Khon YenaungJuly 27, 20111min730
ဆရာ သစ္စာနီ အားနာလိုက်တာဆရာရယ်။ကျွန်တော် ငယ်ငယ်   သုံးတန်း လေးတန်း လောက်ကတည်းက အရုပ်ပုံလေးတွေနဲ့ ပုံဖော်ထားတဲ့  ရုပ်ပြပုံပြင်စာအုပ်လေးတွေ ဖတ်လာ လိုက်တာ (၇)တန်း (၈)တန်း ရောက်တော့ကဗျာကို တော်တော်စိတ်ဝင်စား လာခဲ့တယ်။         (၉)တန်း (၁၀)တန်းမှာ မြန်မာစာ စကားပြေရယ်ကဗျာရယ် သဒ္ဒါရယ် ဆိုပြီး ခွဲခြား သင်တော့  ကဗျာကိုစိတ်အဝင်စားဆုံး။ ဒါပေမဲ့ ဆရာနဲ့ ဦးမျိုး တို့ ၂၄-၇-၂၀၁၁ ရက်နေ့က  MRTV 4  မှာဆွေးနွေး ကြတာ  ကြားလိုက်တော့လည်းအသည်းယားလိုက်တာဗျာ။  ဘာတဲ့ ကဗျာမဟုတ်တာကဗျာ တဲ့။ သစ်သားတုံးလေးတွေဖြတ် ဆေးနဲ့ရေး အဲဒါ ကဗျာဖန်တီးခြင်းတဲ့။ လာသေးတယ်- စာအုပ်ထဲက စာရွက်တစ်ပိုင်းကိုဆုတ် အဲဒါ ကဗျာ။ ပေါက်ကရရေး ပြန်ခြစ်ကြောင်ကြောင်ကြားကြား ဖတ်လို မရဘူးလား။ အဲဒါ ကဗျာ ဆိုဘဲ။မှားပါတယ်ဗျာ။ […]