Mg Yay ChanJanuary 19, 20131min1616
လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ခေတ်ကြီးက သူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တဲ့အချက်နဲ့တိုင်းတာရမှာ ( ဗန်းမော်တင်အောင် ) —-               —             —– ကဗျာခေါင်းစဉ်ကို ထပ်ခါထပ်ခါ ဆို ငါတို့ဟာ ပွက်ပွက်ထနေတဲ့သွေးတွေနဲ့ လူငယ် အိပ်မက်ဖူးတွေ ပွင့်လာဖို့ မှော်ဆရာလို ပါးတွေဖောင်းလုမန်းမှုတ်နေစရာမလို ကိုယ့်အစွမ်းကိုယ့်ဇနဲ့အနာဂတ်သစ်ကမာ္ဘဖန်တီးပစ်နိုင်စွမ်းရှိတာ လောကလေဆန်ကို ခပ်ကြမ်းကြမ်းထိုးခွဲမယ့် ငါတို့ အရွယ်…လူငယ် ဟေ့….. ကိုယ်ပိုင်ဆိုင်ရာ ရင်ဘတ်တစ်စုံစီပေါ်မှာ ယုံကြည်ချက်တွေ ကိုယ်စီခိုင်မြဲစွာထိုးစိုက် ဟေး………….ကောင်းကင် ငါတို့လာတယ် ငါတို့လာခဲ့တယ် ပွက်ပွက်ထနေတဲ့ သွေးတွေကို တဂျုံးဂျုံးမောင်းနှင်ရင်း ဟေး………မည်းညစ်ညိုပုပ်နေတဲ့ကောင်းကင် သင့်ကို ခပ်မိုက်မိုက် တိုက်ချပစ်ဖို့ ငါတို့လာတယ် ငါတို့ လာခဲ့တယ်     ၊၊ လူငယ်ဘဝဆိုတာ အသည်းကွဲလွမ်းဆွေးဖို့ သက်သက်မဟုတ်ကြောင်း အလွမ်းသီချင်းတွေချည်း သီကြွေးဟစ်အော်ဖို့မဟုတ်ကြောင်း ငါတို့ဟာ ကိုယ့်သမိုင်းကိုယ် အခမ်းနားဆုံးထွင်းထုလို့ သက်သေပြကြမှာ ဘယ်သူမပေးဘဲ […]


– – – – – – – – – – – – ++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++   မိုးရိပ်ဆင် … တိုးတိတ် ရင်ခွင် … မင်း ပုံရိပ်တွေ ထင်တာတိုင်း … ဒီလူမှာ အရူးတစ်ပိုင်း ………..။   နေကပူ … ဖြေမရ သူ … အပြင်မှာ တောက်ပပေမယ့် … ကောက်မရ၊ အောက်ကျနေတာ ငါ့ရဲ့စိတ် ………..။   အအေးဓာတ် … အနွေးဓာတ်မဲ့တဲ့ ရင်ခွင် … သူ့ အငွေ့အသက် … ပြေးထွက်သွားခဲ့ အဝေးဆုံး … ပြန်ရနိုင်ဦးမလား …………….။   […]


CourageJanuary 6, 20131min940
        သွေးချင်း“စစ်”   မချစ်လို့တော့မဟုတ် မနှစ်မျို့တဲ့ စိတ်တစ်ခုကြောင့် သူကလဲပစ် ငါလဲပစ် သွေးချင်းတွေမှာ ဒုက္ခဖြစ် အဲ့ဒါပြည်တွင်းစစ်။ C.O


