ကုိ ထြဋ္December 13, 20142min18112
အဘွားအိမ်မှာ… နာရီရဲ့ ချက်ချက်မြည်သံ မှန်မှန်ပေါ်ထွက်နေတယ် အချိန်တွေ ကျော်ဖြတ်သွားပြီ ငါ ဘတ်စ်ကားမှ မှီပါ့မလား။ မပူပါနဲ့ လူကလေးရယ် အချိန်မှီမှာပါ ဒါပေမဲ့ ထမင်းတော့ မကျက်သေးဘူးနော်တဲ့။ စိတ်တိုတာတွေ၊ ဒေါသထွက်တာတွေ အရေးကြီးနေတာတွေ ရင်ထဲ ပြည့်လျှံနေတယ် ဒီလူအိုကြီးတွေဟာ အချိန်ဆိုတာကို နားမလည်ဘူးလို့ တွေးလိုက်မိတယ် ဒါပေမဲ့ နှုတ်လှန်မထိုးလိုက်တော့ပါဘူး။ ထင်းခွဲနေတဲ့အသံ ကြားလိုက်လို့ အပြင်ထွက်လာခဲ့တယ် တုန်တုန်ရီရီလက်တွေနဲ့ ဖြည်းဖြည်းချင်း ဂရုတစိုက် ထင်းတွေခွဲစိတ်နေတာ အဘွားပေါ့။ ကြီးမားလှတဲ့ ဒီမေတ္တာကို မိုက်လုံးကြီးစွာ မလေးမခန့်ပြုမိလို့ နောင်တမျက်ရည်တွေ ငါ့မျက်လုံးထဲ ပြည့်လျှံနေခဲ့ရပြီ။   OKUMBA MIRUKA ကင်ညာ (အတွေးရှင်း၊ အရေးရှင်း၊ စာရှုခင်း) လူထုဦးစိန်ဝင်း ဖတ်ရင်း စိတ်ထဲ တမျိုးဖြစ်လာလို့ တင်ပေးလိုက်ပါတယ်…. ရေမြေ့သနင်း


ကုိ ထြဋ္October 22, 20141min17610
လိမ်နိုင်လျှင် သမာဓိ ညာနိုင်လျှင် ပညာရှိ အပေါ်ဖားပြီး အောက်ဖိ… ။ ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ မြေနိမ့်တဲ့အခါ လှံစိုက် မရောင်ရာလဲ ဆီလူး… ။ ။ မရှက်အပ်သည်ကို ရှက် ရှက်သင့်သည်ကို မရှက် ငတေမာရင် ပြီးရောစိတ်ဓာတ်… ။ ။ ငကန်းသေရင် ငဆွေတက် သူများမိုးခါးဆို ဒို့မိုးခါး ငွေများရင် တရားနိုင်… ။ ။ ထမင်းတလုပ် တသံသရာ သမုဒ္ဒရာ ဝမ်းတထွာမို့ ဆိုရေးရှိရာ ဆိုပါစေတော့… ။ ။ လူ့ဘုံခန်းဝါ  လူ့ပြည်ရွာဝယ် နေတတ်ရင် ကျေနပ်စရာမို့ ထမင်းတနပ် ဝမ်းရေးမခက်ဖို့ မျက်လုံးကိုမှိတ် နှာခေါင်းပိတ်လို့ ဆေးခါးကြီးကို သောက်လိုက်တော့မည်…. – တခါတလေ အများနည်းတူ ကျှ် ကို […]


