ရွှေအိမ်စည်September 5, 20111min26428
ဝါဝင်ခါနီးနဲ့ ဝါထွက်တဲ့ အခါတွေမှာ ဆိုရင် ကျွန်ုပ်က အမြဲတမ်း ပျော်တတ်စမြဲ။ အကြောင်းကတော့ ကျွန်ုပ် မိခင်ကြီးက အိမ်မှာ ကိုးကွယ်ထားတဲ့ နတ်တွေကို ပူဇော်ပသရင်း နတ်တင်ပွဲလေး ပြုလုပ် တတ်သောကြောင့်ပင်။ နတ်တင်တဲ့ အချိန်ဆိုလျှင် ကျွန်ုပ်က မုန့်ဆီကြော်တို့၊ ငှက်ပျောသီးတို့ကို အလျှံအပယ် စားရတယ်။ အဲဒါအပြင် ဘဲဥတောင် အဆစ်ပါသေး။ သူများအိမ်တွေလိုတော့ ဗုံတွေ၊ ဆိုင်းတွေနဲ့ တီးလုံးသံတွေ ဆူညံနေပြီး အိမ်ထဲမှာ ကခုန်နေတဲ့ နတ်ကပွဲမျိုးတော့ မဟုတ်။ မိခင်ကြီး နတ်တင်တော့မယ် ဆိုရင် ကျွန်ုပ် ဝိုင်းဝန်း လုပ်ကိုင်ပေးရတာ မမောနိုင်ဘူး။ ဘယ် မောနိုင်ပါ့မလဲ။ နတ်တင်ပြီး ရင် စားရတော့မယ် ဆိုတာ ကျွန်ုပ်က သိနေတာကိုး။ ငယ်ငယ်တုန်းကတော့ ပျော်နေတာပဲ။ နတ်တင်ထားတဲ့ ဘဲဥ […]


ရွှေအိမ်စည်September 1, 20111min1999
ဖြစ်ရပ်မှန်ကားမောင်းပြိင်ပွဲကြောင့်..အပြစ်မဲ ့သူမထိခိုက်စေချင်ပါ   ည ဘက်ပြည်လမ်း IBC ရှေ့မှာ ..ကားအနက်ရောင်နှစ်စီးအပြိုင်မောင်းနေကြတာတွေ ့ဘူးကြမယ်ထင်ပါတယ်။ 28ရက် ည 9နာရီ45 မိနစ်မှာ ပြည်လမ်း IBC ရှေ့မှာ ယာဉ်တိုက်မှုဖြစ်တယ်။ တစ်ဘက်က ယာဉ်ကြောမှာ  ကားပြိုက်မောင်းကျရင်း  ဒီဘက်လမ်းကို အလယ်မှာကားထားတဲ့ တုံးကိုတိုက်မိပြီး လေထဲမှာလွင့်ပြီး တဘက်ယာဉ်ကြောမှာ   လမ်း ပေါ်က ကားပေါ်ကိုအရှိန်နဲ့ပြုတ်ကျလာတာ…အဲ ့ဒီ ့ပြုတ်ကျခံ ရတဲ ့ကားပေါ်မှာ ၃ ယောက်လုံး ဒါဏ်ရာရတယ် ။အမြင်မတော်တဲ့ taxi သမားက သူတို့လေးယောက်လုံးကို ဆေးရုံပို့လိုက်တယ်….တိုက်တဲ့ကောင်လေးက  ၁ရ နှစ်ပဲရှိသေးတယ်…အဲဒီကောင်လေးက ဆေးရုံရောက်ပြီးသေဆုံးသွားပါတယ်… …အခင်းဖြစ်ပြီးတော့ သူတို့ဘက်ကအဆင်ပြေအောင်လုပ်ပေးမယ်ပြောတယ်..။…နောက်တစ်နေ့ရက်လည်တဲ့အထိစောင့်ပေးပါလို့ပြောတယ်…။ ဒီနေ့အထိဆက်သွယ်ခြင်း..မေးမြန်းချင်းမလုပ်သေးပါဘူး။   ရိုးရိုးသားသားtaxiမောင်းစားတဲ့မိသားစုပါ…ခုဆေးရုံတက်နေရတော မိသားစုဝင်ငွေမရှိတဲ့အပြင်သူတို့ကားက လဲရောင်းထားပြီးသားဖြစ်နေတော့ တော်တော်လေးကို ဒုက္ခရောက်နေတယ်… ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေတယ်………တဘက်ကလည်းနာရေးရှိနေပြန်ပါတယ်။ ဝင်တိုက်တဲ ့ကားနံပါတ်က၂ခ-7939 […]


