သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမာ္ဘတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ မဟာသက္ကရာဇ် ၆ရခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ။ မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ […]