မမေလးMay 4, 20111min46420
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၃ ခုနှစ်မတ်လအကြား ကာလ အတွင်း နေနှင့်ကမ္ဘာကြား ဂြိုဟ် ကြီးတစ်လုံး ဖြတ်သန်းမှုကြောင့် ကမ္ဘာပေါ်တွင်ပြင်းထန်သောသဘာဝ ဘေးအန္တရာယ် များ ဖြစ်ပေါ်ကာ လူသန်း ၄ဝဝဝ ခန့် သေကျေပျက်စီး နိုင်သည်ဟုပါဝင်သောသတိပေးစာရွက် များမှာ ရန်ကုန်မြို့နေ ပြည်သူလူထု အကြားပျံ့နှံ့လျက်ရှိကြောင်းသိရသည်။ အဆိုပါစာရွက်အား ကမ္ဘာတစ် ဝန်းရင်ဆိုင်နေရသော သဘာဝ ဘေးအန္တရာယ်များကို ကျော်လွှား နိုင်ရန်အတွက် ကမ္ဘာစောင့်နတ်၊ သာသနာ စောင့်နတ်များမှ တိုက်တွန်းနှိုးဆော်လွှာ ဟု အမည်ပေး ထားပြီးအမည် မသိသောလူအချို့မှ လိုက်လံဖြန့်ဝေ နေခြင်းဖြစ်သည်။ ထိုစာရွက်တွင် ၂ဝ၁၁ ခုနှစ် မတ်လလယ်လောက်မှစတင်၍ စစ် ကိုင်း၊ တောင်ငူနှင့်ပဲခူးမြို့များတွင် ငလျင်များစတင်လှုပ်ရှားလာမည် ဖြစ်ကြောင်း၊ မြန်မာပြည်ကြီး အန္တရာယ်မှကင်းဝေး စေရန် ဆရာ တော်သံဃာတော်များမှ […]