ရွှေအိမ်စည်October 30, 20124min1385
တိုးတက်လာတဲ့ နည်းပညာတွေရဲ့ အစွမ်းကြောင့် … ကမ္ဘာတဘက်ခြမ်းစီမှာနေကြတဲ့ မိသားစုတွေ စုံစုံညီညီ စကားစမြည် ပြောနိုင်ခဲ့တယ်။ မိဘနှစ်ပါးရဲ့ ဆိုဆုံးမစကားတွေ ကြားနိုင်ခဲ့တယ်။ အခုမိဘနဲ ့အနေဝေးပေမယ့် မိဘသဖွယ်စိတ်ထဲ ရှိတဲ ့မန်းဂဇတ် ကရွာသူရွာသားတွေ ရဲ့သီတင်းကျွတ်မှာ…ဒုတိယအကြိမ်ကျမ လာရောက်ဂါရဝပြုကန်တော့ပါတယ်..။   ကန်တော့ရတဲ ့အကြောင်းရင်းတော်တော်များများ ကျမသိထားပေမဲ ့…ဒီနှစ်တွင်းမှ ကျမသိရတဲ ့အသိလေးတစ်ခုဝေမျှပါတယ်. {{{ဇဋိလသူဋ္ဌေးသည် ပန်းတိမ်သည်ဘဝက ဘုရားကို ပြစ်မှားပြောဆိုမိ၍ ရေမျှောခံရသည်-ဟု ဆိုပါသည်၊ ထိုပြစ်မှားမှုကို ရွှေပန်းခိုင်ပြုလုပ်၍ ကန်တော့သည်ဟုလည်း ဆိုပါသည်၊ သို့ပါလျက် ခုနစ်ဘဝတိုင် ရေမျှောခံရသည်မှာ ကန်တော့လျက် မကြေ၊ မပြေ ဖြစ်ခြင်းပါလားဘုရား၊ ကန်တော့ရာ၌ စိုသောအဝတ်ဆံပင်တို့ဖြင့် ကန်တော့သည်ဟု ဆိုခြင်းမှာ အဘယ့်ကြောင့်ပါနည်းဘုရား၊ ထို့ပြင် ယခုခေတ်၌ မိဘဆရာသမားတို့အား ပြစ်မှားမိက ဓာတ်ပုံများကို ကန်တော့ခြင်းဖြင့် […]


ရွှေအိမ်စည်October 11, 20111min27619
တူရာသီ( သို ့မဟုတ်)သီတင်းကျွတ်ကာလတွင်ဆီးမီးထွန်းညှိပူးဆော်ခြင်း ပဝါရဏာ ပွဲ ဖိတ်မံတက ပြုခြင်း၊ ပူဆော်ကန်တော့ခြင်းဟာမြန်မာလူူမျိုးတို ့ရဲ ့ချစ်စရာယဉ်ကျေးမှုထုံးထမ်းဓလေ ့တစ်ခုပါ။ ဘုရားရှင်က မယ်တော်ဖြစ်ခဲ့ဘူးတဲ့ သန္တုဿိတ နတ်သားကို အဘိဓမ္မာတရား ဟောကြားတော်မူပြီး ကျေးဇူးဆပ်တယ် ဗုဒ္ဓဧ။်အဘိဓမာတရားတော်ဟောကြားပြီးမြောက်သောနေ ့ကိုပူဆော်တဲ ့အနေနဲ ့မီးထွန်းပူဆော်ကန်တောကြတယ်။ မြတ်စွာဘုရားတာဝတိ ံသာနတ်ပြည်ကလူပြည်ကိုရွှေဇောင်းတန်း ငွေဇောင်းတန်း ပတ္တမြားဇောင်းတန်းမှဆင်းတယ်လို ့ဘဲငယ်စဉ်ကသိခဲ ့ပါတယ်..။   နောက်ပိုင်းအသက်ရွယ်က..ဘာကြောင့်အချင်းချင်းကန်တော့ရတာလည်းသိချင်လာမိပြန်ပါတယ်။ သီးတင်းကျွတ်လပြည့်နေမှာ..လူရယ်တင်မဟုတ်သံဃာများလည်းကန်တော့ကြရပါတယ်။   သီတင်းကျွတ် လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတော်ကြီးတွေလဲ “ပဝါရဏာ ကံ” ပြုကြပါတယ်။ ပဝါရဏာ ဆိုတာက “ဖိတ်မံတက ပြုခြင်း လို့ အဓိပ္ပါယ် ရပါတယ်။ ဝါကျွတ်တဲ့ အဆုံးမှာ လုပ်တဲ့ ပွဲတစ်ပွဲလို့ ဆိုလို့ ရကောင်းပါတယ်။ရဟန်းငယ်များက ရဟန်းြ့ီးများကိုကန်တော့ကြရတယ်..။ မိမိတွင်အပစ်ကြီးငယ်ရှိပါကခွတ်လွှတ်ပါရန်တောင်းပန်ကြရတယ်။ နယ်ပယ် […]