီ .. စစ်တယ် .. မစစ်ဘူးတွေ … အခုထိ စစ်တပ်ထွက်လူတွေ ၂၅% .. ၅၀% .. ၇၀% ပါတာတွေ … လာလာပြောနေကြတယ်ဗျာ ..။   ပေးတဲ့သူက ပေးပြီးသွားပြီ .. တကယ့်ကိုယ်လိုချင်တဲ့ ဒီမိုကရေစီဖြစ်ဖို့က ပြည်သူတွေနဲ့ ပြည်သူတွေရဲ့ အခွင့်ရေးတွေ ရအောင်ယူပေးချင်တဲ့ အဖွဲ့အစည်း (နိုင်ငံရေးပါတီမဟုတ်ပါ) တွေက ဆက်လုပ်ကြရမှာမလား..။   အခုကျတော့ အင်တာနက်တက်တက်၊ ဂျာနယ်ဖတ်ဖတ် ဒါတွေချည်းပဲ။ အောက်မှာပြည်သူက ဘာတွေဖြစ်နေလဲ။ ငတ်တဲ့ သူငတ်၊ ကြပ်တဲ့သူ ကြပ်နေကြပြီ။ ကျောင်းသားအတွက် ကျောင်းသား၊ အလုပ်သမားအတွက် အလုပ်သမား၊ ပညာရေးအတွက် ပညာရေး …၊ ဒါတွေကျတော့ ဘယ်သူမှ မဆွေးနွေးကြတော့ဘူးလား။ ခုသုံးနေရတဲ့ အင်တာနက် လိုင်းက […]


YingLampDecember 26, 20111min45627
အားလုံးပဲ Merry Christmas ပါ … ကိုယ့်အိမ်နဲ ့ဝေးနေတဲ ့အချိန်မှာ သူငယ်ချင်းတွေဆီက သတင်းစကားတခုခု .. တွေ ့ဖို ့ဆုံဖို ့ အကြောင်းတခုခုကိုပဲ  မျှော်နေမိကြမယ် ထင်တယ် ..  အထူးသဖြင့် တနဂ်နွေလို နေ့မျိုးပေါ့ .. ဒီမှာတော့ မြန်မာ ၄၀ဝ ကျော်ရှိတယ်လို ့အရင်ကသိခဲ ့ဖူးတယ် ..  ၃၅ဝ ကျော်လောက်က စက်ရုံအသီးသီးမှာ အလုပ်လုပ်ကြတယ် လို့လဲ သိခဲ့ဖူးတယ် ..  စက်ရုံမှာလုပ်ကြတယ်ဆိုပေမယ့် စက်ရုံလုပ်သားက အစ ခေါင်းဆောင်ပိုင်းအထိ မြန်မာတွေ ရှိကြပါတယ် ..  ကိုယ်တွေက စက်ရုံမှာနေရတော့ စက်ရုံထဲကလူတွေရဲ ့ခံစားချက်ကိုပိုနားလည်တယ် .. တနေ့ ၁ဝ နာရီကနေ ၁၂ နာရီထိ အလုပ်တွေလုပ် […]


Mg OggaDecember 18, 20111min640
အခုချိန် ပရဟိတလူငယ် အဖွဲ့လေးတွေများစွာ ပေါ်ပေါက်လာတာ အားရစရာ။ ဒါပေမယ့် ပရဟိတလူငယ်အဖွဲ့ အတော်အများ အကြောင်းကြောင့် စနစ်တကျ မလုပ်နိုင်တာတွေရတယ်။ အဖွဲ့တိုင်း အဖွဲ့တိုင်း အစည်းဝေးတွေ လုပ်ပြီး ဘာမှလည်း မထူး အလုပ်ရှုပ်တယ် ဟိုကွေ့ ဟိုတက်နဲ့ လှော် ဒီကွေ့ ဒီတက် နဲ့ လှော်ဆိုတာမျိုးတွေ ကြားနေရတော့ ပရဟိတလူငယ်အဖွဲ့စည်းတွေမှာ အစည်းဝေးဘယ်လို လုပ်သင်တယ် ဆိုတာ ကို သိထားသလောက်လေး မျှဝေ လိုက်ပါတယ်။ သိပြီးသား တတ်ပြီးသား မဟာ့ မဟာ ဆရာ့ ဆရာ ကြီးများအတွက် မရည်ရွယ်ပါ။ ကိုယ်အားကိုယ်ကိုး လူငယ်ပရဟိတ အဖွဲ့များအတွက်သာ……………………. အစည်းဝေးဆိုတာ ကျနော်တို့ လူမူ အသိုင်းအဝိုင်းမှာ အစည်းအဝေးအမျိုးမျိုးရှိပါတယ်။ လပတ်အစည်းဝေး၊ နှစ်လယ် အစည်းဝေး၊ နှစ်ပတ်လည် အစည်းဝေးဆိုတဲ့ […]