+++++++++++++++++++++++++++ အလင်းမဲ့တဲ့ညမှာ အရာရာဟာဝိုးတဝါး ကြိုးစားပြီး အိပ်နေပေမယ့်လည်း သူ့အကြောင်းတွေက အတွေးတွေထဲမှာ စိုးမိုးထားတယ် … အဲဒီစိတ်တွေက အိပ်မက်တွေကို အသက်သွင်း မိုးစင်စင်လင်းလို့ နိုးထလာခဲ့ချိန်မှာတောင် သူ့ပုံရိပ်တွေက ငါ့အတွေးထဲက ထွက်မသွားခဲ့ပါဘူး … ဒီလောက်ထိ စွဲလမ်းနေမိတယ် ချစ်ရသူရယ် …. အရင်တုန်းက အချစ်ဆိုတာ ရင်မှာ စကားလုံးသက်သက်သာ ရှိခဲ့ပေမယ့်လည်း သူနဲ့ဆုံတွေ့ပြီးနောက်မှာ အသက်ဝင်လာခဲ့တယ် … အမြင်အာရုံတွေထဲမှာလည်း သူပဲ ရှိနေတယ် သူ့ကို တွေ့လိုက်တိုင်းလည်း ရင်ခုန်လှိုက်မောရပါတယ် … သူ မသိပေမယ့် ရင်ထဲမှာ အမြစ်တွယ်နေတဲ့ အချစ်တွေက တစ်ခါတစ်လေမှာ စိတ်ကူးနဲ့ ရူးနေစေတတ်တယ် … ငါ့ရဲ့ အတွေးတွေထဲမှာ မင်းပဲ အမြဲရှိနေခဲ့တယ် ချစ်ရသူရယ် …. ဖြစ်နိုင်ရင် ရင်ကိုဖွင့်လို့ နှလုံးသားစကားကို […]


Nay ChiDecember 11, 20121min763
လေပြေဟာ မုန်တိုင်းရဲ့အစမှန်း မရိပ်စားမိခဲ့တဲ့ အမှားကြောင့် အရှိန်ပြင်းပြင်း တိုးဝှေ့တိုက်ခတ်သံတွေနဲ့အတူ စိတ်ဓါတ်တွေ တဖြောင်းဖြောင်း ရိုက်ချိုးခံနေရတယ်..။   နာကျင်ကွဲအက်မှုတွေက ငါ့ရင်ဘတ်နဲ့မတန်တဆ…။   မိုးခြိမ်းသံတွေအဆက်မပြတ်ပေးမိနေပေမဲ့ စိုစွတ်စွတ်မျက်ရည်စက်တချို့နဲ့ နင့်ကိုုအေးမြနေစေချင်ဆဲ…။   ဟုတ်တယ်… လောကဓါတ်တစ်ခုလုံး မှောင် အ တိ ကျ လို့..။   ဒါပေမဲ့… လျပ်စီးတချက်ပြက်လိုက်ချိန်မှာ အမိအရမြင်အောင်ကြည့်စမ်းပါ..။   ငါတစ်ချက်ရှိုက်လိုက်တိုင်းမှာ တိမ်ညိုတွေလွင့်ပါးစတမ်းဆိုရင်တော့ ထာဝရငိုပေးဖို့လဲ အဆင်သင့်..။   မုန်တိုင်းဆဲအပြီး နေသာချိန်မှာတောင် ငါတို့ဆက်နွယ်မှုအတွက် သက်တန့်တစ်စင်းနဲ့ ကျေကျေနပ်နပ် တံတားခင်းပေးဦးမယ်..။   နေခြည်


