Ma MaMay 1, 20111min27624
တစ်ခါတုန်းက မြို့ပေါ်က လူငယ်နှစ်ယောက်ဟာ အားလပ်ရက်မှာ တောရွာလေးတစ်ရွာကို သွားလည်ကြတယ်။ မြစ်ကမ်းဘေးမှာ ရှိတဲ့ အဲဒီရွာလေးမှာ အေးအေးဆေးဆေး ၂ရက် ၃ရက် နေထိုင်ကြတယ်။ မြို့နဲ့အလှမ်းဝေးတဲ့ အဲဒီရွာလေးမှာ မြို့သားနှစ်ယောက်ဟာ ပေါ်ပြူလာပေ့ါ။ သူတို့နှစ်ယောက်ဘေးမှာ မြို့အကြောင်း၊ အဝတ်အစား၊ အနေအထိုင်အကြောင်း သူတို့သိချင်တာတွေ လာပြီးမေးမြန်းပြောဆိုကြတဲ့ ရွာသူရွာသားတွေ ဝိုင်းဝိုင်းလည်နေတာပဲ။ ဒီလိုနဲ့ ရက်နဲနဲကြာလာတော့ သူတို့နှစ်ယောက်ဟာ ပျင်းပျင်းရှိတာနဲ့ ငါးမျှားချင်စိတ်ပေါက်လာတယ်။ အဲဒါနဲ့ နှစ်ယောက်သား ငါးမျှားတံတွေယူပြီး မြစ်ကမ်းရှိရာဖက်ကို ငါးမျှားဖို့ ထွက်လာကြတယ်။ သူတို့နှစ်ယောက်ဟာ ငါးမျှားနေလိုက်ကြတာ အချိန်တော်တော်ကြာတဲ့အထိ ငါးတစ်ကောင်မှ မရဘူးတဲ့။ အဲဒီအချိန်မှာ ရွာသားတွေကတော့ ငါးတွေရပြီး ရွာထဲပြန်ပြန်သွားကြတာကို တွေ့ရတယ်။ အဲဒီတော့ မြို့သားနှစ်ယောက် စဉ်းစားမိတာက ငါတို့ဟာ မြို့သားတွေဖြစ်ပြီး တောသားတွေလောက်တောင် အဖြစ်မရှိရင် သိက္ခာကျတယ်ဆိုပြီး ငါးရလာတဲ့ […]


Ma MaApril 30, 20111min14713
တစ်ခါတုန်းက တောကတက်လာတဲ့ လူကြီးတစ်ယောက်ဟာ မြို့ပေါ်မှာ ကြီးပွားတိုးတက်နေတဲ့ သူ့သူငယ်ချင်းရဲ့သားကို တွေ့ဖို့သွားတယ်။ အဲဒီသူငယ်ချင်းရဲ့သားဟာ ကုမ္ပဏီသူဌေးဖြစ်နေတယ်။ လူကြီးရောက်သွားတဲ့ အချိန်မှာ ကုမ္ပဏီရုံးခန်းမှာ မရှိဘူး။ သူ့ရုံးခန်းရှေ့မှာ စောင့်ရင်းစာဖတ်နေတဲ့ ရုံးလုလင်လေးကိုပဲ တွေ့ရတယ်။ လူကြီး။ ။ ဟေ့ သူငယ် မင်းဆရာ မရှိဘူးလား။ ရုံးလုလင်။ ။ မရှိဘူး။ လူကြီး။ ။ ဘယ်သွားလဲ သိလား။ ရုံးလုလင်။ ။ မသိဘူး။ လူကြီး။ ။ ဘယ်အချိန် ပြန်လာမလဲ။ ရုံးလုလင်။ ။ မသိဘူး။ လူကြီး။ ။ သူပြန်လာရင် မြောင်းမြက ဦးစိန် လာတယ်လို့ ပြောပေးပါကွယ်။ (ရုံးလုလင်က စာဖတ်မပျက် နေရာကနေ) ရုံးလုလင်။ ။ ဟုတ်။ လူကြီး။ ။ […]


