Yin Nyine NwayAugust 31, 20101min592
ဂျီနီဗာ- လွန်ခဲ့သည့်နှစ်က ကမ္ဘာ့အလုပ် လက်မဲ့လူငယ်များ စံချိန်တင်မြင့်တက်ခဲ့ရာ အလုပ်အကိုင်မရှိသူ လူငယ် ၈၁သန်းရှိခဲ့ပြီး မျှော်လင့်ချက်မဲ့ကာ လမ်းပျောက်နေသော မျိုးဆက်တစ်ဆက်ဖြစ်လာမည့် အလား အလာရှိနေခဲ့ကြောင်း သိရသည်။ အသက် (၁၅)နှစ်မှ (၂၄)နှစ်အရွယ် အလုပ်လက်မဲ့ များ ၁၃ရာခိုင်နှုန်းတိုးပွားလာခြင်းက ၂ဝဝရ ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှုကာလက လူငယ်အလုပ်လက်မဲ့ ၁၁ဒသမ၉ရာခိုင်နှုန်း နှင့် နှိုင်းစာလျှင် အလုပ်လက်မဲ့နှုန်းများစွာ တိုးပွားလာခြင်းဖြစ်ကြောင်း နိုင်ငံတကာလုပ် သားအဖွဲ့အစည်း(ILO)မှ ပြောကြားခဲ့သည်။ ILO၏အစီရင်ခံစာတွင် ကြိုတင် ခန့်မှန်းချက်အရ ယခုနှစ်တွင် လူငယ်လူရွယ် အလုပ်လက်မဲ့များ ၁၃ ဒသမ ၁ ရာခိုင်နှုန်း ပို၍တိုးပွားလာမည်ဟု ဆိုသည်။ ကမ္ဘာပေါ်တွင် အသက်(၁၅)နှစ် မှ (၂၄)နှစ်အရွယ် လူငယ်သန်း ၆၂ဝရှိပြီး ၂ဝဝရခုနှစ်နှောင်းပိုင်းနှင့် လွန်ခဲ့သည့်နှစ် ကုန်အကြားတွင် လူငယ်အလုပ်လက်မဲ့ အရေအတွက် […]