naywoon niOctober 22, 20101min400
မိုးရယ်.. မရွာနဲ့ဦးကွယ် တို့တောင်းပန်တယ်။ လေရယ်.. မလာနဲ့ဦးကွယ် တို့တောင်ပန်တယ်။ လျှပ်ပန်းနွယ်.. မင်းမလာနဲ့ဦးကွယ် တောင်းပန်ပါရစေ။ လေရယ်..မိုးရယ်.. လျှပ်ပန်းနွယ်…… စာနာပါဦး ညှာတာဦးကွယ် လတ်ဆတ်တဲ့…… အချစိရနံ့ ့ပါတဲ့တေးသွားနဲ ့ ဒီညရဲ့အမှောင်ထွက်မသွားခင် ငိုကြွေးချင်သေးတယ်။ မိုးရွာရင်….. လေလာရင်….. လျှပ်ပန်းနွယ်မင်းပျက်ရယ်ရင် တို့ရဲ့ငိုကြွေးသံလေး ခေါင်းမော့နိုင်မှာမဟုတ်ဘူးကွယ်။ မင်းတို့ကတိုက်ဖျက်ချေမွသွားလိမ့်မယ်။ ရနံ ့ပျယ်သွားရင် တို့သိပခံစားရလိမ့်မယ်။ အဲဒါကြောင့်တို့တောင်ပန်ပါရစေ….. ဒီတစ်ညတော့ မိုးမရွာနဲ့ဦး…. လေမလာနဲ ့ဦး…… လျှပ်ပန်းနွယ် ဆင်းမလာပါနဲ့ဦးကွယ်။ @နေဝန်းနီ