San Hla GyiMay 19, 20121min29848
စာဖတ်သူ မိတ်ဆွေတို့ရေ (ဒီတကြိမ်တော့ မြန်မာ့သမိုင်း မဟုတ်ပဲ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့ဖူးတဲ့ မွန်ဂိုစစ်ဘုရင် ဂျင်ဂစ်ခန် အကြောင်းကို ရေးလိုက်ပါတယ်။ ကိုယ်နဲ့တော့ သိပ်မဆိုင်ပေမယ့် သမိုင်းမှာ ထင်ရှားခဲ့သူလည်းဖြစ် တာကြောင့်ပါ။ အာရှတော့ အာရှသားပါပဲ။ ကိုယ်က ကြားလူအနေနဲ့ ရေးတဲ့သဘောပါ။ ဟိုတလောက မြန်မာဘောလုံးအသင်း မွန်ဂိုလီးယားကို သွားပြီး အဝေးကွင်း ကန်ခဲ့တုန်းက လေဆိပ်နာမည်က ဂျင်ဂစ်ခန်လို့ သိရပါတယ်။) ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ မွန်ဂိုအောင်နိုင်သူ ဂျင်ဂစ်ခန်ကို အေဒီ ၁၁၆၂ လောက်က မွန်ဂိုလီးယား လွင်ပြင်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်ဟာ မွန်ဂိုမျိုးနွယ်စု ခေါင်းဆောင်တယောက် ဖြစ်ပြီး သားဖြစ်သူကို တေမူဂျင်(Temujin) လို့အမည်ပေး ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ မွန်ဂိုဘာသာနဲ့ သံမဏိလို့ ဆိုပါတယ်။ သူ့ဖခင်ဟာ မျိုးနွယ်တူစု တခုက […]