manawphyulayJune 2, 20101min710
လူတွေကို ပိုပြီး စိတ်ချမ်းသာစေခြင်းသည် ပိုက်ဆံလား ဒါမှမဟုတ် ပျော်ပျော်နေတတ်သော မိတ်ဆွေများနှင့် ကိုယ့်ရဲ့အနီးဝန်းကျင်မှ လူတွေလား။ ပျော်ပျော်နေတတ်သော မိတ်ဆွေများရှိခြင်းကြောင့် ကိုယ်တိုင်ကလည်း ပျော်ရွှင်ရကြောင်း လေ့လာမှုအသစ်တွင် တွေ့ရှိရပါတယ်။ အနေအနီးအဝေးပေါ်မူတည်ပြီး မိတ်ဆွေများအကြား အပျော်သက်ရောက်ပုံကလည်း ကွာပါတယ်။ ဥပမာ တစ်မိုင်ခန့်အကွာတွင် မိတ်ဆွေ တစ်ယောက်နေလျှင် ပျော်ရွှင်မှု ၂ဝ ရာခိုင်နှုန်းရနိုင်ပြီး ကပ်လျက်တွင် ပျော်ပျော်နေတတ်သော သူတစ်ယောက်ရှိလျှင် အပျော် ၃၄ ရာခိုင်နှုန်းလောက် ရသည်လို့ဆိုပါတယ်။ ထိုမိတ်ဆွေများကြောင့် ရရှိသော ပျော်ရွှင်မှုသည်လည်း တစ်နှစ်ခန့် တာရှည်သည်ဟု ဆိုထားကြပြန်ပါတယ်။ သင်လည်း သင့်အနီးမှ ပျော်ရွှင်မှုပေးနိုင်သော/ပေးနေသော မိတ်ဆွေသူငယ်ချင်းများကို အမြဲသတိရ/အမှတ်ရနေမယ်လို့ ထင်ပါတယ်နော်။ လူတိုင်း ဝန်းကျင်မှ မိတ်ဆွေအပေါင်းအသင်းများကို ပျော်ရွှင်မှုဝေမျှနေကြမယ်ဆိုရင် အားလုံးသည် ပျော်ရွှင်မှုများနဲ့ အသက်ရှင်နေသူများ ဖြစ်ပါလိမ့်မည်။ သင်လည်း ဘေးပတ်ဝန်းကျင်မှ […]


manawphyulayMay 8, 20101min19912
အင်း… ကျွန်မ ခုပြောမဲ့ အကြောင်းအရာကတော့ မြန်မာမိန်းကလေးများ မြန်မာပီသပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်တဲ့ စေတနာတစ်ခု  ကျွန်မရဲ့ စိတ်မှာ ကိန်းအောင်းနေမိပါတယ်။ ကျွန်မကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ကံ၏အကျိုးတရားကြောင့် မိန်းမဖြစ်လာရပေမဲ့ မြန်မာမိန်းမလေးဘဝ ဖြစ်လာရတာကို ဝမ်းမနည်းပါဘူး။ ဂုဏ်တောင်ယူမိပါသေးတယ်။ ဒီလိုပဲ ကိုယ့်မြန်မာအမျိုးသမီးတွေရဲ့ဘဝကို အားကျပြီး စိတ်ဝင်စားတဲ့ အနောက်နိုင်ငံအများစုလည်း ရှိပါတယ်။ ကမ္ဘာမှာမြန်မာဟေ့လို့ ပြောလို့ရအောင် မြန်မာ့ယဉ်ကျေးမှုဟာတိုင်းတပါးတွေနဲ့ မတူအောင် သိမ်မွေ့နုးညံ့လှပါတယ်။ မြန်မာအမျိုးသမီးတွေနဲ့ သိမ်မွေ့လှတဲ့အပြုအမူ၊ ဝတ်စားဆင်ယင်ပုံတွေဟာ ခုမှမဟုတ်ပါဘူး။ ဟိုးရှေးခေတ်ထဲကရှိခဲ့ပါတယ်။ကျွန်မကိုခင်တဲ့သူတွေက မေးကြပါတယ်။ မြန်မာပြည်ကိုချစ်တယ်နော်တဲ့။ နို့ ဘာလို့ မေးလိုက်တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံခြားကို အထင်မကြီးလို့တဲ့။ကဲ စဉ်းစားသာကြည့်တော့။ ကိုယ်မြေကိုယ်ရေလောက် ဘယ်အရာမှမကောင်းပါဘူး။ ခုနောက်ပိုင်းမိန်းကလေးပဲဖြစ်ဖြစ်၊ယောက်ျားလေးပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်တွေမှာ အလုပ်သွားလုပ်၊ ကျောင်းသွားတတ်ကြတာတွေ ဒုနဲ့ဒေးပါပဲ။ ခဏသွားတာဆိုကောင်းပေမဲ့ အပြီးဆိုရင်တော့ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ […]


