naywoon niOctober 16, 20101min522
အချစ်ဆိုတာ အများသူငါပြောလို့ သံယောင်လိုက်ပြောနေတဲ့စကားတစ်ခု…။ အချစ်ဆိုတာ မပွင့်လင်းတဲ့ လိင်ဆက်ဆံမှုတစ်ခု………..။ အချစ်ဆိုတာ ရေလောင်းပေါင်းသင်စရာမလိုတဲ့ မြက်တောတစ်ခု…………….။ အချစ်ဆိုတာ ဖွင့်မတထားလဲဝင်လာတတ်တဲ့ သွေးသားသောင်းကြမ်းမှုတစ်ခု……….။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ဖို့အတွက် ပေးဆပ်လိုက်ရတဲ့ဘဝတစ်ခု………….။ အချစ်ဆိုတာ ကုရာနိတ္ထိဆေးမရှိတဲ့ ချောင်းဆိုးသွေးပါရောဂါတစ်ခု………..။ အချစ်ဆိုတာ ရော်ရမ်းမှန်းဆသာယာချင်တဲ့ စိတ်ရူးထမှုတစ်ခု………………………။ အချစ်ဆိုတာ ညစာမစားလိုက်ရတဲ့ အစာအိမ်တစ်ခု………………………..။ အချစ်ဆိုတာ ရုန် ့ရင်းကြမ်းတမ်းတဲ့ ဆဲရေးတိုင်းထွာမှုတစ်ခု………………။ အချစ်ဆိုတာမာယာများတတ်တဲ့မျက်လှည့်ဆရာရဲ ့ မျက်လှည့်ပြကွက်တစ်ခု………………။ အချစ်ဆိုတာ လုံးဝမယုံကြည်ရတဲ့ လူလိမ်တစ်ယောက်ရဲ့ဝေါဟာရတစ်ခု..။ အချစ်ဆိုတာ ဘာမှန်းမသိပဲလိုက်ရှာနေတဲ့ ပျောက်ဆုံးနေတဲ့ပစ္စည်းတစ်ခု……….။ အချစ်ဆိုတာဟာ…… ……………………. …………………………………………။ ♣နေဝန်းနီ