naywoon niApril 15, 20131min17510
သေချာတာကတော့ ဒါဟာ မိမိအားအင်တွေကိုဖြုန်းတီပစ်ခြင်းပဲ……။ ပျော်တယ်ဆိုတာက တစ်ကယ်ကော ပျော်ကြရရဲ့လား …. ကိုယ့်ကိုကိုယ် သေသေချာချာပြန်မေးကြည့်ကြပါဦး….. မင်းတို့ ငါတို့ တစ်တွေ သူများယောင်လို့ လိုက်ယောင်ခဲ့တာ နှစ်ပေါင်းများစွာလည်းကြာခဲ့ပေါ့…. တစ်နှစ်မှ တစ်ခါပါဆိုလာသူရယ်နဲ့ မင်းတို့ရဲ့တစ်ခါကလည်း တစ်နှစ်လုံးပါပဲလား အပျော်ကျူး လိုက်ကြတာက တစ်ယောက်ကစ တစ်ရာတောင်မကပါဘူး ဘာကြောင့်ဆိုတာကိုလည်း သေချာမစဉ်းစား စဉ်းစားတယ်ဆိုတာလည်း ခေါင်းစဉ်တပ်ပေးလိုက်ရုံနဲ့ စာလုံးတွေထွက်ကျလာတာမဟုတ်….. ကိုယ်ဖြတ်သန်းလာခဲ့တဲ့ခေတ်နဲ့ထင်ဟတ်ပြီး တွေးတောကြံဆနေ မယ်ဆိုရင် အရင်က အမှားဟောင်းတွေကိုပဲ ထပ်ကာတစ်လဲလဲ ပြန်မှားနေမယ်ဆိုတာက သေချာနေတာပဲ……။ ဒီတော့ သေချာခြင်းတွေ ဝေသီဖို့ ရေရာခြင်းတွေ ခိုင်မာစေဖို့ သမိုင်းပုံရိပ်တွေနဲ့တင်မလုံလောက် ကမ္ဘာလုံးနဲ့ချီ အစကောက်ပေမှ တို့တစ်တွေရဲ့အတွေးတွေ သေချာခြင်းဘက်ကိုရောက်လာလိမ့်မယ်….။ နေဝန်းနီ


naywoon niApril 12, 20131min1307
နေရဲ့ အပူချိန်ရလာပေပြီ နှင်းတို့သည်လည်း ပါးလျ ပြိုကွဲစပြုလာပေပြီ နှင်းတို့ရဲ့ သွေးစက်တို့ စွန်းထင်း မြက်နဲ့ သစ်ရွက်တို့ အပေါ်ဝယ် ကျရစ်နေသဖြင့် ပေရေ စုတ်ပြတ် နေချေပြီ စိတ်ညစ်ညူးဖွယ်ကောင်းလှပေစွ……။ ငါတို့ ချစ်သော မြေအပြင်မှာလည်း နှင်းစက်တို့ဖြင် ပေရေ စွတ်စို ထိုင်းမှိုင်းလျှက် နေရဲ့ အပူချိန်နဲ့ ခြောက်သွေ့သန့်စင်ပါလော့…….။ မြောက်လေ တစ်ချက်အဝေ့မှာ နှင်းတို့ တစ်ခေါက်ပြန်လာချေပြီ အသင်နေမင်း သင့် ခွန်အားနဲ့ နှင်းတို့ကို ဖယ်ဖျောက်ပါလော့ သင့် အပူဓါတ်တို့ဖြင့် ငါတို့ချစ်တဲ့ မြေအပြင်ကို သန့်စင်သွေ့ခြောက်အောင် ဆောင်ကျဉ်းပါလော့…..။ အနောက်လေဖြင့် ဆွတ်ပျံ့ဖွယ်ရာ မိုးရေ စက်တို့အားသယ်ဆောင်ပါလော့ ငါတို့ချစ်သောမြေအပြင်မှာကား နေနဲ့ နှင်းတို့ရဲ့ ဖြစ်စဉ်တရားကို မမှိတ်မသုန် ငေးကြည့်နေတကား………..။ နေဝန်းနီ


