kaiNovember 17, 20101min1077
”ကင်စားမှသည် ကင်ဆာဆီသို့” (အကြော်နှင့်အကင် အစားများလျှင် ကင်ဆာဖြစ်တတ်သည်) (ဆရာဦးကျော်မြင့်၊ တိုင်းရင်းဆေးနှင့်နက္ခတ်ဗေဒင်ပညာရှင်) ယနေ့လူသားထုကို ခြိမ်းခြောက်နေသော အနာရောဂါများတွင် ကင်ဆာရောဂါ ပါနေဆဲဖြစ်သည်။ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ သွေးကင်ဆာ စသည်ဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်း အများစုတွင် ဖြစ်ပွားနေကြသည်။ ကင်ဆာရောဂါကို အထိုက်အလျောက် သက်သာပျောက်ကင်းအောင် ကုသကယ်မနို်င်သောဆေးဝါးများ ထုတ်လုပ်နိုင်ကြပြီဖြစ်သော်လည်း ကင်ဆာရောဂါကာကွယ်ဆေးကိုမူ မထုတ်လုပ်နိုင်ကြသေးပါ။ အဘယ့်ကြောင့်ဆိုသော် ကင်ဆာရောဂါဖြစ်ကြောင်း (ရောဂါနိဒါန်း)ကို တိတိကျကျနှင့် ပြည့်ပြည့်စုံစုံ မသိသေးသောကြောင့် ဖြစ်ပါသည်။ ဆေးပညာရပ်တွင် ရောဂါနိဒါန်းနှင့် ဆေးနည်းကောင်းဟူ၍ အဓိကကျသော နယ်ပယ်နှစ်ခုရှိ်သည်။ ယနေ့ခေတ်တွင် ဆေးနည်းကောင်းကိုသာ ဦးစားပေးရှာဖွေ ဖေါ်စပ်နေကြသည်။ အစွမ်းထက်သည်ထက် ထက်အောင် ကြိုးစားနေကြသည်။ အစွမ်းထက်လာလျှင် အစွန်းထွက်ဆိုးကျိုး […]