    +++++++++++++++++++++++++++++++++++++++   “လှတယ်” ………….။ ဒီစကားလုံးထက် ပိုတဲ့ အနက် အဓိပ္ပါယ်တွေ မင်းဆီမှာ အပြည့်ရှိတယ် …………။   “ချစ်တယ်” ………….။ ဖွင့်မပြောရဲပေမယ့် မင်းရဲ့အနောက်က တကောက်ကောက်နဲ့ မင်း စိတ်ညစ်လောက်အောင် ဖြစ်မိတဲ့ ငါ့ရဲ့ ခြေလှမ်းတွေနဲ့ သက်သေခံပါတယ် ………….။   “ကောင်မလေးရယ်” ……….။ မင်းကို တွေ့မိတိုင်း ရင်ထဲမှာ တဒိုင်းဒိုင်းနဲ့ သူများတွေ ပြောတာလည်း ဂရုမစိုက်နိုင် မင်းကိုသာ ငေးစိုက်ကြည့်ရင်း ရင်ထဲက အချစ်ဆိုတဲ့ အရာဟာ မင်းအလှမှာ ယိုင်နဲ့ခဲ့ပေါ့ ……………။   “တကယ်တော့” ………..။ ဘယ်တော့မှ ဆိုတာထက် မင်းဘေးမှာ ခိုနားလှည့်ချင်တဲ့ အချစ်များစွာအတွက် မင်း … မရက်စက်လိုက်ပါနဲ့နော် […]


++++++++++++++++++++++++++ “ခွပ်” ခနဲ …. လွတ်ကျ ကွဲအက်သံကို ကြားလိုက်ရတဲ့အခိုက်မှာ နှလုံးသားထဲမှာ အောင့်သက်သက် ဝေဒနာတစ်ခုဟာ မခံမရပ်နိုင်အောင်ပဲ ထိုးဆွလာခဲ့တယ် ………။ အမှတ်တမဲ့ ကောင်းကင်ဆီ မော့ကြည့်မိခိုက်မှာ ထိန်ထိန်သာနေတဲ့ လတစ်စင်းဟာ တိမ်ညို၊ တိမ်မည်းတွေနောက် ပျောက်ရှသွားခဲ့တယ် ……….။ အဝေးဆုံးထိ ငေးကြည့်မိပေမယ့် ပုံရိပ်များကတော့ဖြင့် ဝိုးတဝါး … အရင်နဲ့ (လုံးဝ) မတူတဲ့ ပူနွေးမှုတစ်ခုကတော့ဖြင့် ငါ့ရဲ့ ပါးပြင်တွေထက် ခုန်ပေါက် ဆော့ကစားလျက် ………။ ဟန်ဆောင်မှုတစ်ခုကို သံယောင်ပြုမိခဲ့တာလား ??? ရိုးရိုးလေး အဆုံးသတ်သွားတဲ့ နှုတ်ခမ်းမဲ့မဲ့ တစ်စုံဆီက ပုံပြင်တစ်ပုဒ်ကို ခုံမင်စွာ နားဆင်ခဲ့မိတာလား ??? မဝေခွဲတတ်တော့ ……။ နှေးကွေးမှု၊ လေးလံမှု ဒီချိုင်းထောက်နှစ်ခုကို အားပြုလို့ လျှောက်လှမ်းလာခဲ့တဲ့ အိမ်အပြန် […]


သုရွင္November 27, 20122min16613
အလွမ်းပြေ     ဓါတ်ပုံလေးတွေ ကြည့်နေမှ လား စကားသံလေးတွေ ကြားနေမှ လား ဒါမှမဟုတ်..လေပြေအသွေးမှာ ပင့်သက်ရှိုက်မှု တစ်ခု တစ်လေ နဲ့ ထိတွေ့ လှုပ်ခတ်သွားမှ တဲ့ လား။ တိုက်ဆိုင်မှ သတိရနေဖို့ဆိုတာ တောင် အမှတ်တရတွေ တစ်သီတစ်တန်းကြီး ရင်းနှီးထားရသေးတာပဲ။ မ..အတွက်…မောင့် သတိရခြင်းမှာ တိုက်ဆိုင်မှ…ဆိုတာထက် ကျော်လွန်နေပါပြီ။ ဘာလုပ်လုပ် ဘာပြောပြော ဘာစားစား ဘယ်မှာ ရောက်ရောက် သိစိတ်မှာရော မသိစိတ်မှာရော ဘာကို သတိရနေတာပါ လို့.. ပြစရာမရှိလောက်အောင် သတိရခြင်းတွေက များပြားလွန်းလှပေါ့။ လွမ်းလို့ သတိရ..နေပေမယ့် သတိရ လို့ အလွမ်းပြေ သွားပါရဲ့လား မောင်…လွမ်းလို့ အလွမ်းပြေရေးတဲ့ကဗျာ မှာ မောင်…မေး ပြီး မောင် မဖြေ နိုင်တဲ့ […]