ရွှေအိမ်စည်August 25, 20111min1277
အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။ အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာပါလို ့ဆောင်ပါးလေးတစ်စောင်မှာ ဖတ်ဖူးမိပါတယ်..။ အချစ်နဲ့ ပက်သက်ပြီး လူတွေဟာ ကိုယ်လောက် ကိုယ့်ချစ်သူအပေါ်မှာချစ်နိုင်တဲ့သူမရှိဘူးဆိုပြီးခံယူချင်ကြတယ် ယူဆတတ်ကြတယ်။ အဲဒီအယူအဆတွေနဲ့အတူနောက်ဆက်တွဲ ပြဿနာတွေဖြစ်လာရင်လဲ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုပြီး ဖြစ်သမျှပြဿနာအပေါ်မှာ အရမ်းခံစားတတ်ကြတယ်။ ရည်းစားန ဲ့ကွဲကြတဲ ့ အခါမျိုးမှာပိုဆိုးပါတယ်…။ အရမ်းခံစားပြီး ကိုယ့်ကိုကို ဘယ်လိုမှမထိမ်းနိုင်ဘူးဆိုပြီး ရက်ရက်စက်စက်ကိုအသည်းကွဲတယ်လို ့ယုံကြည်နေမိတယ်။ကိုယ့်ကိုကိုယ်တောင် လက်ရှိရပ်တည်နေတဲ ့ဒီနေရာကပျောက်ကွယ်သွားချင်တယ်..။ တချိုု ့ဆိုသတ်သေရမလို ပြင်းထန်တဲ့ခံစားချက်တွေဖြစ်လာတတ်တယ်(တကယ်အချစ်ကြီးတတ်ခဲ ့ရင်ပေါ့)။ အဲသလို ဖြစ်လာခဲ့ပြီဆိုရင် အဓိက ယုံကြည်ထားရမှာက ကိုယ့်ကိုကိုယ် ဘာသာရေး အဆုံးအမတရားနဲ ့အရင်ဖြေရပါမယ်..။ ခွင့်လွတ်သည်းခံ စိတ်ကိုမွေးပြီးမှ စိတ်ထိမ်းချုပ်နိုင်တယ်ဆိုတာကိုပြသဖို ့ပါပဲ။ သိပ်တော့ မခက်ခဲပါလှပါဘူး…။ ကျမတို ့ကိုရီးကားတွေ ထဲ […]


ရွှေအိမ်စည်August 24, 20111min1033
ကာယ ့ကျင့်ခန်းတွေ အရမ်းလုပ်ခိုင်းတဲ ့ ကာယဆရာ ပြောင်းသွားတော့ အားလုံးထက် ကျွန်တော်က ပိုပြီး ဝမ်းသာခဲ ့ပါတယ်..။ ကျနော်က သူများလို ပြေးပြေးလွှားလွှား လည်းသိပ်မလုပ်နိုင်လို ့ပါ..။ ဆရာရဲ ့နေရာမှာ ပုံပြောကောင်းတဲ ့ဆရာမ အစားသစ် ရောက်လာခဲ ့တယ်။ ဆရာမအသစ်ဟာ..ကာယချိန်မှာ ကျွန်တော်တို ့ကို လေ ့ကျင့်ခန်း တခါတရံ မှာပဲ လုပ်ရပြီး ပုံပြင်တွေ ဘဲ ပြောပြနေပါတယ်။ ကစားချင်တဲ ့သူတွေ ရှိပေမဲ ့..ဆရာမရဲ ့စုန်း ၊ တစေ၊ သရဲပုံပြင ်တွေကြောင့် တစ်တန်းလုံး တိတ်ဆိတ်ပြီး နားထောင် နေကြပါတယ်။ ကျွန်နော့် အနေနဲ ့ကတော့..ကျွန်တော်တခါမှမကြားဘူးတဲ ့ပုံပြင်တွေ မို ့လို ့ပိုလို ့စိတ်ဝင်စားပါတယ်..။ […]


