naywoon niNovember 8, 20101min510
ဘဝ…. တခြမ်းကနွမ်းလျ………။ နေရောက်အောက်မှထိုးဖောက် လောကရှေ့မှောက်မှာ ဒူးထောက်ခစား သွား…… သနားစရာမလိုဘူး..။ ဆေးလိပ်တိုနဲ့ လူမှုဘာသာဗေဒ ဒဿနဖွေရှာ အနက်ဇီးမားနားကစ အရစ္စတိုတယ်….ကန့် ကြောက်လန့်မှုဆိုတာမရှိဘူး..။ အတိတ်စိမ်း နမိတ်ပုံပြ တွက်ကြချက်ကြ ဘဝဆိုတာမဟုတ်သေးဘူး…။ (ဆရာ)မောင်သာနိုးရဲ့ ဝူးဝူးတေးကျော် မြူးတူးခုန်ပေါက် ကျောင်းခန်းရောက်တော့မယ်တဲ့ လုံလောက်မှုရှိတယ်မထင်သေးဘူး..။ ပျောက်ဆုံးသွားတဲက ဝိဉာဉ်ပြာများ အမှောင်ထဲမှာကခုန် လောကကြီးကိုခြေစုံကန်နေ..။ နတ်နွယ်ရဲ့ အနီနဲ့အနက် ညိုညစ်ညစ်ဖြစ်သွား ဘာတေါများနေခဲကလဲ.။။။ ကျား…… တစ်ကွက်မှား သွား….ရှုံးပြီ…။။ နံ့သာချယ်မှုန်း လူလုံးရုုပ်ပြ လက်ညိုးထိုးအပြုတ်ချ ဒါလား………ဘဝ…။။ သက်ရောက်မှုတိုင်း လားရာဆန့်ကျင် တန်ပြန်ထိုးဖောက် နျူတန်လည်းကြောက်ဖူးတယ်…။ လိုချင်တာမရ မျက်ရည်ကျစိတ်ကောက်တဲ့ ကလေးငယ်ဘဝကို ပြန်မလိုချင်ပါဘူး…။ သကြားဟာခါးပါသတဲ့ တမာကချိုပါသတဲ့ နွေမှာစောင်ခြုံ ဆောင်းမှာယပ်ခတ် မိုးမှာရေရှား ဝိုးတဝါးအသိ ထိရင်ငြိမယ် ဆူးလယ်ခေါင်ကဘူးသီးလေး…။။ နေဝန်းနီ