naywoon niApril 8, 20131min17813
ငါ့ဘဝမှာ မျှော်လင့်ချက်တွေများသလောက် ရလာတတ်တာကတော့ လက်တစ်စာလောက်နဲ့ တင်းတိမ်နေခဲ့ရတာ…..။ ကြာလာတော့လည်း ငါဘယ်လောက်လုပ်လုပ် ဒီလောက်ထက်ပိုမရပါဘူးဆိုပြီး ပြီးစလွယ်လုပ်လိုက်မိတာလည်းရှိရဲ့……။ တစ်ခါတစ်ခါကျပြန်တော့လည်း ဘာမှမဖြစ်နိုင်မှန်းသိနေတဲ့အရာကို စိတ်ပါလက်ပါနဲ့ ထမင်းမေ့ ဟင်းမေ့နဲ့ ဒါကိုပဲအာရုံခံစားလို့ လုပ်မိသွားတာလည်းရှိရဲ့ ……။ နောက်တော့လည်းလုပ်မိသမျှလေးကို သပ်သပ်ရပ်ရပ်လေးနဲ့ နေဝန်းနီ တံဆိပ်ကပ်ပေးနိုင်ဖို့ထုတ်လုပ် ကုန်ပစ္စည်းမှန်သမျှပေါ်က ဘယ်လိုနည်းနဲ့ရလာမဲ့အကျိုးအမြတ်ကိုမှ မျှော်လင့်မထားတော့ဘူးလေ……။ ကုန်ကြမ်းရှိရင် ထုတ်လုပ် ဘာမှမရှိတော့လည်း ဘာမှမလုပ်ဖြစ်တော့ပြန်ဘူး ဒီလိုနဲ့ နေဝန်းနီ ပွိုင့်တစ်သိန်းပြည့်ဖို့ ရက်အကန့်အသတ်မရှိ …….။ နေဝန်းနီ


naywoon niApril 4, 20131min14311
လမ်းမပေါ်မှာ ဆင်မြင်ပါလျှက် အဖမ်းခက်၏ ချွန်းဘိုး မတတ်နိုင်သောကြောင့်….။ နေဝန်းနီ


naywoon niApril 1, 20131min1389
ဟော့ဒိ ကမ္ဘာဟာ သူ့အတိုင်းအဆနဲ့သူမို့ လူ နွား မြက် (လူ တိရိစ္ဆာန် အပင်) သူ့အချက်နဲ့သူငင် သဘာဝ တရားနဲ့သုတ်သင် သဟဇာတ ဖြစ်စေဖို့ ဖန်တီးနေလေ့ရှိတယ် …….။ လူ တစ်မျိုးထဲမျိုးပွား အတိုးပဲရှိ အလျော့မရှိရင် ဟော့ဒိမြေပေါ်မှာ လူတွေချည့်ပြည့်နှက် ဘာတွေဆက်လုပ်ကြလိမ့်မလဲ ပုရွက်ဆိတ်အုံကြီးကြီးနဲ့သာတူနေလိမ့်မယ်…..။ ချစ်စရာမုန်းစရာ လွမ်းစရာဆွေးစရာ ဘာစရာမှ မရှိ လူတွေချည့် လှုပ်လှုပ်ရွရွ ပုပု ကွကွ လှုပ်ရှား ဘာတွေများထူထောင်နိုင်လိမ့်မလဲလေ……။ နွားဆိုတာလဲ ဒီလိုပဲ သူတို့ကိုသာဒီအတိုင်း သတ်ဖြတ်မစားသောက်ပဲ ထားကြည့်မလား နေရာတစ်ကာ မြင်မြင်ရာမှာ နွားတွေနွားတွေ သူတို့တွေ ရှောင်နေရတာနဲ့ပဲ လူသားတွေ ဘာအလုပ်ဖြစ်လာလိမ့်မလဲ …။ မြက်ပင်တွေလည်း ဒီလိုပဲ မရှင်လင်းပဲ မရိတ်သင်ပဲ သူ့သဘာဝအတိုင်းထားကြည့် ကိုယ်တွေကော မြက်တောထဲမှာနေနိုင်မှာတဲ့လား မြက်တောထဲမှာ […]


