မိန်းခလေးများသည် သူတို့၏ မာယာဓာတ်ခွဲခန်းထဲ၌ အနမ်း အယ်ကာလီ နှင့် အပြုံးအက်စစ် တို့် ပေါင်းစပ်ပြီး ယောက်ျားများ မျက်ရည် ထွက်ရန် ဖော်ထုတ်နေကြသည်….။ အကြင်နာမိုးတိမ်လွှာနှင့် ရင်ခုံစရာ ဖော်မြူလာတို့ပေါင်းပြီး အချစ် မာကျူရီ နှင့် စပ်ကာ အလှရူပကာ ကို မာယာချယ်သ နေသည်မှာ သူတို့၏ မွေးရာ ပါ ဒီပလိုမာပင် ဖြစ်သည်…။ ဖြည်းညှင်းစွာ သိမ်မွေ့၍ ဓားသွားမက ထက်သည့် အကြည့်နှင့် ယောက်ျားသား များအသည်းအား ပရယ်တီကယ် လိုကစားတတ်သော မိန်းကလေးများ၏ ဇီဝနည်းကျ မာယာများသည် ဂင်းနစ်မှတ်တမ်း တင်လောက်ပေသည်…။ မိန်းခလေးများသည်..သူတို့၏ အလျားမတူသောမျက်ခုံး အနံကျဉ်းသောမျက်ခုံး စက်ဝိုင်းဆန်သောမျက်စံနှင့် စကားပြောတတ်သောပညာသည် ဆဋ္ဌဂံ ကျကျ ပညာပင်ဖြစ်သည်..။     ။


ချစ်လိုက်တော့လည်း သည်းသည်းလှုပ် နှုတ်ခမ်း က ကျိန်စာတွေလည်း ပြယ်ပျက်လို့၊ လမ်းဘေးက အပင်တွေတောင် အဖူးတွေ အပွင့်တွေ နဲ့လှလို့ ပလို့၊ အပြာရောင်တွေတောင် အနီတွေအဖြစ်ကိုပြောင်း မိုးရွာမယ်ဆိုတာ ကိုသိလျက်နဲ့ နှလုံးသား ကို နေထုတ်လှမ်းခဲ့တယ်။    ။ ဖြူလျော့လျော့ အိပ်မက်တွေ ထဲ က မြေနီလမ်းရယ် ကန္တာရ လေနှီကြမ်းနဲ့ အတူ ရွာနေတဲ့မိုး က မီးကိုတောင် ရှင်သန်စေခဲ့တယ်။   ။ အကြင်နာတွေ ရင်ခုံလက်စ နှလုံးသား ပန်းတစ်ပွင့်ရဲ့ ဒဏ္ဏာရီ အဆုံးမှာ ကိုယ့်အိပ်မက်နဲ့ ကိုယ် ပဲ ဝါးလုံးခေါင်းထဲ လ သာတော့မယ်….။     ။


မတ်လ နေ့လည်နေ့ခင်းအချိန်၊ အပူတပြင်းတိုက်ခတ် လာသော လေပူများကြား ကြွေလွင့်နေသော သစ်ရွက်အိုဟောင်းလေး များက လေဟုန်စီးပြီး ပျော်ပါးနေသလိုပင်။ အငြိုးတကြီး ဖြင့် ခြစ်ခြစ်တောက် ပူခြစ်လှသော နေမင်းကလည်း ခေါက်ထီးလေးတစ်ချောင်းအောက် ထိုင်နေသော ကျွန်တော် တို့ အတွဲအား ကွင်းကွက် ၍ ထိုးထားသလိုဖြစ်နေသည်။နားထင် မှ တွယ်စီး လာသောချွေးစက်များအား လက်ဖမိုးနှင့် ပင့်သုတ်လိုက်သည်။ ” ကို… ထား ဟိုနေ့ကသူငယ်ချင်းတွေ နဲ့ လျှောက် သွားတာကို ကို စိတ်ဆိုးနေတာလား ဟင်… ” ထား ဆီမှ ပထမဆုံးအသံပင်။ ကျွန်တော် ထား ၏ လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။ ” မဟုတ်ပါဘူး ထားရယ်..ကို နားလည်နိုင်မှာပါ… ” ဟုဆိုပြီး သက်ပြင်းဖွ ဖွလေးချမိသည်။ ထား […]


