မောင်ဆန်းJanuary 23, 20142min24518
ဒီ ပို့စ် မှာတော့ ကယားမှာ လည် ခဲ့ ပတ် ခဲ့ တဲ့ နေရာလေးတွေ နဲ့ လည်နိုင်ပတ်နိုင်တဲ့ နေရာလေးတွေ အကြောင်းပြောပြချင်ပါတယ်.. လွိုင်ကော် ကယားပြည်နယ်မှာ လွိုင်ကော်ကိုယ်တိုင်က လည်ပတ်စရာတွေနဲ့ ပါ ၊ ရန်ကုန်လို မျက်စေ့ရှုတ် နားရှုတ်မရှိပဲ အေးဆေးငြိမ်သက်လို့ အနားယူအပန်းဖြေဘို့ ကောင်းတဲ့ နေရာလေးပါ ၊မြို့လည်မှာ ရှိတဲ့ နောင်ယားကန်ဆိုတာက အင်းယားကန်လို သာသာယာယာ နဲ့  အရင်လို ချုံနွယ်ပိတ်ပေါင်း တွေ မရှိပဲ ကန်ပတ်လမ်းလေးလုပ်ပေးထားတော့ ( ဦးထုပ် မဆောင်းပဲ ဆိုင်ကယ်စီးတဲ့သူတွေဆီက ရတဲ့ ဒဏ်ကြေးနဲ့ လုပ်ထားတဲ့ လမ်းတဲ့ )လမ်းလျှောက်သူ ၊အတွဲလေးတွေနဲ့ ထိုင်နေသူတွေနဲ့ အပန်းဖြေစရာ နေရာတစ်ခုပါ ကျွန်တော်တို့ ရောက်တဲ့နေ့ ၁၂ ရက်နေ့က […]