naywoon niSeptember 26, 20101min610
အရိပ်ဆိုတာ နားခိုရာနေရာတစ်ခုဖြစ်သလို မလွန့်လူးသားအောင် ချုပ်ကိုင်ထားတဲ့အရာလဲဖြစ်တယ်…….။ အရိပ်တစ်ခုက အရိပ်တစ်ခုကိုနားခိုရင်း ညီမလေးရေ…….. မင်းနဲ့ငါချစ်ခဲ့ကြတာ သစ်ပင်အရိပ် ထီးအရိပ်ထက် မင်းအရိပ်မှာငါခို ငါ့အရိပ်မှာမင်းခို အချင်းချင်းချွေးသိပ် အိပ်မက်တွေမက်ခဲ့ကြတာပေါ့…….။ တစ်ယောက်ကိုတစ်ယောက် ချုပ်ကိုင်လွှမ်းမိုးမဲ့ လောင်းရိပ်တွေတော့မဖြစ်စေနဲ့ပေါ့……။။ နေဝင်းနီ