etoneOctober 19, 20101min796
ကမာ္ဘဈေးအကြီးဆုံး ဟိုတယ်ကြီးဖြစ်သော ကမ္ဘာတစ်ဝန်းမှ ငွေကြေး ချမ်းသာသူများအတွက် ရည်ရွယ်ကာ ကမ္ဘာပေါ် ၌ တည်းခိုခ ဈေး အကြီး ဆုံးဟိုတယ် ကို ဂျပန်နိုင်ငံ တိုကျိုမြို့ ၌ ဖွင့်လှစ်ထားကြောင်း ၎င်းဟိုတယ်မှ တာဝန်ရှိသူ များက အောက်တိုဘာ ၁ရ ရက်၌ ပြောကြားသည်။ စီစဉ်ပေးထား ၎င်းဟိုတယ်မှာ တိုကျိုမြို့လယ်မှာ Mandarin Oriental သည် လွန်ခဲ့သည့် ငါးနှစ်ကတည်းက ဖွင့်လှစ်ခဲ့သော်လည်း ပြီးခဲ့တဲ့သတင်းတပတ်ကမှ ပြုပြင်မွန်းမံခဲ့ကြောင်းသိရသည် ။ အဆိုပါ ဟိုတယ်သည် ကမာ္ဘအချမ်းသာဆုံး ပုဂိ္ဂုလ်မျာအတွက်ရည်ရွယ်၍ ဖွင့်လှစ်ထားသည်ဖြစ်ပြီး တိုကျိုမြို့လည်တွင် တည်ရှိသည်။ တစ်ညတာ တည်းခိုခမှာ အမေရိကန်ဒေါ်လာ 671,000ဖြစ်ပြီး နေ့စဉ် ညနေ သုံးနာရီမှ စတင်တည်းခိုနိုင်ပြီဖြစ်ပြီး နောက်နေ့နေ့လည်သုံးနာရီအထိအကျုံးဝင်သည်။ ကမာ္ဘဈေးအကြီးဆုံး ဟိုတယ်အဖြစ်လည်း သတ်မှတ်ထားခြင်းခံရသည်။