naywoon niMarch 27, 20131min1278
ရုတ် ရုတ် …ရုတ်ရုတ် နဲ့ ကိုယ့်အထုတ်ကိုဆွဲ သူ့ပစ္စည်းသူသယ် ဆိုက္ကား သုံးဘီး ကား တန်ရာတန်ရာသယ်ပိုး နေရာတွေရွှေ့ပြောင်းကြပေါ့ ဘယ်သူ့မျက်နှာ ကြည့်လိုက်ကြည့်လိုက် ဒေါသနဲ့ အဆီဝေ့ ရာသီ ကလည်း ပူနေပြီကိုး…………။ ဟိုနေရာ ဘာဖြစ်သလို ဒီနေရာမှာ ညာဖြစ်သလို သလိုလိုတွေနဲ့ကောလဟာဠ ကြောက်တတ်သူတွေကို သတ်နေသလိုပါ့ ဘယ်နေရာ ဘာဖြစ်ဖြစ် ကိုယ့် ပစ္စည်း ကိုယ့်အမိုးအောက်ရောက်ရေး သယ်ပေး သယ်ပေး….။ အဲဒိလိုနဲ့ နေ့ကို ဒေါသနဲ့ မောင်းနှင်ပြီး ညနေကျမှ ဝမ်းကဟာလာကြလေရော………။ ရှိတာနဲ့ဖြစ်သလိုစားသောက်ပြီး သကာလ ညကို သောကနဲ့ဖြတ်သန်းကြရဦးမယ် ….။ အဲဒိညကတော့ ညတစ်ကာတို့မှောင်တာထက်တောင် မှောင်ပါရဲ့ ဟိုဟို ဒီဒီ ချိုးချိုး ချွတ်ချွတ်သံကြားလေးတိုင်း ခေါင်းထောင်ကြည့်ရတာအမော …….။ 88 တုန်းက တစ်ခါ […]


naywoon niMarch 17, 20131min1738
လေတစ်လုံးမိုးတစ်လုံးနဲ့ မိုးပြော ဂျိုးပြော ဇလီဖားတုံး သွားကြားထိုးပြီး မီးရထားသံလမ်း ခါးပတ်ပတ်မယ်လို့ပြောလိုပြော သူ့လက်ညှိုးနဲ့ပဲထိုးလိုက်ရင် ကောင်းကင်ကြီးပေါက်ပြီး ချက်ချင်းပဲ ရတနာမိုးရွာတော့မလိုလို ဘယ့်နဲ့ဗျာ …… သူကိုင်ထားတဲ့ ပုဝါထဲက ငှက်ကလေး ပျံထွက်သွားမယ်ဆိုလို့ အမေခိုင်းထားတဲ့ အလုပ်တွေမေ့ထားပြီး စောင့်ကြည့်နေတဲ့ ဒီကောင်လေးကိုမှအားမနာ ပြမယ်ပြောတဲ့ ပြကွက်ကိုမပြသေးပဲ ဟိုသေတ္တာထဲက မြွေတွေ သူထုတ်နေပြန်ပြီ….။ ပြီးတော့ ဒီမြွေတွေ ဘယ်လောက်အဆိပ်ပြင်းတယ်ဆိုပြီး အလမ္မာယ်ပြပြီး မြွေနိုင်ဆေးရောင်နေတော့တာပဲ ……။ သူစောစောကပြောထားတဲ့ စကား မေ့သွားပြီနဲ့တူရဲ့ ….။ သူ့လက်ထဲ ကိုင်ထားတဲ့ ပုဝါထဲက ငှက်ကလေးပျံထွက်သွားမယ်ဆိုတာ လေ…….။ ဒီလိုနဲ့ပဲ နေက အတော်ပူလာပြီ ငါ့ကိုအမေရိုက်ခံရတော့မယ် ……။ စိုးရိမ်စိတ်နဲ့ဆက်ကြည့် မျက်လှည့်ဆရာကတော့ သူပြောတဲ့ပြကွက် သူမေ့သွားပြီနဲ့တူရဲ့ သူ့မြွေတွေ သူပြန်သိမ်း ဆေးရောင်းရတဲ့ပိုက်ဆံတွေကို ဆုပ်ကိုင်ရင်း မျက်လှည့်လာကြည့်သူတွေကိုကျေးဇူးတင်ကြောင်းပြောပြီး […]


naywoon niMarch 17, 20131min703
သတိ တရားမရှိတတ်တဲ့ လျှပ်ပေါ်လောလီတတ်သူငဲ့ ဒီလိုသာဆက်သွားနေရင်တော့ တစ်နေ့ မင်း…. ဝက်စာဖြစ်သွားတော့မယ်……။ နွားဆွဲတဲ့ကောက်ရိုးပုံဘဝ မင်းရောက်သွားရတော့မယ် …..။ နိုင်ငံရေးသတိ ဘာသာရေးသတိ လူမျိုးရေသတိ သတိ သတိ သတိ ရှိစေဖို့ပါ…..။ အမျိုးအနွယ်ကို မချစ်တတ်ရင်တောင်မှ ကိုယ့်ကိုကိုယ်တော့ မှန်မှန်ကန်ကန် ချစ်တတ်မယ်ဆိုရင် ငါပြောနေတဲ့ သတိ ဆိုတဲ့ဆိုင်းဘုတ်အောက်မှာ မင်းရပ်တည်နိုင်မှာပါ…။ အဲဒိလိုမဟုတ်ပါပဲ ဝင်္ကဘာလိုလမ်းတွေထဲမှာ ဆင်ကန်းတောတိုးနေလို့ကတော့ လျှပ်ပေါ်လော်လီနေလို့ကတော့ မင်းတစ်နေ့ ဝက်အစားခံရတော့မယ်………. နွားဆွဲခံရတဲ့ ကောက်ရိုးပုံ မင်းဖြစ်သွားတော့မယ် ………။ အဲဒိအချိန်ရောက်ရင်တော့ ဘယ်ဘုရားရှင်ကမှ မင်းကို လာကယ်နိုင်မှာမဟုတ်ပေဘူး ….။ နေဝန်းနီ


