winkyawaungNovember 2, 20101min851
ပြောရမယ်ဆိုရင် ကဗျာတွေကနေ စလိုက်ရအောင် … Posted by ဖုန်းမြင့် Sunday, June 28, 2009 at 4:06 AM ပြောရမယ်ဆိုရင် ကဗျာတွေကနေ စလိုက်ရအောင် … တုပ်ကွေးမိနေတဲ့ကမ္ဘာထဲ ကိုယ့်ဒူးခေါင်း ကိုယ်ပိုက် ငုတ်တုတ်ငိုက်နေတုန်း ကဗျာတွေက အုပ်ဖွဲ့ပျံသန်းကြတယ် ကမ္ဘာက ဘယ်အထိဆက်သွားမှာလဲ ကဗျာကတော့ ပေါ့ပေါ့ပါးပါး မိုးတိမ်တခုလို မျောလွင့်လို့ ကဗျာနဲ့မိုးလင်း ကဗျာနဲ့မိုးချုပ် ရှင်သန်ခြင်းတွေ ရှိုက်သွင်းထားလိုက်ရတဲ့ ကဗျာတွေရှိတယ် တချို့ကဗျာတွေက ဆံပင်ရှည်ရှည်နဲ့ မြို့ကြီး ၊ ပြကြီး ဆန်ဆန် ကဖေးထဲမှာ အိန္ဒြေရရထိုင်လို့ တချို့ကဗျာတွေက အလွမ်းတွေဖူးနေအောင်ပန်ပြီး ညနေခင်းမှာ လမ်းသလားနေကြတယ် တချို့ကဗျာတွေက နာဇီအလံကို အကျႋီချုပ်ဝတ် စစ်သူကြီးဆန်ဆန်..ရဲရင့်လို့ တချို့ ကဗျာတွေက ဗြဟ္မာဘုံကဗြဟ္မာကြီးတွေလို ရုပ်သက်သက် […]