မှိတ်သည့်မျက်လုံး မြင်မဆုံးအောင် အိပ်မက် အလယ် အလှကြွယ်..။ ။ ချိုသာစကား သူယောင်ဖျားလို့ တခမ်းတနား ဖမ်းစားတယ်..။ ။ ပြုံးသည့်အပြုံး အလှဆုံးမို့ အသည်းမခိုင် ရုန်းမနိုင်..။ ။ // // အကြည့်တစ်ချက် သတိပျက်လို့ တဒင်္ဂလည်း ရင်မှာစွဲ..။ ။ ပြန်စာမပေး ရံခါဝေးလည်း မှန်ရာတွေးလို့ ဆွေးနေတယ်…။ ။ အနေတွေဝေး ကမ္ဘာဆွေးလည်း စိတ်ချင်းကြိုးသွယ် မြတ်နိုးမယ်…။ ။ (၂၀)နှစ်ဆယ် ရာစု စကားစုနဲ့ မင်းကိုရစ်တွယ် ကို ချစ်တယ်..။ ။


နှင်းဆီ နှုတ်ခမ်း ပန်းရောင် လွှမ်းလို့ အပြိုင် အနမ်း ၊ လွမ်းလေပြီ။ ။ ထနောင်းအိပ်မက် အဆိပ်တက်လို့ တွဲချီလက်လည်း ၊ ငတ်လေပြီ။ ။ ကြင်နာသွေယွန်း ဘော်ငွေစွန်းလို့ မျက်ရည်စ လည်း ၊ ခလေပြီ။ ။ မျှော်သူအလွမ်း အပြန်လမ်းကို ရော်ကာမှန်းလို့ပန်းလေပြီ။ ။ အများမမြင် တပါးရင်မှာ ပျော်မှာပါလေ ပျော်ပါမေ။ ။ ကွဲသူ့အသည်း ပုလဲတွဲလို့ မျှော်မှာပါလေ မျှော်မှာလေ။ ။


မှိတ်သည့်မျက်လုံး မြင်မဆုံးအောင် အိပ်မက် အလယ် အလှကြွယ်..။ ။ ချိုသာစကား သူယောင်ဖျားလို့ တခမ်းတနား ဖမ်းစားတယ်..။ ။ ပြုံးသည့်အပြုံး အလှဆုံးမို့ အသည်းမခိုင် ရုန်းမနိုင်..။ ။ အကြည့်တစ်ချက် သတိပျက်လို့ တဒင်္ဂလည်း ရင်မှာစွဲ..။ ။ ပြန်စာမပေး ရံခါဝေးလည်း မှန်ရာတွေးလို့ ဆွေးနေတယ်…။ ။ အနေတွေဝေး ကမ္ဘာဆွေးလည်း စိတ်ချင်းကြိုးသွယ် မြတ်နိုးမယ်…။ ။ (၂၀)နှစ်ဆယ် ရာစု စကားစုနဲ့ မင်းကိုရစ်တွယ် ကို ချစ်တယ်..။ ။


သတ္တနွေးနွေး လှိုင်းဖွေးဖွေးနှင့် လမင်းငိုသံ ရှုံ့ရှုံ့ညံ၍ မိုးအောက်မြေပြင် ဂေါ်သဇင်သည် ဖူးပွင့်ရွှင်လန်း ဤညချမ်း၌ ဘဝအသစ်စနေ၏။   ။


ပရဟိတ လက်ထဲမှာ ဓားလည်းမပါဘူး.. တုတ်လည်းမပါဘူး… ပိုက်ဆံလည်းမပါဘူး… အာဏာလည်းမပါဘူး… ကိုယ့်ရှိရာ ကိုယ့်အသည်းသာ လက်ပေါ်ထပ်လို့ လိုအပ်တဲ့ (မေတ္တာငတ်တဲ့) ရင်ခွင်ကို နွေးထွေးသွားစေရုံလေးပါ။ ပညာလည်းမပါဘူး… မာယာလည်းမပါဘူး… ဂုဏ်တွေလည်းမပါဘူး… မာနတွေလည်းမပါဘူး…. ကိုယ့်ရှိရာ ကိုယ့်အပြုံးသာ ဆင်မြန်းလို့ လိုအပ်တဲ့ ( နှလုံးသားရှိရာ ) ရင်ခွင်ကို အေးချမ်းစေရုံလေးပါ။