ရွှေအိမ်စည်August 23, 20111min17311
သို ့ သားချစ်သောအမေ ….. သား… ဒီစာကို အမေ အတွက် ရေးနေတဲ့အချိန်မှာ အမေဟာ…ဆိုးဝါးတဲ့ဝေဒနာကိုခံစားရင်း အားငယ်စွာနဲ့ ရှိနေမယ်ဆိုတာ သားသိပါတယ်အမေ၊ ဝမ်းနည်းခြင်း အားငယ်ခြင်းနဲ့အတူ အားကိုးစရာ၊ အားထားစရာ သား တစ်ယောက်ကလည်း အဝေးကြီးမှာမို ့လို ့ ရင်ထဲက နင့် နေအောင် အမေ ခံစားနေရမှာပေ့ါ ။ ဒါဟာ လူသားတိုင်းမှာ ရှိကြတဲ့ သဘာဝခံစားချက်မျိုး ပဲ မဟုတ်လား။ ဒါပေမယ့် ဘာသာရေးနဲ ့ တွေးကြည့် ပြန်တော့ ဒီလို ဝေဒနာတွေဟာ လူတိုင်းလူတိုင်း မလွဲမသွေ ကြုံ ့ တွေ့ရမှာဆိုတာ ကိုလည်း ….အမေ့ကို ပြောပြချင်ပါတယ်။ တစ်ကယ်တော့…သားတို ့တွေဟာ ကိုယ့်ဆန္ဒနဲ ့ကိုယ် သွား နေကျတဲ့ […]


ရွှေအိမ်စည်August 22, 20111min26819
လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။ လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။ လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။ လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ လူ့ဘဝမှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။ ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။ ဒါပေမယ့် အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။ […]


ရွှေအိမ်စည်August 21, 20114min32524
စားကောင်းပြီးခံတွင်းတွေ ့မယ့် အမေ ့အလွမ်းပြေ ခပ်ဆန်းဆန်းလေးဖြစ်သွားအောင်ငရုတ်သီးချက်စားကြရအောင်နော်။ ခုလိုရာသီလေးနဲ ့အကိုက်ဖြစ်တဲ ့အပြင်အမေ ့လက်ရာဟင်းတွေ ကတော့..တန်ဖိုးမများလှပါဘူး.။ ..ကျနော်တို ့တွေ ဘယ်နိုင်ငံ ကို ပဲရောက်နေရောက်နေ.. ဘာအစားအစာတွေ ပဲ စားနေရ ပါစေ..၊ .ဘယ်လိုဘဲ အကောင်းစားြတွေ စားရပါစေ အမေ ့ဟင်းလေးတွေ ကိုတော ့မှီမယ် မထင်မိပါဘူး..။ အစပ်အဟပ်တည့်လှတဲ ့အမေ ့လက်ရာအညာဟင်းလေး တွေကို သတိရလွမ်းဆွတ်မိကြမှာပါ..။ ကဲ စပြီးလွမ်းပြီနော် လိုတဲ့ပစ္စည်းတွေကတော့… အသားတု (သို့) မြေပဲ ပုဇွန်ခြောက်မှုန့် ကြက်သွန်ဖြူ/နီ နံနံပင် ငရုတ်သီးအတောင့်ပွ အစိမ်း….. ပဲနီလေး ကြာဇံ ခရမ်းချည်သီး ပထမဆုံးအနေနဲ့ မြေပဲကိုမညက်တစ်ညက်ထောင်းပါ။ ဆီချက်သတ်ပြီးမြေပဲထောင်းထားတာကိုထည့် ရပါတယ်။ ရေနဲနဲထည့်ပါ။ မြေပဲနူးပြီးပျော့သွားအောင်အတွက်ပါ။ သတ်သတ်လွတ်အတွက်ဆိုရင်တော့ပုဇွန်ခြောက်မှုန့်မထည့်ပါနဲ့။ သတ်သတ်မလွတ်ရင်တော့ပုဇွန်ခြောက်မှုန့်တွေကိုပါထပ်ထည့်ပြီးဆီသတ်ပါ၊ အရောင်တင်၊နနွင်းမှုန့်ထည့်ပါ။ […]


