etoneAugust 18, 20101min280
ကင်ဆာဘေးဆိုးကို ကာကွယ်နိုင်မယ့် အသီးအနှံ ( ၁ဝ ) မျိုး ( ၁ ) ပန်းဂေါ်ဖီစိမ်းနှင့် ဂေါ်ဖီထုပ် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ Brussel (ကွမ်းသီးဂေါ်ဖီထုပ်)၊ ပဲပင်ပေါက်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်းမက်စေ့ စားမြန်ရည်နှင့် မုန်လာဥ စသည်တိုပ ဖြစ်ပါသည်၊ အဲဒီဟင်းသီဟင်းရွက်တွေထဲက ကင်ဆာကို တိုက်ခိုက်ပေးနိုင်မဲ့ ဓာတ်သဘာဝပစ္စည်းတွေ အများအပြား ပါဝင်နေခဲ့ပါတယ်၊ အဆိုပါ ဟင်းသီးဟင်းရွက်တွေထဲက ရရှိမယ့် အင်ဇိုင်းတွေကပဲ ကင်ဆာဖြစ်စေမယ့် ကာစီနိုဂျင်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ( ၂ ) မုန်လာဥ-ဝါ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာတတ်မယ့် ကင်ဆာရောဂါကို မုန်လာဥဝါ တနေ့တလုံး မှန်မှန်စားပေးနိုင်ရုံနဲ့ ရောဂါလျော့ပါးလာနိုင်ပါမယ်၊ မုန်လာဥဝါဟာ စိတ်ပင်ပန်းမှု၊ ပန်းနာရောဂါဖြစ်မှု၊ ဖျဉ်းရောဂါစွဲမှုနဲ့ အသားအရေ ဓာတ်ဖောက်မှုတို့ကိုပါ ကာကွယ်ပေးပါတယ်၊ […]