DaveNovember 25, 20111min884
မန ္တလေးမြို့ မစိုးရိမ်ကံတက်ကုန်း ကျောင်းတိုက်တွင် ယနေ့ နိုဝင်ဘာ၂၅ ရက်နေ့ မွန်းလွဲ ၂နာရီက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအစီအစဉ်ကို နယ်မြေလုံခြုံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ထောက်ပံ့ကူညီသော အခမ်းအနားနှင့် ယှဉ်တွဲကျင်းပသည်။ မန ္တလေးမြို့ရှိ သီးခြားလူမှုကူညီရေး အဖွဲ့အစည်းများက ကလေးချစ်သူများကွန်ရက်ဟူသော အမည်ဖြင့် ပေါင်းစည်းကာ နယ်မြေလုံခြုံမှုမရှိဘဲ ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားနေသဖြင့် လူမှုဒုုက္ခခံစားနေရသော ကလေးသူငယ်များအတွက် ဆုတောင်းကာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အရေးဆိုကြသည်။ အထူးသဖြင့် ကချင်ပြည်နယ်မှ ပြည်တွင်းစစ်ဘေးကြောင့် ကလေးအခွင့်အရေး၊လူမှုအခွင့်အရေးမရဘဲ ရှင်သန်နေထိုင်ကြရသော ကလေးသူငယ်များအတွက် ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းသော အစီအစဉ်ကိုလည်း ထိုအခမ်းအနားတွင် ထည့်သွင်းကျင်းပသည်။ ဗုဒ္ဒဘာသာ၊အစ္စလာမ်ဘာသာထုံးစံအရ ကလေးများအတွက် ပရိသတ်များက ဝိုင်းဝန်းဆုတောင်း ပေးကြသည်။ထူးခြားသောအစီအစဉ်များအဖြစ် ကဗျာဆရာကြီး ကိုလေးအင်းဝဂုဏ်ရည်က ငြိမ်းချမ်းရေးအတွက် အရေးဆိုခြင်း၊ မန ္တလေးတိုင်း […]