ဤ. ပြည်ထောင်စု မြန်မာနိုင်ငံတော်သား၊ဗုဒ္ဓဘာသာ ဝင်များနှင့် တိုင်းရင်းသား မွတ်စ်လင် တို ့မှာ ညီအကိုချင်းချာ တွေဖြစ်ကြပါလျှက်၊“ကုလားလူမျိုးဘဲ၊ဗမာလူမျိုးဘဲ”ဟူသော၊လူမျိုးရေးပြဿနာကြောင့် သာရေး၊နာရေး တို ့မှာတဦးနှင့်တဦး ခပ်စိမ်းစိမ်း ဖြစ်နေကြသည်ကိုတွေ ့ရ၏။ တဖန်၊ဘာသာရေးနှင့်ပတ်သက်၍ တဦးနှင့်တဦး သူ ့ဘာသာ ကသာသည်၊ငါ့ဘာသာက မြတ်သည် ဟူသောပြဿနာများကြောင့် ပေါင်းသင်းဆက်ဆံရေးတို ့မှာ ခပ်တန်းတန်း ဖြစ်၍နေသည်ကိုမြင်ကြရပေလိမ့်မည်။ လူတစ်မျိုးနှင့်တစ်မျိုး၊တဘာသာနှင့်တဘာသာ မကျေနပ်သော အချက်များရှိခြင်းမှာ ဓမ္မတာသဘောပင်ဖြစ်လေသည်။သို ့ရာတွင် လူမျိုးတူ၊ဘာသာတူချင်းမှာပင် အချို ့အယူအဆ အချက်အချို ့၌ အယူအဆ ချင်းကွဲပြားနေကြသည်ကိုထောက်ရှုသော် လူမျိုးကွဲ၊ဘာသာကွဲ တို ့အဖို ့အဆန်းမဟုတ်တော့ပါ။ လောကီရေးရာနှင့်ပတ်သက်၍ ဖြစ်စေ၊လောကုတ္တရာရေးနှင့် ပတ်သက်၍ဖြစ်စေ၊ရှုပ်ထွေးပေပွနေသော ပြသနာတစ်ခုကိုရှင်းလင်းနိုင်ရန်မှာ အမြင်မှန်လိုအပ်ပါသည်။ထိုအမြင်မှန်ရမှ နားလည်မှုရောက်ပါမည်။နားလည်မှုမှသည် ကျေနပ်မှု ပေါ်ထွက်လာပါလိမ့်မည်။ဤကဲ့သို ့ကျေနပ်မှုရသောအခါ၊တဖက်နှင့်တဖက် အပြစ်မမြင်ဘဲ အချစ်စိတ်ဝင်လာရမည်မှာ ပြောပြနေစရာမလိုတော့ပါ။ သို ့ဖြစ်ပါ၍ ဤ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင်းရှိတိုင်းရင်းသားတို ့စည်းလုံးရေး၊ ညီညွတ်ရေးနှင့် ချစ်ကြည်ရေးတို ့ကို အထူးလိုအပ်နေသည့်အချိန်အခါမျိုးမှာ တိုင်းရင်းသားချင်း၊တဖက်နှင့်တဖက်၊အဆင်မပြေဖြစ်နေသော လူမျိုးရေးနှင့် ဘာသာရေးပြဿနာကို ကို […]