luulaneApril 30, 20101min1226
လူတွေ၏ ပါးစပ်ဖျားတွင် ရေးပန်းအစားဆုံး စကားတစ်ခွန်းပြောပါဆိုလျှင် “အချစ်” လို့ ကျွန်တော်ချက်ချင်း ဖြေမိပါလိမ့်မည်။ ကျွန်တော် လျှောက်ပြောနေခြင်း မဟုတ်ပါ။ ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်း အခုချိန်ထိ မပြောင်းလဲပဲ တည်တံ့ပြီး ကျန်ရစ်ခဲ့တဲ့စကားက “အချစ်” ပင်ဖြစ်သည်။ ဒါကြောင့်ပင် ဒီ “အချစ်” ဆိုသည့်စကား ဘာကြောင့်များ ယခုချိန်ထိ တည်တံ့နေခြင်းကို ကျွန်တော်စူးစမ်းမိသည်။ ရှာဖွေမိသည်။ ကျွန်တော်ကိုယ်တိုင် ဤသို့လေ့လာမိခဲ့ပါသည်။ . အချစ်ဆိုသည်မှာ ဘယ်တော့မှ ဖြောင့်တန်းတည့်မတ်ခြင်း မရှိသော စိတ်ခံစားမှုတစ်မျိုးပြီး ချစ်ခြင်းကို ခွဲခြမ်း စိတ်ဖြာကြည့်မည်ဆိုလျှင် တစ်မျိုးတည်းတွေ့ရမည်မဟုတ်ပေ။ လူတစ်ချို့ကပြောကြသည်။ ရိုးရိုးလေးပါပဲ “ငါမင်းကိုချစ်တယ်” တဲ့၊ တသမတ်တည်း ရိုးရိုးလေးထင်ရပေမယ့်၊ ခံစားသူရဲ့ ခံစားမှု အတွေ့အကြုံတွေ ရောနှောချက်တွေကြောင့် အချစ် ဆိုတာ မတူညီတဲ့ အရသာ ၄ မျိုးကွဲထွက်သွားသည်။ […]


taylayNovember 10, 20091min1508
ကျွန်တော် စာမဖတ်တာတော်တော်ကြာပါပြီ။ တစ်နှစ်ခွဲလောက် ရှိပါပြီ။ အခုဘလော.ဂ်ရေးဖြစ်လာတေ့ာ စာတွေပြန်ဖတ်မှဖြစ်မယ်ဆိုတဲ. အသိနဲ. စာတွေပြန်ဖတ်ဖြစ်တာ သုံးလေးရက်ပဲရှိပါသေးတယ်။ စာကဖတ်တေ့ာ လည်း စာဖတ်ပြီး စကားက များချင်လာတယ်။ စာဖတ်ပြီး ပြောချင်တာတွေက ရှိလာတယ်။ ကျွန်တော် ပြော ချင်တဲ.အကြောင်းက ပညာရေး အကြောင်းပါ။ ကြီးကြီးကျယ်ကျယ် ပြောတာတော. မဟုတ်ပါဘူးဗျာ။ ကျွန်တော် ခုမှကျောင်းသားဘဝပဲ ရှိပါသေးတယ်။ ကျောင်းသားတစ်ယောက်က ပညာရေးအကြောင်း ပြောမယ်ဆိုတေ့ာ ထုူး ဆန်းနေသလိုတေ့ာ ဖြစ်ပါလိမ်.မယ်။ ဒီနေ. သင်နေရတဲ့ ပညာရေးစနစ်ဟာ ကျွန်တော် တို.ကို ဘယ်လောက်ထိ အထောက်အကူဖြစ်ပါသလည်း ဆိုတာ အရင်စဉ်းစားကြည့်ကြရအောင်။ ကျွန်တော် တို. လူနေမှုဘဝ ကျွန်တော် တို. အသက်မွေးဝမ်းကျောင်းအတွက် ဒီနေ. ကျောင်းတွေကပေးတဲ့ ပညာတော်တော်များများဟာ သုံးလို.မရပါ ဘူး။ နောက်ပြီး […]