မင်္ဂလာပါ။ဒီနေ့စာအုပ်လေးဖတ်မိပြန်ပါပြီ။ မန်းကဇက်ရဲ့ စုပေါင်းအလှူ အမှတ်တရ ဓါတ်ပုံများ ဒါဇင်ပလပ်စ်၏ ပညာရေးကူညီမှု့ အဖွဲ့၏လှုပ်ရှားမူ့ ဓါတ်ပုံများ ကိုတဝကြီးကြည့်ရသည်။ နောက် စာမျက်နှာ ၁ရ ကိုရောက်လာသည်။ ကဗျာ ။ နောက်စာမျက်နှာ ၁၈ ၁၉ ဒီအထိကဗျာ။ ကဗျာသုံးပုဒ်ဖတ်ရပေတော့မည်။ အမှန်အတိုင်းပြောရလျှင် ကျနော်ကဗျာကို သိပ်ဖတ်လေ့ မရှိ။ မကြိုက်၍မဟုတ်။ ကဗျာတပုဒ် ကိုစာနယ်ဇင်းများ မဂ္ဂဇင်းများတွင်ကျနော်တခါဖတ်မိလျှင် တွေး၍ မဆုံးတတ်။ ကဗျာဆိုသည်ကလည်း ပေးချင်သည့် အကြောင်းအရာ များကို အကျစ်လစ်ဆုံး ချုံ့ ခြင်း။ အဓိပ္ပါယ်လေးနက်ထိရောက် သောစကားလုံးများ။ကာရန် နဘေးညီညီ ဖွဲ့ဆိုတတ်လေရာ ကျနော်ကဗျာတပုဒ်ဖတ်မိလျင်တွေး၍မဆုံးတတ်။ ရေးထားသော တကြောင်းတပိုဒ်သည်ပင်လျှင် တခါတလေ ဝတ္တုတို တပုဒ် ။ ထိုမှ ကဗျာတပုဒ်ဆိုလျှင် ရေးမဆုံးနိုင်သော ဂန္ဒဝင်ဝတ္တု တပုဒ်နီးပါး ရှိတတ်သည်။ […]