blazeSeptember 27, 20111min24326
လွန်ခဲ့သည့် ဧပရယ်လထုတ် The Wave မဂ္ဂဇင်းတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ “Oh! We are Burmans” ဆိုသည့် ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရသည်။ မြန်မာလူမျိုးများမှာ အားနည်းချက်ကြောင်ကွက်အဖြစ် ကိုယ့်ကိုကိုယ် အထင်ကြီးခြင်း၊ အတွေးတိမ်ခြင်းတို့ကို တွေ့ရပြီး ထိုရောဂါမျိုးကို လူကြီးသူငယ်နာဟုခေါ်ကြောင်း ရေးသားထားသည်။ မြန်မာတွေ မညံ့ပါဟု အချို့က ဂုဏ်ယူတကြီး ပြောကြသည်။ ထိုအဆိုအပေါ် အငြင်းပွားရန်လည်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာတွေက အမှန်တကယ်ပင် မညံ့ကြ၍ ဖြစ်သည်။ သို့သော် မြန်မာတွေ ထူးချွန်သလားဟု မေးလျှင် အဖြေရကျပ်သည်။ စာရေးသူ ငယ်စဉ်က ရဟတ်ယာဉ် တီထွင်သော ပန်းပဲဆရာတစ်ဦးကို မြင်ဖူးသည်။ ထိုပန်းပဲ ဆရာမှာ စာမတတ်ချေ။ သို့သော် ရဟတ်ယာဉ်တစ်စင်းကို ဟင်းဂလိုင်း သံချောင်းကွေး၍ နှစ်လုံးထိုး […]


blazeSeptember 26, 20111min1266
တကယ်တော့ Royalties (၄) မျိုးမကဘဲ အများကြီးရှိပါတယ်။ Trade Mark Royalties, Book Publishing Royalties, Artwork Royalties, Software Royalties ဆိုပြီး သက်ဆိုင်ရာကဏ္ဍအလိုက် မူပိုင်ခွင့် နဲ့ပတ်သက်တဲ့ အကျိုးအမြတ်အပေါ် ရာခိုင်နှုန်းခွဲဝေမှုတွေရှိပါတယ်။ ဂီတစီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြု နေတဲ့ Royalties (၄) မျိုးအကြောင်းကို လက်ရှိမြန်မာပြည်ဂီတ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နှိုင်းယှဉ်ပြီးတင်ပြသွားပါ့မယ်။ နိုင်ငံတကာပုံစံနဲ ့မတူတဲ့အချက်အလက်တွေကတော့ တပုံတပင်ပါပဲ။ Royalties ကြောင့်ဖြစ်တဲ့ ဂီတလောကရဲ့ အကွဲအပြဲဇာတ်လမ်းတွေလည်း မနည်းလှပါဘူး။ ဒီလိုပြဿနာတွေဟာလည်း အနောက် နိုင်ငံရဲ့ဂီတလုပ်ငန်းတွေမှာ အကြိမ်ကြိမ်ဖြေရှင်းရင်း နောက်ဆုံးနည်းလမ်း အမှန်ပေါ်ရောက်လာ ကြတာပဲ ဖြစ်ပါတယ်။ ဒါတောင် အာဖရိကတိုက်ရဲ့ နိုင်ငံအများစုက ဂီတလုပ်ငန်းတွေမှာ အခုထိ Royalties နဲ့ ပတ်သက်တဲ့ […]