ကုိ ထြဋ္October 20, 20142min39324
ရေတွေက မသန့်ဘူး ညီလေး အနည်တွေပါတယ် ကိုယ်တို့ အရက်သောက်ကြမယ်… ။ ။ အရက်ဆိုတာ ပိုးသတ်ထားတဲ့ အရည်တမျိုးပဲ သူ့အရောင်အဆင်းက Sexy အရမ်းကျတယ် ပြီးတော့ သူ့ထုပ်ပိုးမှူတိုင်းမှာ ဂုဏ်သိက္ခာကြီးတယ်… ။ ။ သူ့အနံ့အသက်က သစ်မွှေးဆီတွေကနေ ချက်လုပ်ထားခဲ့တာဆိုတော့ တခါရပြီးတိုင်း နောက်တခါ တမ်းတမိနေတယ်… ။ ။ ဟန်ဆောင်မှုတွေကိုလည်း သူက ချွတ်ချပေးတယ် အဲဒါကြောင့် မရိုးသားတဲ့သူတွေ မသောက်ရဲတဲ့ သစ္စာရေတမျိုးပဲ… ။ ။ နောက်တနေ့ ဘာဖြစ်မယ်ကြိုမသိရတဲ့ လောကကြီးအတွက် ခွန်အားသစ်မွေးပြီး သွေးသစ်တွေ လောင်းပေးတဲ့ အားဆေးဆိုလဲ မမှားဘူး… ။ ။ ခင်မင်မှုကို တံတားထိုး ရင်ဘတ်ချင်းနီးစေပြီး အနုပညာ ဈာန်ကြွစေတဲ့ သိဒ္ဓိပေါက်တန်ခိုး တမျိုးပဲ… ။ ။ […]


ကုိ ထြဋ္October 20, 20141min1416
– အရီးရေ… ဒါ ၅ အုပ်စာလောက်ထဲက ဟုတ်ဘူး… ခုတလော ကဗျာတွေ ထွက်နေတယ် ထင်တယ်… ရေးမိနေတယ်… ဘဝ နဲ့ ဆိုင်တာလေးတွေပေါ့… – ဖြစ်ချင်တဲ့ ဆန္ဒလေးရယ်… နုံချာတဲ့ ကံတရားရယ်… အားပေးတဲ့ မိတ်ဆွေကောင်းတွေရယ်… တဘက်စောင်းနင်းတဲ့ ကံကြမ္မာရယ်ကို ဖွဲ့ထားတာ… – အားပေး မန့်ကြပါဦးနော်… 🙂   ” ပြည့်စုံရပါစေသား “     အမြင့်ကို   တက်ပါမယ်ဆိုမှ လှေကားက   မရှိ… ကြိုးနဲ့တက်ပေါ့..  ဟုတ်သားပဲ ! ကြိုးက လျော့ရဲနေတော့ တက်ဖို့   ယုံကြည်ချက်မရှိ…..   ရေဆန်ကို   လှော်ပါမယ်ဆိုမှ တက်က   မရှိ… ရွက်တိုက်လိုက်ပေါ့..  ဟုတ်သားပဲ ! လေက ကိုယ့်ဘက်မပါတော့ […]


ကုိ ထြဋ္October 16, 20141min26821
– စကားဦးလေး သန်းထားမယ်နော်… ကျွန်တော် အရင်က  အချစ်ကဗျာတွေ ရေးတယ်ဗျ… ဒါပေမဲ့ ဦးကြိးမိုက်ကတော့ ဝေး နေလို့တဲ့ ကဗျာလို မမြင်ဘူးတဲ့… 🙂 – ဟီး… ဒါပေမဲ့ စမ်းကြည့်တာပေါ့လေနော်… အဆင်မပြေရင် ပွိုင့်မပေးပါနဲ့… – အရင်က တချက်တချက် သတိရလို့ ရေးလိုက်… ကြုံရာ ရေးတော့ ပျောက်ပျောက်သွားရော.. – ဘယ်ထားမှန်း မသိနဲ့ … ခုတော့ စုစည်းထားလိုက်မယ်နော်… မော့မော့များ… 🙂 – တခုပဲ တောင်းဆိုချင်ပါတယ်… ကဗျာရေးတဲ့ အလင်းဆက်၊ ကိုခ၊ ကိုစစ်၊ ကိုကမ်းဝေး… သိသလောက်ပေါ့… ကျန်ခဲ့ရင် ဆောရီးနော်.. နည်းနည်းလေး မန့်ပေးပါလားလို့… အားမနာတမ်းနော်…  🙂 – အော် ကျန်လို့… လေးပေါက်ရယ်၊ […]