Nay ChiNovember 24, 20121min15913
ကျ မ က ည ရဲ့ ည ဆန် မှု ကို နှစ် ခြိုက် သူ..။ မာ ကျူ ရီ ပန် ဆင် ရ တဲ့ ည တွေ ကို ခါး သက် တတ် သူ..။ ပိုး စုန်း ကြူး တစ် ကောင် ရဲ့ ဓါတ် ပြု မှု ကို တောက် ခေါက် ချင် သူ..။   ကျ မ ရဲ့ ည ကို ကြယ် တာ ရာ တွေ နဲ့ အ လှ မ ဆင် […]


အဇဋာNovember 5, 20121min1326
သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တစ်ခဏ ဖြေဖျောက်မှုအတွက် ငါ့ ရုပ်ပိုင်းဆိုင်ရာတွေ တွန့် ကြေ ကုန် တယ်… တစ်ယောက်က တစ်ခုမှ မခံစားရချိန် တစ်ယောက်က တစ်ခုကို လွတ်လွတ်လပ်လပ် အသည်းကွဲ… ငါ့မှာ ဒါ့အပြင် အချစ်ကို အဓိပ္ပါယ်မဖွင့်ဆိုနိုင်ဘူး… ရင်ခုန်သံကို “ကျားကွက်”ပေါ်တင်တော့ မင်းက ငါ့ထက် နှစ်ကွက်ကျော်မြင်တယ် ဟုတ်တယ် အချစ်ဆိုတာ အကောင်ရေများမှ ရွေးချယ်ခွင့်ရှိစွာ “ကင်း” ဝင်နိုင်မယ်… ငါက ကျဉ်းမြောင်းမြောင်း သစ္စာနယ်မြေတစ်ခုအတွက် တိုက်ပွဲဝင်နေချိန် မင်းက အောင်လံလွှင့်ပြီး အလိုတူစွာ ဘဝတစ်ခုလုံး သိမ်းပိုက်ခံထားပြီးပြီ… စစ်ပွဲထဲကိုလည်း ရောက်ခဲ့တယ် မြားလည်း ကုန်ခဲ့တယ် ဒါပေမယ့် ဘာအတွက် ငါတိုက်ခဲ့သလဲဆိုတာ ခုချိန်ထိ မသိဘူး “မငိုပါနဲ့” တဲ့ ငါမငိုရင် ငါ့မျက်ရည်တွေ ဘယ်သူ့အတွက် […]