kyeyounglinSeptember 25, 20111min972
ညတစ်ညရဲ ့အလှတရားကိုပုံဖော်ပေးနေတဲ ့………ဟိုး…….ကောင်းကင် ပေါ်က တစ်လက်လက်တောက်ပနေတဲ ့ကြယ်လေးတွေကိုကြည့်ရင်း…ကျွန်တော်ပြုံးခဲ ့မိတယ်………. ညရဲ ့အလှတရားဆိုတာ ကြယ်စင်လေးတွေရှိမှပြီးပြည့်စုံတာ…ကြယ်စုံတဲ ့ညဆိုရင်အတိုင်းထက်အလွန်ပေါ့… ကြယ်ကလေးတွေကသူတို ့ရဲ ့ကိုယ်ပိုင်အလင်းရောင် မှုံပြပြလေးတွေနဲ ့ကြည့်သူတွေကိုကြည်နူးမှုတွေပေးတယ်… အေးချမ်းမှုတွေပေးတယ်…စိတ်ကူးစိတ်သန်းတွေကိုပေးတယ်…တောနက်ထဲလမ်းပျောက်နေသူကိုလမ်းပြပေးတယ် ပင်လယ်ပြင်ထဲစမ်းတဝါးဝါးမသွားရအောင်မြေပုံအဖြစ်နေပေးတယ်…ကဗျာဆရာအတွက်ကဗျာပေါင်းများစွာကိုပေးတယ်… သီးချင်းတွေကိုဖြစ်လာစေတယ်…ပန်ချီဆရာအတွက် လှပတဲ ့စုတ်ချက်ပေါင်းများစွာကိုပေးတယ်… ခံစားတက်သူတိုင်းအတွက်အရာရာကိုပေးနိုင်စွမ်းရှိတယ်… သိပ္ပံပညာရှင်တွေအတွက်လေ ့လာမှုပေါင်းများစွာကို  ဖြစ်စေတယ်…ဘာလို ့လဲဆိုတော ့မြေပြင်ပေါ်ကနေကောင်းကင်ကိုမော ့ကြည့်မိတဲ ့အခါ…တလက်လက်တောက်ပနေတဲ ့ ကြယ်ပွင့်လေးတွေကိုအားလုံးစိတ်ဝင်စားကြလို ့ပဲ… နေရောင်လောက်မတောက်ပပေမဲ ့(အလင်းမရပေမဲ ့)လရောင်လောက်မကျယ်ပြန် ့ပေမဲ ့.. .စိတ်ခံစားမှုပေါင်းစုံကိုတော ့ ပေးစွမ်းနိုင်စွမ်းရှိတယ်လို ့ကျွန်တော်ထင်တယ်…အထီကျန်ဆန်တဲ ့အခါ ကြယ်လေးများကသင့်ကိုအဖော်ပြုပေးပါလိမ် ့မယ်…သူတို ့ကိုသင်စကားပြောကြည့်ခဲ ့ဖူးပါသလား??? ပြောဖူးသူတိုင်းသိမှာပါ…လူတွေသိသွားရင်တော ့သင့်ကိုရူးတယ်လို ့ပြောချင်ပြောလိမ့်မယ်… ဒါပေမဲ ့သူကလူတွေထက်နှုတ်လုံတယ်ဗျ…………………… အဲလိုရူးတယ်လို ့ပြောတဲ ့သူတွေကထွက်ပေါက်မရှိပဲပိတ်လှောင်နေတဲ ့သူတွေ… […]


blazeSeptember 25, 20111min11711
ယခုရက်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ်ရေးသားလာခဲ့တဲ့ ဧရာဝတီ အကြောင်းအရာနှင့် ပတ်သက်လို့ ကျနော်လဲ ရှုဒေါင့် တနေရာ ကနေ ပါဝင်ဆွေးနွေး ပါရစေ၊ဟိုးအရင် မဆလခေတ်နှောင်းပိုင်း ကာလ လူငယ်အပေါင်းအသင်းတွေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး သီးချင်းတပုဒ်၊ အကြောင်းအရာတခု၊ (သို့) အချစ်ရေးရာကိစ္စတခုအပေါ် စိတ်တူကိုယ်တူ သဘောတူစွာနဲ့ ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ပြောဆိုတိုင်ပင်တဲ့ ပုံစံလေးပေါ့ဗျာ၊… ဖော်ပြပြီးခဲ့တဲ့ ဧရာဝတီဆောင်းပါးတွေနဲ့ပတ်သက်လို့ တော့ အချက်အလက်အရကော အကြောင်းအကျိုးအရတွေပါ ဘာမှပြောစရာ ထောက်ပြစရာမရှိအောင် ပြီးပြည့်စုံပါတယ်။ဧရာဝတီကို ခံစားမှုအမျိုးမျိုးနဲ့ ရင်နင့်အမျှ ခံစားချက်ရှိသူများလို ကျနော်လဲဘဲ ခင်ဝမ်းရဲ့ ဧရာဝတီသီချင်းနဲ့ ရင်ခုန်ခဲ့ဘူးပါတယ် တချိန်တုန်းကပေါ့ဗျာ၊. အဲ့ဒီလို ပြည့်ပြည့်စုံစုံ အချက်အလက်ပေါင်းစုံနဲ့ ထောက်ပြကန့်ကွက်နေတာကို ကျနော်က အချိန်တိုကာလ အတွင်းဖြတ်သန်း ခဲ့ဖူးတဲ့ တရားဥပဒေလမ်းကြောင်း ဖက်ကနေ စိုးရိမ်စိတ်ကလေးတခုနဲ့ ဆွေးနွေးချင်တဲ့သဘောပါ ။နက်နဲရှုပ်ထွေးတဲ့ ဥပဒေအသုံးအနှုန်းတွေ […]


