ကထူးဆန္းJuly 8, 20121min23912
မင်္ဂလာပါ ရွာသူားများခင်ဗျား .. ဘဖောရဲ့ လှုံ့ဆော် မှု့ ကနေစလို့ ကျွန်တော်တို့ မန္တလေး ဂေဇက်ရဲ့ တတိယမြောက် စုပေါင်းအလှုတစ်ခု ဝမ်းမြောက်စဖွယ် အထမြောက်အောင်မြင်ခဲ့ပါပြီ။ အလှုရှင် အမှတ်စဉ် ၁၀၄ အထိရှိခဲ့ပြီး စုပေါင်းလှုဒါန်းသူများလည်း ရှိခဲ့ပါသည် ။ ဒီလို အလှုတစ်ခု ဖြစ်မြောက်အောင် ဆက်သွယ်နိုင်အောင် ဆိုဒ်တည်ဆောက်ထားသည့် သူကြီးဦးခိုင်မှ စလို့ ရွာသူားများအားလုံး နှင့်တစ်ကွ ပါဝင်လှုဒါန်းသူများ အားလုံး ၊ ပါဝင်လုပ်အားပေးသူများ အားလုံး အား ကျေးဇူးအထူးတင်ရှိပါသည် ။ ၁၁-၆-၂၀၁၂ တွင် ကိုဝင်းနှင့်မိသားစုမှ စတင်ထည့်ဝင်လှုဒါန်းခဲ့ပြီး ယနေ့ ၈-၇-၂၀၁၂ အထိ စုစုပေါင်း ၄၂၆၁၈၀ဝ (ကျပ် လေးဆယ့်နှစ်သိန်း ခြောက်သောင်း တစ်ထောင့် ရှစ်ရာ တိတိ) ရရှိခဲ့ပါသည် ။ […]