Ma MaFebruary 22, 20111min23013
ပထမဦးဆုံး ကမာ္ဘကသိတဲ့ တောမြို့လေးမှာ မွေးဖွားလာခဲ့ရတာကိုလည်း ကျေနပ်တယ်။ ထက်မြက်သွက်လက်ပြီး မိသားစုအပေါ် လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်တဲ့ ဖခင်ရရှိခဲ့တာကိုလည်း ကျေနပ်တယ်။ သားကိုသခင်၊ လင်ကို ဘုရားလို ပြုစုပြီး တည်ငြိမ်အေးချမ်းတဲ့ မိခင်ရရှိနေတာကိုလည်း ကျေနပ်တယ်။ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ မောင်နှမတွေ အများကြီးရှိတာကိုလည်း ကျေနပ်တယ်။ မောင်ငယ်၊ ညီမငယ်တွေကို ညှာတာတတ်တဲ့ အစ်ကိုတွေ၊ အစ်မတွေဆီမှာ အငယ်ဖြစ်ရတာကိုလည်း ကျေနပ်တယ်။ ကိုယ်ကလည်းချစ်တဲ့၊ ကိုယ့်ကိုလည်းချစ်တဲ့ တူတွေ၊ တူမတွေ အများကြီးရှိတာကိုလည်း ကျေနပ်တယ်။ မိသားစုတာဝန်ကို ကြီးလေးတယ်လို့ထင်ပေမယ့် အဲဒါကို ထမ်းဆောင်နေနိုင်တာကိုလည်း ကျေနပ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြောမနာဆိုမနာနဲ့ မောင်နှမအရင်းတွေလို ခင်မင်ခဲ့ရတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ အများကြီးရှိခဲ့တာကိုလည်း ကျေနပ်တယ်။ စားချင်တာစား၊ သွားချင်ရာသွားပြီး ဒီနေ့စလင်းဘော်ဒီ ခေတ်မှာ ပုလင်းဘော်ဒီ ဖြစ်နေတာလည်း […]


Ma MaFebruary 2, 20111min21017
မြန်မာပြည်မှာနေတဲ့လူတွေတော့ ကြားဖူးကြလိမ့်မယ်ထင်တယ်။ မကြားဖူးတဲ့လူတွေသိရအောင် ပြောပြချင်ပါတယ်။ တစ်ခါတုန်းက ဒိသာပါမောက္ခကြီးဆီကို ပညာသင်ကြားဖို့ လူငယ်နှစ်ယောက် ရောက်လာကြတယ်တဲ့။ တစ်ယောက်သောလူငယ်က ဉာဏ်ပညာထက်မြက်ပြီး၊ နောက်တစ်ယောက်ကတော့ နုံချာတယ်တဲ့လေ။ ဉာဏ်ပညာထက်တဲ့ လူငယ်က ဆရာကြီးသင်ကြားပေးသမျှ ပညာတွေကို အကုန်လုံးလေ့လာပြီး တတ်မြောက်သွားသော်လည်း ဉာဏ်နုံတဲ့လူငယ်ကတော့ ဘာမှ မတတ်မြောက်ဘူးတဲ့။ ပညာသင်ကြားပြီးလို့ ကိုယ့်ရပ်ရွာပြန်တဲ့အခါ အသက်မွေးမှုပြုနိုင်အောင် ဆိုပြီးတော့ ဉာဏ်နုံတဲ့လူငယ်ကို ဆရာကြီးက အိုးဖုတ်နည်းတစ်ခုတော့ သင်ကြားပေးလိုက်တယ်တဲ့။ အဲဒီလိုနဲ့ ဉာဏ်နုံတဲ့လူငယ်ဟာ သူတတ်တဲ့ပညာနဲ့ အိုးဖုတ်ပြီး အသက်မွေးဝမ်းကြောင်းပြုလာလိုက်တာ ဆရာကြီးဆီကို တစ်နှစ်တစ်ခါ လက်ဆောင်ပစ္စည်းတွေပို့ပေးနိုင်တယ်တဲ့။ ဒါပေမယ့် ဉာဏ်ထက်တဲ့ လူငယ်ကတော့ တတ်ထားတဲ့ ပညာတွေ တစ်မျိုးပြီး တစ်မျိုးသုံးပြီး အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းလာလိုက်တာ လုပ်ငန်းတွေ မအောင်မြင်ပဲဖြစ်နေတယ်။ အဲဒီအခါမှာ အဲဒီလူငယ်စဉ်းစားမိတာက ဆရာကြီးက ဟိုတစ်ယောက်ကိုတော့ ပညာကုန်သင်ပေးလိုက်ပြီး ငါ့ကျတော့ […]