ချမ်းချမ်းတို ့ဗုဒ္ဓဘာဘာသာမြန်မာလူမျိုးတိုင်း အနန္တော..အန္တငါးပါး ဘုရားရှိခိုးကိုလူတိုင်းသိကြပါတယ် မာတာပိတုဂုဏောအနန္တော..လို့နေ့စဉ်ရှိခိုးနေတာ မိဘကျေးဇူးကြီးလို ့ပေါ့နော် မိဘမေတ္တာကြီးမားလွန်းလို ့လဲဘုရားရှင်နဲ့တစ်ဂိုဏ်းထဲထားပြီးပူဇော်တာပေါ့ မိဘတိုင်းသားသမီးအပေါ်မေတ္တာတရားကြီးမားကြပါသလား မိဘတိုင်းလေးစားအထင်ကြီးလောက်တဲ့ကိုယ်ကျင့်တရားရှိပါသလား မိဘတိုင်းအပြစ်ကင်းပါသလား ချမ်းချမ်းအခုလိုုမေးတာဟာမိဘမေတ္တာစော်ကားလို ့မဟုတ်ဘူးနော် ရင်ထဲရှိတာလေး သိချင်တာလေး ရှိလို ့ပါ။ သန္ဓေသားလေး ဖြစ်တည်ဖို ့ လူ ့လောကထဲလူသားလေးတစ်ယောက်ရောက်ရှိဖို ့ ဆန် ့ကျင်ဘက် အဖိုနဲ ့အမ ပေါင်းစပ်ရတာသဘာဝမို ့လူတိုင်းနားလည်ထားပါတယ် ကိုယ်ဟာ လူသားလေးကို မွေးထုတ်ပေးနိုင်တယ်ဆိုရင်ပဲ ကျေးဇူးကြီးမာတဲ့မိခင်ဖခင်ဘဝ ကြည်ညိုထိုက်တဲ့ မိဘ ဝဘဝရောက်ပြီနော် ဘုရားနဲ ့တစ်ဂိုဏ်းထဲထားပြီးတော့တောင် ကန်တော့ခွင့်ရပြီတဲ့ ကဲ..ဘယ်လောက်များ ဂုဏ်ယူစရာကောင်းလဲ အဲ့ဒီလြိုုမင့်မြတ်တဲ့ဘဝနဲ ့ မြင့်မြတ်တဲ ့ဂုဏ်နဲ ့ မတန်တဲ ့ မိဘ တွေရှိတယ်ဆိုတာ ယုံလား ချမ်းချမ်း တွေ ့မြင်ထားသမျှလေးခံစားရသမျှတွေပြန်လည်ဝေမျှပေးမယ်နော် […]


nwelinooDecember 14, 20101min1051
“လာမည့်ဘေးပြေးတွေ့” ဟူသည့် ထိုစကားမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ အောက်တွင် ကျွန်ဘဝအဖြစ် ရောက်ရှိနေစဉ်ကာလ အတွင်းမှာ ပေါ်ပေါက်လာတဲ့ စကားဖြစ်ပါတယ်။ နဂို စကားက “လာမည့်ဘေး ဝေးကရှောင်” လို့ပဲ ရှိတာပါ။ ကျွန်ုပ်တို့ နိုင်ငံသားတွေဟာ အင်မတန် မျက်နှာငယ်ရ၊ ကြောက်ရ၊ ရွံ့ရ၊ နှိမ့်ချခံရနဲ့ စိတ်ဓာတ်တွေ လုံးလုံးပျက်ပြားပြီး ကျွန်ဖြစ်ကြရတာပါ။ ကျွန်တောင်မှ နိမ့်ဆုံးက ကျွန်အဆင့်ထိ နှိမ့်ချခံခဲ့ရတာ။ ချုပ်တန်းဆရာရဲ့ ကဗျာထဲမှာတောင် တစ်တစ်ခွခွ ရေးထားပုံက (ကုလားမြင် သူ့မေ လုတော့မလို၊ ခု မြေလျှိုးပုန်းရှောင်) ပါတဲ့။ ဒီလို ကျွန်ခေတ်ကြီးမှာ “လာမည့်ဘေး ဝေးကရှောင်” ဆိုတဲ့ စကားက ကျွန်တွေရဲ့ လက်စွဲစကား တခုဖြစ်နေတော့တာပေါ့။ ပြဿနာလည်း မဖြစ်ချင်၊ ဖြစ်ရင်လည်း မှန်မှန်မှားမှား ကိုယ်ကသာ ရှုံးရမှာဆိုတော့ […]


