lu ta loneApril 21, 20101min1858
ကတိဆိုတာ ဖောက်ဖျက်ဖို့ စရန်တဝက်လား….? သစ်စာဆိုတာကရော လူလိမ်တွေရဲ့ သုံးနေကျ လှည့်ကွက်တခုလား…….? အခု ပြောမှာတော့ ကတိအကြောင်းလေးပါ.. ဘုန်းကြီးဝတ်ရင်းနဲ့ လူတလုံးလိုပဲ ဒုလ်လဘတယောက်နဲ့ ပြောဖြစ်တဲ့ အကြောင်းလေးပါ… အထက်ပါဖော်ပြခဲ့သလိုပဲ ကတိဆိုတာ ဖောက်ဖျက်ဖို့ စရန်တဝက်လား….? ကျွန်တော်ကတော့ မထင်ဘူး.. ကတိဆိုတာ နောက်ထား..   ဆိုခဲလေ၊ မြဲစေ ဆိုတဲ့ စကားကိုတောင်တန်ဖိုးထားရမှာလို့… ကတိဆိုတာက စာချုပ်စာတန်းနဲ့ ချုပ်ဆိုတဲ့ နှစ်ဦးသဘောတူညီချက် စာချုပ်လိုပဲလို့ ထင်တယ်… ကတိဆိုမှ တည်ရမှာလား…  ကိုယ်ပြောသမျှကို ကိုယ်တာဝန်ယူရမှာပဲလေ… ဆိုခဲလေ၊ မြဲစေ ဆိုတဲ့ စကားက အဲဒါကို ဆိုလိုတာလို့… နောက်တမျိုးက ကတိဆိုတာ လူတယောက်ရဲ့ ယုံကြည်မှု၊ တန်ဖိုး နည်းနည်းထပ်မြင့်ပြီး ပြောရင် သိက်ခါဆိုလည်း ဟုတ်တယ်လို့… ဥပမာဆိုပါတော့.. ကောင်မလေးက ဆိုင်တဆိုင်မှာ […]