Ma MaJanuary 7, 20111min27413
ဓါတ်ပုံတွေကို ဝါသနာပါလို့ ကြိုက်တဲ့ပုံလေးတွေတွေ့ရင် ဒေါင်းလုပ် လုပ်ပြီး ယူထားတတ်ပါတယ်။ (မဝေတင်ထားတဲ့ ပုံတွေတောင် ယူထားသေးတယ်။)   အဲဒီထဲကမှ  ဟိုးးးးးးးးအရင်တုန်းက ဒေါင်းလုပ်လုပ်ထားတဲ့ ပုံလေးတစ်ပုံကိုကြည့်ပြီး ခုရက်ပိုင်းမှာ အတွေးတွေ များသွားခဲ့ရတာကို မျှဝေချင်ပါတယ်။ ပုံထဲမှာ စွန်ရဲတစ်ကောင်က (စွန်ရဲလား၊ သိန်းငှက်လားတော့ မသေချာဘူး၊ တော်ကြာအဲဒါကို complaint တက်လာမှာစိုးလို့ ကြိုကာထားတာ။) ငါးတစ်ကောင်ကို သုတ်ချီသွားတဲ့ပုံပါ။   ကူးယူတုန်းကတော့ ပုံလေးကအသက်ဝင်လို့၊ ရိုက်ချက်ကို သဘောကျလို့ပေါ့။ ဒါပေမယ့် အမြင်တစ်မျိုး ပြောင်းသွားတဲ့အခါကျတော့ ……………… စွန်ရဲအနေနဲ့ ငါ့ဝမ်းပူဆာ မနေသာလို့ စားရတယ်ဆိုပေမယ့် ယက်ကန်ယက်ကန်နဲ့ စွန်ရဲရဲ့ ခြေထောက်ကြားမှာပါသွားတဲ့ ငါးလေးခမျာမှာတော့ သူသေရတော့မှာပါလားဆိုပြီး အကြောက်ကြီး ကြောက်နေရှာပေလိမ့်မယ်။   သူလည်းလေ သက်ရှိသတ္တဝါပေမို့ သူ့အသက်ဇီဝိန်ကို ချစ်မြတ်နိုးရှာပေမှာပေါ့။ ငါးကလေးအတွက်တော့ […]


Ma MaDecember 13, 20101min26013
ကြက်သားကို ရေစင်အောင်ဆေးပြီး ဂျင်းနဲ့ ဆားအနည်းငယ်များများ ထည့်နယ်ပြီး ခဏထားပါ။ ရေကိုဆူအောင်တည်ပြီး ကြက်သားထည့်ပြုတ်ပါ။ အနေတော်ရင်ဆယ်ပြီး အသားနွှင်ပါ။ ကြက်သားကို နူးအိနေအောင် မပြုတ်ရပါ။ ဆန်ကိုရေဆေးပြီး ဆူနေသော ကြက်သားပြုတ်ရည်ထဲကို ထည့်ပြုတ်ပါ။ ဆန်ကိုတော့ နူးပြီးပျော့နေသည်ထိပြုတ်ပါ။ တရုတ်လို တုံဆိုင် (မုန်ညှင်းဖြူထုပ်ကို အခြောက်လှမ်းထားတာထင်တယ်။ သံဈေးမှာ ဝယ်လို့ရတယ်။) ကို ပါးပါးလှီးပြီးထည့်ပြုတ်ပါ။ သို့မဟုတ် ပွဲပြင်တော့မှ အပေါ်က ထည့်ဖြူးစားလျှင်လဲရပါတယ်။ အချိုမှုန့်စားလျှင် အနည်းငယ်ထည့်ပါ။ အရသာ အဆင်ပြေအောင် ဆားကို သင့်တော်သလို ထပ်ထည့်ပါ။ ပြီးလျှင် ကြက်သွန်ကြော်နှင့် နှမ်းလှော်တို့ကို သီးခြားစီ မှုန့်အောင်ထောင်းပါ။ ပွဲပြင်လျှင် ကြက်သား။ ကြက်သွန်ကြော်မှုန့်၊ နှမ်းလှော်မှုန့်ဖြူးပြီး နှမ်းဆီမွှေး အနည်းငယ်ဆမ်းပါ။ ကြိုက်တတ်လျှင် တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ကို ထည့်စားနိုင်ပါတယ်။ ဆန်ပြုတ်မသောက်ခင်ဆွေမျိုးစာရင်း အရင်ပြုစုထားဖို့ […]