အာဂNovember 3, 20101min1239
မျိုးရိုးထဲတွင်အဘိုးနှင့်တူသူ ၎င်း၏မျိုးရိုးထဲတွင် ဘိုအေဖြစ်သူနှင့် တူသူမှာ အမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက်သမ္မတ ဖြစ်သည့် အေဘရာဟမ်လင်ကွန်း(၁၈၀၉-၁၈၆၅)ဖြစ်သည်။ တူညီသည့်အချက်များမှာ သူသည် ဘိုအေ ဖြစ်သူကဲ့သို့ပင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်း။ နာမည်၏ ဦးဆုံးစာလုံးသည် အေ ဘရာဟမ်ဖြစ်ခြင်း၊ နှစ်ဦးစလုံး၏ ဇနီးအမည်များမှာ မေရီဖြစ်ခြင်းနှင့် နှစ်ဦးစလုံးတွင်သား တစ်ယောက်သာရှိပြီး၊သားများ၏အမည်များကိုလည်း သောမတ်စ် ဟူ၍ မှည့်ခေါ်ခြင်းတို့ဖြစ် ကြ သည်။ လက်ဆွဲနှုတ်ဆက်ခြင်း မပြုလိုသည့် သမ္မတ အမေရိကန်ပြည်ထောင်စု၏ ပထမဦးဆုံး သမ္မတဖြစ်သည့် ဂျော့ဝါရှင်တန်(၁၇၃၂-၁၇၉၉) သည် သမ္မတအဖြစ် နှစ်ကြိမ်ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ သူ၏သမ္မတသက်တမ်း နှစ်ကြိမ်အတွင်းသူသည် လက်ဆွဲနှုတ်ဆက်ခြင်းကို လုံးဝ မပြုလုပ်ခဲ့ချေ။ လက်ဆွဲနှုတ်ဆက် ခြင်းမပြုရသည့် အကြောင်းမှာ သမ္မတတစ်ဦးအနေဖြင့် လက်ဆွဲနှုတ်ဆက်လျှင် သိက္ခာကျ သည်ဟု ယူဆခြင်းကြောင့်ဖြစ်ပြီး၊ လက်ဆွဲနှုတ်ဆက်ရမည့်အစား ဦးခေါင်းသာညိတ်ပြခဲ့သည်။ […]