ရွှေအိမ်စည်August 16, 20112min20013
လွန်ခဲ ့တဲ ့၅ နှစ်လောက်က ကျနော်ရဲ ့မေလ်းကအရူးမလေးပါ.။ .နောက်မှ…ပြန်ပြောင်းလိုက်တာ..ရူးလွန်းအားကြီးလို ့ပါ ကလေးအရွယ်ပေါ့ ဟုတ်တယ်ဟုတ်(လွန်ခဲ ့တဲ ့၅နှစ်ဆိုတော့…ရူးဆဲ..ခုတော့…) တစ်ပုဒ်တည်းသောသီးချင်းလေးပါ..(.သီးချင်းဘဲရေးစားရင်တောင်..အဆင်ပြေမှာ..ဘလော ့ရေးစာတာမွဲနေပြိ…).မိုက်ခဲသီချင်းနဲ့ဆိုနော်မိုက်တယ်** အိပ်ရာကထ ကွန်ပြူတာဖွင်.တာနဲ. … မိုးမလင်းသေးဘူးတွေ.လိုက် ရတာ Blogger ပဲ … နောက်တယောက် ကြည်.မိလည်း Blogger ပဲ.. ဒီတိုင်းဆို ကြာရင်မလွယ်ဘူး ပြဿနာပဲ ။ . ဒီ Post ကြီး ပဲ ရိုးလာပြီ ဆို နောက် Posts တခုကို ချိန်း ။ ဒီ Blog ဖတ်လို.ကုန်ပြီဆို နောက် Blog တခု ကို လှိမ်. ။ Blog တိုင်း C-Box မှာ […]


ရွှေအိမ်စည်August 15, 20111min19010
ကျွန်တော်ဆဌမတန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှာ ဖေဖေကကျွန်တော့ ့ကို ရေကူးသင်တန်းတက်ခိုင်းပါတယ်။ သင်တန်းမှာ ယောက်ကျားလေးမိန်းခလေး တူတူရေကူးသင်ရတယ်လေ..။ ရေကူးဖောင်းဘီက သိပ်ကပ်လွန်းလို ့အတူသင်နေတဲ ့မိန်းခလေးတွေ အပေါ် မသင့်တော်လို ေဖေဖေကို ကျွန်နော်က အပေါ်ကတစ်ထပ် ဝယ်လိုကြောင်းပြောပြပြီး ဖေဖေရုံးပိတ်ရက်တစ်နေ ့ဖေဖေနဲ ့ကျွန်နော်မြို ့ထဲ ထွက်လာခဲ ့ပါတယ်..။ ဖေဖေကိုကျွန်နော် နားမလည်ချင်တော့ဘူး…၊ကားစပယ်ယာလို လူဗလန်လေး တစ်ယောက်က ကားပေါ်မှာ ဟိုကပ် ဒီတိုး ဒီလိုနေပါ အော်ဟောက်ပြီးပြောနေတာ ဖေဖေကလုံးဝ ဒေါ်သထွက်ခြင်းအလျှင်းမရှိဘဲ၊ စပယ်ယာခိုင်းသမျှ လိုက်လုပ်နေလို ့ပေါ့၊ ကျွန်ေနော်ရဲဖေဖေက စိတ်ဆိုး ဒေါ်သထွက်တတ်တဲသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ အေးအေးဆေးဆေး စာဖတ်ပြီးနေတတ်တယ် ။ ဒါပေမယ့်လေဖေဖေက ဗန်တိုဗန်ရှည် မြန့်မာ့သိုင်းပညာရှင်တစ်ယောက်ပါ။ စပယ်ယာလိုလူ ့ဗလန်လေး တစ်ယောက်ကိုများ ဘာကြောက်စရာရှိလည်း…။ နောက်ပြီးတော့ဘောင်းဘီဆိုင်ရှေ ့မှာလည်း […]