အဟမ်း……အဟမ်း……အခုအလှည့်ကျလို့တင်ဆက်….အမြင်ကပ်ရမှာကတော့ဖြင့်…ကျနော် တို့ ရန်ကုန်ဆိုတရွာစွန်ရွာဖျားကို ရောက်နေလေတဲ့…တောသားကြီး ကျူးငယ်  ဖြစ်သဗျ….(တေသံတော့ပါရသပေါ့လေ)…အဲ…တောသားကြီးဆိုပေမယ့်….သဘောထားကြီးမယ် မထင်နဲ့နော်….သူများက ၁ လုံးပြောရ င် သူက ၂လုံးကျောချင်တဲ့ဆန္ဒသကိုး….(စကား ကိုပြောပါတယ်…)..ဒါနဲ့ ရန်ကုန်ဆိုတဲ့ ရွာရောက်သပေါ့……အဲ မြင် မြင်သမျှ တေကအဆန်းတွေဗျ……တဲတွေများမိုးထိလို့…(အဟိ)…အော် ရွာသူတွေများ..အဝတ်ရှားသပေါ့နော်…..ငါတို့ပုသိမ်မြို့မှာလိုမြို့ကြီးမှာဖြင့်..ပေါပုံများ..(ဘေဘေစတိုးဆိုလား)…လမ်းမထက်တောင် ချရောင်းတယ်နော့….ကဲစကားကဆက်ရပြန်ပေါ့..အဝတ်များရှားတယ်ထင့်…ပင်နီငယ်ဖျင်တစ်ပိုင်းရယ်…စလွယ်သိုင်းသလားမှတ်ရတယ်…တောသူမအ ကိတ်ကြီးအကိတ်လေးတို့ရယ်….အော်…တိုတိုအဲ လေ ကိုကို တို့ ကလည်း…ဂေါသပနော်…စကားပြောရင်  ဂျွတ်(စ်)တယ် ဂျွတ်(စ်)တယ် ကပါးစပ်က မချဘူး…..ငါးကျော်ကိုက်သလားမှတ်ရတယ်…….အဲ ခပ်မြင့်မြင့်တဲ တစ်လုံးရှေ့ရောက်ခဲ့သဗျ…….နာမကတော့..ယုဇနဆိုလားဘာလား..လဘက်နာမည် နဲ့တူသဗျ…အဟဲ..မရှိတဲ့ဆံပင်လည်းသပ်…..ကော်လံလေးလဲမတ်လို့ပေါ့ခပ်တည်တည်နဲ့ဝင်ချသွားတာ..ကြီးတော်ကြီးပြောတဲ့ ဒရယ်ကူလာလား သမင်ကူလာလားတော့မသိ ဒရတ်ကူလာပါ ) သွေးစုပ်ဖုတ်ကောင်လားအဲ…. သွေးစုပ်ဖုတ်ကောင်ဆိုလို့ပြောရဦးမယ် …ကျွပ်တို့ခပ်ငယ်ငယ် ၁ရ / ၁၈ နှစ်တုန်းကပေါ့ ….ကောင်လေးတွေကောင်မလေးတွေကို သွေးစုပ်ကောင်တွေလို့ နောက်ရင် သွေးဖုတ်စုပ်ကောင် လို့ပြောင်းခေါ်တယ် … ဟသတစ်ခုပေါ့….ခုနကစကားဆက်ရပါ့…အဲ အဲလိုကောင်မျိုးတွေထင်ပါ့ မျက်နှာချေတွေလိမ်းထားတာများ ထုံးပက်ထားသလားများမှတ်ရတယ်နော့်..နောက် ထူးသလားဆိုတော့… ထူးသဗျဓါတ်ရင်ထဲကနိုင်ငံခြားသူလေးတွေကျနေတာပဲ… […]