Khon YenaungAugust 10, 20111min930
ငယ်ငယ်တုန်းက ကျောင်းမှာသင်ယင်း သိပ်ကြိုက်ခဲ့ရတဲ့ ကဗျာလေးပါ။ ဖတ်ယင်းရွတ်ယင်း အင်အားတွေလဲ ဖြစ်ခဲ့ပါတယ်။ဘယ်လိုလောကဓံ ကိုကြုံကြုံ ရင်ဆိုင်ရဲလာတယ်။ စစ်ကိုဘဲ ကြုံကြုံ ခြအုံဘဲဖြစ်ဖြစ် ရွက်သစ်တွေဝေနိုင်စွမ်းလာတယ်။ ကဗျာတွေကိုလဲ ပိုချစ်တတ်လာတယ်။ဆရာကြီး ရဲ့ စာတွေ ကဗျာတွေကိုလည်း ရှာဖွေဖတ်တတ်လာတယ်။ ဒါတွေဟာ ကဗျာတစ်ပုဒ်ရဲ့ စွမ်းအားပါဘဲ။ ဒီခေတ်လူငယ်တွေလဲ ဒီအစွမ်းတွေကို ရစေချင်ပါတယ်။ ဒီကဗျာလေး ကိုလည်း ဖတ်မိစေချင်ပါတယ်။ ဒါကြောင့်လည်း ခေါင်းထဲက ကဗျာအပိုင်းအစတွေကို တစ်စစီဆွဲထုတ်ပြီး တင်ပြလိုက်ပါတယ်။ ကျွန်တော်စုဆောင်းခဲ့တဲ့ စာအုပ်တွေကတော့ လောကဓံ ရဲ့ ရိုက်ပုတ်ချက်တွေ နဲ့အတူ သင်္ခါရတရားတွေနောက်လိုက်သွားခဲ့ပြီ။ လက်ရှိကျန်နေတာလေးတွေ ခေါင်းထဲက ပျောက်မသွားခင် လူငယ်လေးတွေအတွက် ရေးတင်လိုက်တာပါ။ မူရင်းရှိတဲ့သူ ဖတ်ဘူးမှတ်ဘူးသူတွေ အတွက်လဲ နာဖူးထပ်မံ ဆိုတဲ့အတိုင်း အတိတ်ကကျောင်းသားဘဝ ငယ်ကာလလေးတွေကို ပြန်လည် ခံစား နိုင်ကြတာပေါ့ […]