ရွှေအိမ်စည်August 13, 20111min2239
ဘလော ့ရေးသူ ပထမဆုံးသိရှိရမှာကတော့ စာပေဖန်တီးတော့မယ်ဆိုရင်..ရသကိုးပါးသတိပြုပေးပါ စာပေဖန်တီးမှု အနုသုခုမပညာရပ်တွေရဲ့ အလှဖြစ်တဲ့ “ရသ”ဟာ ကိုးပါးရှိပါတယ်။ ရသကိုးပါးရဲ့သဘောကို လွယ်ကူ သဘောပေါက်အောင် မြန်မာမှုပြုခွဲခြမ်းစိတ်ဖြာ ပြခဲ့တဲ့ပညာရှင်ကတော့ ခေတ်စမ်းစာပေဖန်တီးရှင်တယောက်ဖြစ်တဲ့ ဆရာဇော်ဂျီပါ။ ဆရာဇော်ဂျီက“အလွမ်း၊ အဆွေး၊ အသော” ရယ်လို့ ဦးစွာယေဘုယျ မြန်မာမှုပြုပြီး အလွမ်းရသမှာ သိင်္ဂ ါရ ရသ၊ အဗ္ဘုတ ရသ၊ ဝီရ ရသ၊ သန္တ ရသ ဆိုတဲ့ ရသလေးမျိုးအကျုံးဝင်ကြောင်း၊ အဆွေးရသမှာတော့ ဘယာနက ရသ၊ ရုဒ္ဒ ရသ၊ ဝိဘစ္ဆ ရသနဲ့ ကရုဏာ ရသ လေးမျိုးသတ်မှတ်ကြောင်း၊ အသောကရသကတော့ ဟာသ ရသ ဆိုပြီး ရသကိုးပါးကို ထပ်မံစိတ်ဖြာပြခဲ့ ပါတယ်။ ဒီနေ့ခေတ် ၂၁ရာစုကို တချို့ကပြောဆိုနေကြတာကတော့ “သတင်းခေတ်” […]


ရွှေအိမ်စည်August 12, 20111min32727
နားရွက်ပြာကတည်းကမစားရတာကြာပါပြီ..။ နားရွက်ပြာတဲ ့ဝက်မျိုးလည်းကုန်လောက်ပြီထင်ပါတယ်..။ ဒီတစ်ပါတ်တော့ဖြစ်ချင်ရာဖြစ်…စွဲတော့မယ်.. ဝက်သားတုတ်ထိုးစားချင်တဲ့ အချိန်တိုင်းအာသီသ ရှိနေတာကြာပါပြီ ။ အစားအသောက်အကြောင်းပဲ စဉ်းစားနေမိတယ်။ အချိန်တိုင်း ဒီအကြောင်းပဲ စဉ်းစားနေမိတာ ရှေ ့ရေးစီးပွားရေးအတွက်ပါ။ ကျမငယ်ငယ်ကလည်းစိတ်ကူးမိတယ်..တုတ်ထိုးရောင်းဖို ့လေ။ ………… ဝက်သားတုတ်ထိုးက မန္တလေးမှာ စားရတာနဲ ့ရန်ကုန်မှာ စားရတာ မတူလှဘူး။ မန္တလေးက အဓိက အသားကို ပြုတ်ထားတာဆိုတော့ အသားက ပျော့တယ်။ တုတ်နဲ ့ထိုးထားတာတင် မဟုတ်ပဲ ပွဲနဲ ့လဲစားလို ့ရတယ်။ ပွဲနဲ ့ကြတော့ အသားပြုတ်တဲ့အရည်ရောပြီး ကြက်သွန်ဖြူ၊ငရုတ်သီး ကို ပါးပါးလှီးထည့်၊ ငရုတ်သီးဆော့ရယ် သံပုရာသီးညှစ်ပြီး စားကြတယ်။ တုတ်နဲ ့ထိုးထားတာကြတော့ မန္တလေးမှာ အကင်လို ့ခေါ်တယ်။ အကင်နဲ ့ပွဲနှင့်ပေါ့။ ပြီးတော့ အသား၊အူနဲ ့အဆုတ်ကို […]


