နွယ်ပင်August 4, 20111min17415
ပန်းဆိုးတန်း-ဒလ ကူးတို့ကူးခကိုယခင် ကျပ် ၁ဝ ကောက်ခံလျှက်ရှိရာမှ ယခု ဩဂုတ်လ တစ်ရက်မှ စတင်၍ ကျပ် ၅ဝ သို့ပြောင်းလဲ ကောက်ခံလျှက်ရှိပါတယ် ။ ယခင်က လပေးကတ်တွေရှိသော်လည်း ယခုနောက်ပိုင်းတွင် လပေးစီးကူးတို့ကတ်များကို အစိုးရဝန်ထမ်းနှင့် ကျောင်းသား ကျောင်းသူများမှလွဲပြီး မည်သူကိုမျှ လုပ်မပေးတော့ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးမှ ပြောကြားခဲ့ပါတယ် ။ ယခင်လပေးကတ်ဈေးနှုန်း (300) ကျော်မှ ယခုလပေးကတ်ဈေးနှုန်းကို (1500) ပေးသွင်းရမည် ဖြစ်ကြောင်း သိရှိရပါတယ်။ ရန်ကုန် ပန်းဆိုးတန်း-ဒလ ခရီးစဉ်ကို နေ့စဉ် ခရီးသွားပြည်သူ သုံးသောင်းခွဲခန့် အတွက် ရေယာဉ် နှစ်စင်းဖြင့် အသွားအပြန် ၉၂ ခေါက် ပြေးဆွဲပေးနေကြောင်း သိရှိရပါတယ် ။