naywoon niMarch 15, 20131min1087
မမေ့နဲ့ ခင်ဗျားဟာ ဒီမြေပေါ်မှာနေတာ ……။ မမေ့နဲ့ ခင်ဗျားဟာ ဒီမြေအောက်ကရေကိုသောက်သုံးနေတာ ……….။ မမေ့နဲ့ ခင်ဗျားဟာ ဒီမြေထွက် သီးနှံ အစာအဟာရနဲ့ အသက်ဆက်နေတယ်ဆိုတာ ….။ မမေ့နဲ့ ခင်ဗျားဟာ ဒီမြေကြီးကို အကာအကွယ် ပေးရမယ်ဆိုတာ …..။ ဒီလိုမှမဟုတ်ပဲ ကိုယ်နေတဲ့မြေကြီး ကိုယ်သောက်နေတဲ့ရေ ဒီအပေါ်ကထွက်တဲ့ အစာအဟာရ မှီဝဲနေပြီးတော့ မကာကွယ် မထိန်းသိမ်းပဲ အဆပ်ခပ်နေမယ်ဆိုရင် ဒီနေရာကမြေကိုဖဲ့ ဟိုဖက်တစ်နေရာ ပို့နေမယ်ဆိုရင် ဒီမြေရဲ့ ကျိမ်စာ အရမ်းကြောက်ဖို့ကောင်းတယ်နော်….။ ဒီမြေပျက်စီးခြင်းနဲ့ ခင်ဗျားပါ ဒီလောကကြီးကပျောက်သွားလိမ့်မယ် ……။ ဒီတောင်တွေ ပျောက်သွားခြင်းနဲ့ ခင်ဗျားပါ ဒီလောကက ထွက်သွားရလိမ့်မယ်….။ ဒါဟာ ထိုက်တန်သူအတွက် တန်ရာတန်ကြေး ပေးဆပ်ရခြင်းပဲ……။ နေဝန်းနီ


naywoon niMarch 6, 20131min17911
ငါ ငယ်ငယ်ကတည်းက ဗုဒ္ဓရဲ့ အဘိဓမ္မာကို မသိခင်အချိန်က ကိုရမ်ကျမ်းဆိုတာမကြားဖူးခင် အချိန်က သမ္မာကျမ်းစာ ကိုမတွေ့ဖူးခင်က ကျားရွှေ့နည်းနဲ့ စစ်တုရင် စာအုပ်တွေဖတ် မိကတည်းက ငါ……… လူတွေကိုမယုံတတ်တော့တာ ….။ ဘယ်နဲ့ဗျာ ……… ကျားလေးတစ်ကောင်းစားရဖို့ အရေး ပွန်းလေးတစ်ကောင်မိဖို့အရေးတောင် ဒီလောက် ပရိယာယ်များနေတာ ဒီထက်အရေးအရာပါတဲ့ အရာတွေဆိုရင် ဆို့တဲ့ အတွေးမျိုး ငါ့ခေါင်းထဲမှာ သံမှိုတစ်ချောင်းလိုစိုက်ဝင်နေခဲ့တာ အဲဒိတော့ ငါ့ကိုယ်ငါတောင် သိပ်မယုံကြည်ခဲ့တာကြာပေါ့ ……။ အဲဒိတော့ ဘာလာပြောပြော ငါကတော့မယုံ ဟိုသတင်းလည်းမယုံ ဒီအသင်းလည်းမယုံ ကိုယ်တိုင်မှ မကြုံ ဖူးတာဆိုရင် ဘာကိုမှမယုံ ………..။ ဝေန်းနီ