PhyoNovember 6, 20101min770
၂၀၁ဝခုနှစ် စက်တင်ဘာလထဲမှာ ကျမ တစ်ခါမှ မကြားခဲ့ဖူးတဲ့ သင်တန်းတစ်ခုကို ကြားခဲ့ရပါတယ်။ အမျိုးသမီးချင်း ချစ်သူများ သီးသန့်သင်တန်းတဲ့။ ကြားခါစက တော်တော်အံ့ဩခဲ့ရတယ်။ ကျမအတွက် ပိုပြီးအံ့ဩစရာ ဖြစ်စေတာက အမျိုးသမီးချင်း ချစ်သူတွေနဲ့ ပတ်သက်ပြီးတော့ သင်တန်းတွေဆိုတာက ကျမတို့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ တော်တော်လေးကို မရှိသလောက် ရှားပါးတာမို့လို့လေ။ မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ရှားရှားပါးပါး ပြုလုပ်လေ့ရှိတဲ့ လိင်တူချစ်သူများ အခွင့်အရေး သင်တန်းတွေတော့ ကျမကြားသိခဲ့ဖူးတာပေါ့။ ပြီးတော့ ၂၀၁ဝခုနှစ် မေလ ၁ရ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအပေါ် ကြောက်ရွံ့မုန်းတီးမှုများအား ဆန့်ကျင်ရေးနေ့ အခမ်းအနားကိုလည်း လိင်တူချစ်သူ တယောက်ဖြစ်တဲ့ ကျမကိုယ်တိုင် တက်ရောက်ပါဝင် ဆင်နွှဲခဲ့တာပဲလေ။ အခုက ထူးထူးခြားခြား လိင်တူချင်းချစ်တဲ့ သူတွေထဲကမှ အမျိုးသမီးချင်း […]


www.mmso.orgJune 6, 20101min1023
မှတ်ချက်။ ။ ဒီအကြောင်းအရာဟာ စိတ်ကူးယဉ် လုပ်ဇာတ်တစ်ခု မဟုတ်ပါဘူး။ ရွှေမင်းသမီးနဲ့ ဂျာနယ်လစ်မလေးရဲ့ အက်ရှင်ဇာတ်လမ်းလောက် စိတ်ဝင်စားစရာ မကောင်းဘူးလို့ ခင်ဗျား ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် အဆုံးထိရောက်အောင်တော့ ကျေးဇူးပြုပြီး ဖတ်ကြည့်လိုက်ပါဦး။ ဒီမိုက်မဲမှုကို သက်သေပြလို့ရအောင် ဓါတ်ပုံမှတ်တမ်းတင်ဖို့ စိတ်ကူးခဲ့ပေမယ့်လည်း ဝန်ထမ်းငယ်မိန်းမသူရဲ့ ဂုဏ်သိက္ခာကို ထိပါးမှာစိုးတဲ့အတွက် မရိုက်ဖြစ်ခဲ့တော့ပါဘူး။ ဒီအလုပ်မရှိခဲ့ရင် ဘာတွေဆက်ဖြစ်မယ်မှန်း မသိနိုင်တဲ့ ဘဝတွေအတွက်လည်း အလေးအနက်စဉ်းစားခဲ့မိပါတယ်။ တိုက်ပွဲမှာ အကျအဆုံး မရှိဘူးဆိုတာ ရှားပါတယ်။ အကျအဆုံး နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ဆိုတာက ဆုတောင်းနေယုံနဲ့ မပြီးပါဘူး။ ကျွန်တော်တို့အားလုံး တတ်စွမ်းသမျှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ (၁) နေရာကား လူစည်ကားလှသည့် လှည်းတန်းအရပ်မှ ဗျစ်ရည်ရောင်းချရာ သေတင်းကုပ်တစ်ခု ဖြစ်၏။ အချိန်ကား သက်ကြီး ခေါင်းချချိန် ကျော်လွန်လေပြီ။ အဆီပြန်မျက်နှာများ၊ ဖန်ခွက်ချင်းထိခတ်သံများ၊ […]