chitkayApril 30, 20101min742
ဒီဇာတ်လမ်းလေးကို သင်္ကြန်မတိုင်ခင်က ရေးထားတာပါ….. ကွန်နက်ရှင်တွေ မကောင်းလို့ မတင်လိုက်ရဘူး… အခုမှ တင်ဖြစ်တာပါ….. ဘာပဲဖြစ်ဖြစ် အားပေးတာကို ကျေးဇူးတင်ပါတယ်။ အင်း…. သင်္ကြန်နားနီးပြီဆိုတော့ ကိုသားစိုးက အမွှေ သံသရာ တစ်စခန်း ထလာပြန်ပြီ။ မန္တလေးမှာ တချို့နေရာတွေ မဏ္ဍပ်တွေတောင် ဆောက်ကုန်ကြပြီ…. ငါကကော….။ တို့နှစ်ယောက် သူငယ်ချင်းဘဝကနေ စခဲ့ကြတာပါ… ရင်မှာကိုယ်စီရှိတဲ့ သံယောဇဉ်ကို စိုင်းစိုင်းခမ်းလှိုင်မွေးနေ့ မရောက်ခင်တစ်ရက်မှာပဲ အပြင်းဆုံး မီးရှို့ ရင်ခုန်သံကို တံခါးဖွင့်ခဲ့ကြတယ်…..။ စိုင်းစိုင်းက သူ့မွေးနေ့မှာ ဘုရားသွားခဲ့တယ်… ကျွန်တော်လည်း သူ့မွေးနေ့မတိုင်ခင်မှာ ဘုရားသွားခဲ့တယ်… အိုး.. အရူးအမူးပဲ… ရူးရုံတင် မကပါဘူး… နတ်တွေတောင် ဝင်ပူးနေခဲ့တာ… မေ့မရနိုင်တဲ့ နေ့လေးပါချစ်သူ….. ရင်ထဲမှာအမြဲရှိနေမယ့်နေ့လေးပေါ့…. အလုပ်က မဏ္ဍပ်ထိုးမယ်ဆိုပြီး နှစ်ယောက်လုံးရဲ့ သူငယ်ချင်းတစ်ယောက်အိမ်မှာ သင်္ကြန်ရက်လေးကို ချစ်သူနှစ်ယောက်ပုံဖေါ်…. […]


taylayNovember 7, 20091min931
စာမျက်နှာ (၄) မကင်းတော့ဘူး။ နင့်ကို ငါအရမ်းတွေ့ချင်တယ်။ ပျင်းရိဖွယ် ညနေစောင်းက ကျွန်တော့်ကို ကျေနပ်နှစ်သိမ့်မှုကို ဖြစ်စေခဲ့တယ်။ ကျွန်တော့် သူငယ်ချင်း ပြန်ရောက်လာပြီး စန္ဒာရဲ့ အမည်၊ နေရပ်၊ လိပ်စာ အချက်အလက် သိခွင့်ရခဲ့သည်။ သူငယ်ချင်းကို ကျွန်တော့်ဘဝ တစ်လျှောက်လုံးတွင် ဒီတစ်ကြိမ်တော့ အရမ်းကျေးဇူးတင်သွားမိသည်။ သူစုံစမ်းပေးခဲ့သော အချက်အလက်မှာ အနည်းငယ်သာ ဖြစ်သော်လည်း ကျွန်တော့်လို လောကကြီးမှ ထွက်သွားရတော့မည့် လူတစ်ယောက် အတွက် လုံလောက် ပေပြီ။ ပိုပင်ပိုနေသေးသည်ဟု ပြောနိုင်ပါသည်။ ကျွန်တော်က စန္ဒာဆီက ဘာမှမျှော်လင့် မထားပါ။ မမျှော်လင့်ရဲပါ။ မမျှော်လင့်ဝံ့ပါ။ မမျှော်လင့်ရက်ပါ။ ကျွန်တော်က စန္ဒာမျက်နှာလေးကို နောက်တစ်ကြိမ်တော့ ထပ်ပြီးမြင်ချင်မိသည်။ ကျွန်တော်ညဖက် အိပ်ယာဝင်တော့ အိပ်မက်ထဲမှာ စန္ဒာမပါဝင်စေဖို့ ကျွန်တော်တိတ်တိတ်လေး ဆုုတောင်းပြီး အိပ်ပျော်နိုင်အောင် […]


taylayNovember 5, 20091min1503
ကျွန်တော်မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်တော့ ကျွန်တော့်မျက်စိရှေ့မှာ ကောင်းကင်ပြာကြီး ရှိမနေဘူး။ စိမ်းလန်းတဲ့သစ်ပင်ရိပ်တွေ ရှိမနေဘူး။ မျက်နှာကျက်ပေါ်က အကောက်အထည်မြင်ရပြီး သေခဲ့ဖူးတဲ့ ဖြူနွမ်းနွမ်း ပန်ကာတစ်ခု ကကျွန်တော့်ကို ဟားတိုက်နေတယ်။ ဟုတ်တယ် ဒီပန်ကာကလည်း မလည်တာကြာပြီ ဖြစ်ပေမယ့် ဒီနေ့တော့ ထူးထူးခြားခြား လည်နေတယ်။ အဲဒီလို ပန်ကာလည် နေတာကိုက ကျွန်တော့်ကို ဟားတိုက်နေသလိုပဲ။ အရင်ကဆို ကျွန်တော်က ဒီပန်ကာ အသေကြီးကို ကြည့်ပြီး ပြုံးနေခဲ့တာ။ ကျွန်တော်ထင်ထားတာက ဟောဒီတစ်လောကလုံးမှာ ခန္တာကိုယ်ကြီးကသာ တည်ရှိပြီး အရာရာနေတာ ကျွန်တော်နဲ့ ဒီပန်ကာပဲရှိမယ်လို့ မှတ်တာ။ ခုတော့ဒီကောင်က သူ့ရဲ့ရှင်သန်မှုအတွက် သက်သေပြနေပြီ။ ကျွန်တော်စိတ်ပျက်သွားမိတယ်။ ကိုယ့်ကိုကိုလည်း တော်တော်ရှက်သွားမိတယ်။ လောကမှာ ရှင်လျှက်နဲ့ သေနေတာ ကျွန်တော်တစ်ယောက်ပဲ ရှိတော့တယ်။            ပန်ကာကတော့ လည်ရင်းလည်ရင်းနဲ့ သူ့တာဝန်ကို ထမ်းစောင်နေတယ်။ […]