ရွှေအိမ်စည်August 10, 20111min20110
ဆေးရုံတစ်ရုံမှာ ဆေးကျောင်းသားတစ်စု လူနာကိုလက်တွေ ့စတင်ထိတွေ ့ရမယ့်နေပေါ့ ။ သူတို ့တစ်တွေ လူနာ ကုတင် တစ်ခုလုံးကို ပတ်ဝိုင်းပြီး ရပ်နေကြတယ်။ ဂျူတီကုတ် ဖြူဖြူတွေ ကိုယ်စီဝတ်ထားကြပေမယ့် နားကြပ်တော့မပါကြပါဘူး ၊သူ ့တို နားကြပ်တွေကို စစ္စတာရဲ ့အခန်းထဲ ထားခဲ့ရမယ်လို ့ဆရာက မနေ ့ကမှာထားခဲ့ပါတယ်။ မကြာခင် ဆရာရောက်လာပါတယ်။ “ကဲ.. ဒီလူနာကိုမင်းတို ့နားထောင်ရမယ့်အကြာင်း ခွင့်တောင်းထားပြီးပြီ ၊ မင်းတို ့သူ ့နှလုံးခုန်သံကို စိတ်ကြိုက် နားထောင်လို ့ရတယ်။ နှလုံးအဆို ့ရှင်ကျဉ်းတဲ့အသံဟာ ဒီလူနာမှာသိပ်ကို ထင်ထင်ရှားရှားကြီးကြားနေရတယ်။ ဒီလောက် ပီသတဲ့အသံမျိုး ရှားတယ်။’ ဆေးကျောင်းသားအားလုံးဟာ ဒီနှလုံးအဆို ့ရှင် ကျဉ်းတဲ့ နှလုံးသွေးစီးသံ နဲ့ပါတ်သတ်ပြီး စာတွေ ့အားဖြင့်လေ့လာ မှတ်သားဖူးပြီးသားပါ […]


ရွှေအိမ်စည်August 10, 20111min1336
မင်္ဂလာပါ ကျွန်တော် တို့ စတင်ခဲတဲ့ မလေးရှား 6P စီမခံချက်အတွက် တာဝန်ယူမှု့များအားလုံးကို ယနေ့အထိ တုန့်ပြန်မှု့များစွာဖြင့် ဆက်လက် လျှောက်လှမ်း နေခဲ့ပြီးဖြစ်သည် ။ ကျွန်တော် ရရှိသော အလုပ်ခေါ်စာများအတွက် အားလုံးသိနိုင်ရန် တင်ပေးခဲ့ပြီးတဲ့ နောက်မှာ မနေ့ကအထိ အိုဗာစတေး 60 ကျော်ကို တွဲဖက် စီစဉ်ပေးနိုင်ခဲ့ပါတယ် ။ ဝန်ဆောင်မှု့ မည်သို့ရှိနေစေကာမူ ကျွန်တော်တို့ တစ်ကျပ်တစ်ပြားမှ လက်မခံခဲ့သလို အားလုံး ယုံကြည်မှု့ ထားပေးခဲ့တဲ့ ကုမဏီများရဲ့ ဆောင်ရွက်မှု့ များအတိုင်း တိုက်ရိုက်လွဲထားပေးခဲ့ပါတယ် ။ ယခုမလေးရှားရောက် မြန်မာများအတွက် ထပ်မံဝမ်းမြောက်ဖွယ် အလုပ်ခေါ်စာတစ်ခုကို ဧဒင်အဖွဲ့ဝင်တစ်ဦးရဲ့ အကူအညီ ပံပိုးမှု့ကြောင့် အလုပ်ရှင်ကိုယ်တိုင် တရားဝင်ခေါ်စာနှင့်တစ်ကွ ကျွန်တော်တို့ထံ ဆက်သွယ်ပြီး အလုပ်သမား ခေါ်ယူခဲ့ပါတယ်။ ယခု အလုပ်အတွက် […]