lu ta loneApril 28, 20101min1212
နောက်တာနော်… လူတလုံးလဲ ကတုံးနဲ့ပါ… ဒါပေမဲ့ သတိထားတာတော့ ထားရမှာ… ဘာကိုလဲ ဆိုတော့ အခု ရန်ကုန်မှာ တအားပူတယ်လေ… အဲဒီမှာ ဆံပင်နဲ့လူထက် ကတုံးတွေက ခေါင်းကိုရေဆွတ်ပြီး အအေးခံကြတယ်ဗျ… မနေ့ကပဲ မီးပွိုင့်တခုမှာ… Taxi သမားတယောက်ဆုံးသွားတာ ကြားလိုက်တယ်… ဘယ်လိုဆုံးလဲဆိုတော့.. သူလဲ ဘုန်းကြီးလူထွက် (ဝါ) ကတုံးနဲ့ကို အိုက်လို့ဆိုပြီး ရေဆွတ်တယ်လေ… နဂိုကလည်း သူမှာ ရောဂါ အခံတော့ရှိပါတယ်… ဒါပေမဲ့ တိုက်ဆိုင်ချင်တော့ ရေဆွတ်ထားတာရော ပေါင်းပြီး ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားတာ ခင်ဗျ… အဲဒါကြောင့် ကတုံးများ အိုက်တိုင်း ရေမဆွတ်ပါနဲ့ အေးအောင်ဆိုပြီး… အခန့်မသင့်ရင် လျှောနိုင်ပါကြောင်း ခင်ဗျာ…