ကြောင်လတ်November 5, 20111min460
စဉ်းစားမိတဲ့၊စဉ်းစားခဲ့ဖူးတဲ့အကြောင်းတစ်ခု အခုကာလ အခါသမယဟာဖြင့် တန်ဆောင်မုန်းလ ကထိန်ပွဲတွေ ချိမ့်ချိမ့်သဲကျင်းပတဲ့ကာလပါ၊                    ရွာထဲမှာလည်း ကထိန်ပွဲ အကြောင်းတွေကို တော်တော်များများရေးထားတာ တွေ့ရပါတယ်၊ ဒါနဲ့ပတ်သက်ပြီးအကြောင်းအရာတစ်ခုကို ကျွန်တော်တွေးမိပါတယ်၊ဟိုခပ်ငယ်ငယ် (၅)တန်းကျောင်းသားဘဝ ကလည်းတွေးခဲ့ဖူးပါတယ်။  ဒီအတွေးမျိုးကိုရွာထဲရေးထားပြီးသားများရှိနေမလားမသိပါ၊ အခုရက်ပိုင်းရွာနဲ့နဲနဲအဆက်ပြတ်သွားတော့ မသိလိုက်ပါ၊ တော်တော်များများလိုက်ရှာကြည့်တော့ မတွေ့မိသေးလို့ ရေးလိုက်တာပါ။ “ကထိန်”၊  ကထိန်ဆိုတာအများသိပြီးအကြောင်းအရာတစ်ခုပါ ၊ကထိန်ရဲ့အနှစ်သာရတွေကို ရွှေအိမ်စည် က အကျယ်ရေးပြထားပြီးပါပြီ။ “ဘုံကထိန်”၊  ဘုံ ဆိုတာ အများဆိုင်တယ်ဆိုတဲ့သဘောပါ၊ ဘုံကထိန်ဆိုတာ အများစုပေါင်းပြီးဆောင်ရွက်ကြတာပါ၊အကျယ်ပြောရန်မလိုပါ၊ “မဟာဘုံကထိန်”၊  ကျွန်တော်ဆွေးနွေးချင်တာ အဲဒီရှေ့ဆုံးက ပါတဲ့ “မဟာ”  ဆိုတာကိုပါ၊ ကထိန်ပွဲတွေကိုမြို့အတော်များများ၊နေရာအတော်များများမှာ စုပေါင်းဘုံကထိန်အဖြစ်ပြုလုပ်လေ့ရှိကြပါတယ်။ အထူးသဖြင့် ဈေးတွေ၊ ရပ်ကွက်တွေ၊မြို့တွေ၊ မြို့နယ်တွေ၊ခရိုင်တွေ၊တိုင်းနဲ့ပြည်နယ်တွေမှာလုပ်ကြပါတယ်၊ မြို့အဆင့်ထိက သာမန်ဖြစ်ပေမဲ့ မြို့နယ်အဆင့်ကစလို့   စုပေါင်းမဟာဘုံကထိန်  လို့နာမည်တပ်ကြပါတယ်၊    မဟာ ဆိုတာပါလာပါပြီ။ အများသိကြတဲ့အတိုင်း […]


ba gyiNovember 2, 20111min1437
ကထိန်အဓိပတိပစယော ။ သီတင်းကျွတ်ပြီးတော့တန်ဆောင်မုန်း၊တန်ဆောင်တိုင်သို့ပင်ရောက်တော့မည်။ ငယ်စဉ်က သည်လိုအချိန်ဆို အဆိုတော်ကိုမြကြီး၏ သီချင်းသံ(ယက်ကန်းခတ်သံသီချင်း )ကိုမြူးမြူးကြွကြွကြားနေရပြီ၊ မြိုင်မြိုင်ဆိုင်ဆိုင်xxxx မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်xxx သံပြိုင်(လ တံဆောင်တိုင်)ကထိန်ပွဲခင်းပါတဲ့ လ တန်ဆောင်တိုင်xxxx ထူး—( ထူး)—မြူး—-( မြူး )——။ တဲ့။ ဝါတွင်းသုံးလပတ်လုံး အပတ်စဉ်အာရုံဏ်ဆွမ်းလောင်းလှုခဲ့ကြပြီး၊ဆွမ်းသိမ်းပွဲကြီးပြီးတော့တစ်လမ်းလုံး၊ငွေအား၊လူအား စိုက်ခဲ့ကြရသဖြင့် မောနေကြပြီ၊ သီတင်းကျွတ်ပြန်တော့ လူကြီးမိဘတွေကန်တော့ကြ၊အကတော့ခံကြ နှင့် ပွဲဆက်ကြရသည်မို့ သီတင်းကျွတ်ပြီးတော့ အနားရစေရန်ကိုယ့်အိမ်ကိုယ်ညိမ်ကုပ်နေကြတော့ပြီ။ ( တစ်ပတ်– နှစ်ပတ် –)ဟော လမ်းထိပ်က လော်သံကြီးစကြားရလေပြီ၊ ထုံးစံအတိုင်း-( အင်္လကာကျော်စွာဘွဲ့မရသေးရှာသော-) မန္တလေးသိန်းဇော်ကြီးပင်တည်း— ဘာတဲ့ မြတ်စွာဘုရားဟောကြားသော ဗျာဒိတ်အတိုင်းတည်ပါစေသော်xxxxx သာသနာ တစ်ဝက် —- ရာဇာတစ်ဆက်xxxxxx တည်တံ့ခိုင်မြဲရှေကြာစေသော်—၊ အော်— (ကျွန်တော်အကြောင်းမဲ့ အော် ခြင်းမဟုတ်) သူ့ဟာကြီးတွေ တည်တံ့ရုံမက အမြစ်ပါတွယ်နေသေး။ အနှီသီချင်းသံကြားရလျှင်တော့ […]