naywoon niMarch 2, 20131min1235
အမှားတဲ့….. ကားကနဲပဲ ကျည်သင့်သွားတဲ့သားကောင်တစ်ကောင်လို “ဘုန်း” ကနဲလဲကျ သွားပြန်ပြီ………။ “ ကျွန်တော်တို့ မှားခဲ့ပါတယ် ” တဲ့ ပြောလိုက်တဲ့စကားတစ်ခွန်းအောက်မှာ နလန်ပြန်မထူနိုင်တဲ့ သတ္တဝါတွေက အတုန်းအရုန်း အဲဒိလိုပြောခဲ့ပြီးတဲ့နောက် ……… နောက်တပ်အမှားတွေ ကျူးလွန်ဖို့ပြင်ဆင်နေလေရဲ့..။ ဒါနဲ့ပဲ တစ်ချိန်က နာမယ်ကြီးခဲ့တဲ့ ဆရာမောင်သစ်မင်းရဲ့ သီးချင်းစာသားလေးရေရွတ်ရင်း………… “ လူဆိုတာ xxxx အမှားအယွင်းအားလို့ပေါင်းစပ်ထားတဲ့အရာ……… ပိုင်ဆိုင်ရာ ပညတ်ချက်က ရုပ်ဝတ္ထုမျှသာ” အောင်မလေး ဆရာသစ်မင်းရယ် ဆရာရေးခဲ့တဲ့သီချင်း ဘယ်သူတွေကိုများ ကြည့်ပြီးရေးခဲ့သလဲဗျာ အခုလည်း………. ရုပ်ဝတ္ထုတွေ ပိုင်ဆိုင်ဖို့အတွက်နဲ့ အမှားအယွင်းတွေပေါင်းစပ်ထားတဲ့ သတ္တဝါတစ်စု အမှားခံ သတ္တဝါတွေကို စတေးနေဆဲ………..။ ငယ်ငယ်တုန်းက “စုန်းဆိုတာကိုမယုံဘူး” ကဝေ ဆိုတာကို ‘ဟင့်အင်း’ သွေးစုပ်တဲ့ဖုတ်ကောင် မရှိနိုင်ပါဘူးလို့ယုံထားခဲ့တာ တစ်ကယ်တော့ အဲဒိအမှားအယွင်းတွေနဲ့သတ္တဝါတွေက မယုံခဲ့တဲ့ ‘စုန်း’တွေ […]


naywoon niMarch 2, 20131min983
ပိန်းပိတ်မှောင်နေတဲ့ အမှောင်ထဲမှာ ငါ…… ပြေးနေတယ်…။ ဟိုး……… ခပ်လှမ်းလှမ်းက အသံတစ်ခုဟာ ငါ့ဦးတည်ချက် ငါ့ရဲ့ပန်တိုင် ပြေးသာပြေးနေရတယ် အမှောင်ထဲမှာ ပြေးလမ်းကိုမမြင်ရ ဘေးကိုရှော်ရှော်ထွက်ပြေးနေမိ အသံလာရာနဲ့ချိန်ကိုက် ပြေးလမ်းကိုပြန်ပြန် ပြောင်းနေရတာပ…..။ ငါ့ဦးတည်ရာ အသံလားရာကလည်း နီးလာလိုက် ဝေးသွားလိုက် နိမ့်လာလိုက် မြင့်သွားလိုက်နဲ့ အားသွန်ခွန်စိုက် တစ်စိုက်မတ်မတ်သာပြေးလာရတယ် ခရီးဘယ်လောက်ရောက်လာပြီလဲဆိုတာက အမှောင်ထဲမှာ မှန်းဆလို့မရ အဲဒိလိုနဲ့ပဲ အသံတွေနဲ့ပြေးတမ်းလိုက်တမ်း ကစားနေခဲ့ရတာ နှစ်ပေါင်းလေးဆယ်တောင်ကျော်လာပါပကောလား …………..။ နေဝန်းနီ


naywoon niOctober 17, 20121min19211
အတွေးတစ်စကနေ နောက်တစ်စ အတွေးစတွေဆက်….ဆက်ပြီး လွင့်မျောနေပုံက ဆေးလိပ်မီးခိုးတွေလို တိမ်ခိုးတွေလို………. အဲဒိလိုနဲ့ အတွေးတွေ ခရီးသွားပုံက ပိုပိုမြန်လာပြီး ရထားတစ်ဆင်းလို အရှိန်ပြင်းပြင်းခုတ်မောင်းသွားပြီ….။ ငါမောင်းနှင်နေတဲ့ အတွေးရထားက ဘယ် ဘူတာရုံမှာ မှလည်းမရပ် ရပ်စရာလည်းဘရိတ် မတပ်ထားမိဘူး ခက်ချည်ရဲ့………။ အဲဒိလို နဲ့မောင်းနှင် မောင်းနှင် နေရင်းနဲ့ ငါကိုယ်တိုင်လည်း ရထားပေါ်တက်လိုက်သွားခဲ့မိပြီ….။