WowNovember 2, 20121min27346
Broken Family တဲ့…. အင်မတန်ဇတ်နာစရာကောင်းတာပေါ့ ဦးသုခရဲ့ “ဂုဏ်ရည်မတူ” ကို မျက်ရည်ပေါက်ပေါက်ကျရင်း ချိုတကူးတစ်ယောက် ဆူးတောင်တွေအပြည့်ပေါက်လာခဲ့…. ဘဝကြောင့်လား.. ပတ်ဝန်းကျင်ကြောင့်လား.. တောက်ကျင့်တန်တဲ့ ကိုယ်ပိုင် gene ပဲလား… အော်ကြော့လန် တစ်ရွာလုံးနဲ့တစ်ယောက်ပေါ့… အမေမေတ္တာဘွဲ့တွေကို မခံစားတတ်တဲ့ ငါလားဟဲ့ အဇာတသတ်…. ဦးသာဓုရဲ့ အတာကို ရယ်တာပေါ့… ဘာတဲ့ နို့တစ်လုံးဖိုး… ဘာတဲ့ မိခင်ခြေဖဝါးအောက်က Nirvana မသင်ဘူးတဲ့စာတွေ လာမမေးကြပါနဲ့ တကယ်မသိလို့ပါ… ဆုံးရှုုံးရတာတွေများလွန်းလို့ ကိုယ်ဘာပိုင်ဆိုင်မှန်းတောင်မသိတော့တာ… တရားစခန်းဝင်စရာမလို ‘ငါ’ ဆိုတာဘာမှန်း ‘ငါ’ မသိတော့တာ… ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့… Civilization တွေ Society တွေ…. လူရာမဝင်ဘူးဆိုချင်ဆို.. ဝေးလေကောင်းလေပေါ့… ဘာကိုလိုချင်ရမှန်းမသိတော့တဲ့.. ထုံပေပေခံစားချက်တစ်ခုနဲ့… ကိုယ်ချင်းစာတယ်လို့မပြောကြပါနဲ့…. သနားတယ်လို့ပြောမဲ့အစား… မုန်းစရာကောင်းတယ်ဆို… ငါ့ကိုဂုဏ်ပြုတာပါပဲ။ ။


ရွှေအိမ်စည်October 10, 20124min28116
“စိတ်မပျက်နဲ့ကွယ်…ကလေးရယ်”  ကလေးရေ စိတ်ပျက်နဲ့ကွယ်  ကိုယ်တိုင်ကမှပြဇာတ်ထင်တာ  လူတွေရဲ့သဘာဝပါကွယ်…………..။ ကလေးရေ  စိတ်ပျက်နဲ့ကွယ်  ကိုယ်ကတဲ့ဇာတ်မှာ ကိုယ်ပဲမင်းသားဖြစ်ချင်ကြတာ  လူတွေရဲ့သဘာဝပါကွယ်…………..။ ကလေးရေ စိတ်မပျက်နဲ့ကွယ် ကိုယ်တိုင်ဖြတ်တဲ့ဓမ္မသတ် ကိုယ့်ဘက်ပဲမှန်တက်ကြတာ လူတွေရဲ့သဘာဝပါကွယ်……………..။ ကလေးရေ. ့စိတ်မပျက်နဲ ့ကွယ် ပညာဆိုတာ စာသင်ခန်းတွေမှာသာ သင်ကြားနိုင်တာမဟုတ်ပါဘူး ကျောင်းမနေဖူးတဲ့ တောင်အာဖရိကသမ္မတကြီး ဂျက်ကော့ဇူးမား က ကလေးအတွက်စံနမူနာ ပါကွယ်…၊ ကလေးရေ စိတ်မပျက်ပါနဲ ့ကွယ် နေမကောင်းတခါတရံဖြစ်တာ စတီဖင်ဟော့ကင်းဆိုတဲ့ သွက်ချာပါဒရောဂါသည် က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နိုင်ပါသေးတယ်ကလေးရယ်။ ကလေးရေ.. စိတ်မပျက်ပါနဲ ့ကွယ် ရှင်သန်ခြင်းအတွက် အမိအဖကိုစောင့်ရှောက်ခြင်းနဲ့ ဘဝမှာရပ်တည်နိုင်ခြင်းတွေ က မြင့်မြတ်သူတွေလမ်းစဉ်ဘဲ ပါကလေးရယ်…..။ ကလေးရေ စိတ်ပျက်နဲ့ကွယ် သွေးဆာနေတဲ ့မတော်လောဘတွေကြောင့် ဝမ်းနည်းမှုစစ်ပွဲတွေပြီးရင်ငြိမ်းချမ်းရေး ပြုပြင်မှုရောင်ခြည်လာပါမှာမလို ့အားမလျှော ့လိုက်ပါနဲ ့ကွယ်……။ ကလေးရေ စိတ်ပျက်နဲ့ကွယ် […]