weiweiFebruary 16, 20156min37215
2013 ဒီဇင်ဘာလတုန်းက လွိုင်ကော်မြို့ကို အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပေမယ့် အခြေအနေအရ ကြတ်ဂူနဲ့ ရေတံခွန်ဆီကို မရောက်ဖြစ်ခဲ့တဲ့အတွက် အခု 2015 ဇန်နဝါရီမှာ လွိုင်ကော်မြို့ကို ဒုတိယအကြိမ်သွားခဲ့ပြီး ကြတ်ဂူဆီကို ရောက်အောင် သွားခဲ့ပါတယ်။ လွိုင်ကော်မြို့ကနေ မိုင် ၂ဝ ခန့် သွားရပါတယ်။ လမ်းကျဉ်းကျဉ်းနဲ့ တောတောင်တွေကို ဖြတ်သွားခဲ့ရပါတယ်။ အနဲဆုံး နေ့တစ်ဝက်လောက်အချိန်ယူပြီး သွားရမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ကို လိုက်ပို့ပေးတဲ့သူက လက်နှိပ်ဓါတ်မီးအကြီးတွေယူလာခဲ့ပေးတယ်။ အထဲမှာ မှောင်တဲ့အတွက် ဓါတ်မီးမပါလို့ မဖြစ်ပါဘူး။ တောင်ခြေတစ်ခုမှာ ကားရပ်ထားလိုက်ရပြီး ကြတ်ဂူအပေါက်ဝဆီကို လှေကားအတိုင်း တက်ရပါတယ်။ တော်တော်မြင့်ပြီး လူသွားလူလာနဲတာ သတိထားမိတယ်။         နေ့လည် ၁ နာရီအချိန်လောက်ရောက်သွားတာမို့လို့ လှေကားအတက်မှာ တော်တော်လေး မောသွားတယ်။ လှေကားထစ်ပေါင်း […]


မောင်ဆန်းJanuary 27, 20144min17710
ကျတ်ဂူ လွိုင်ကော်မှာ ရောက်ခဲ့တဲ့ နေရာထဲ ကျတ်ဂူ လဲ ပါပါတယ် ၊ ကျတ်ဂူက လွိုင်ကော်မြို့နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိပြီး ၄၅ မိနစ်လောက်သာ သွားရပါတယ် လမ်းလဲကောင်းနေပါပြီ  ဒေသခံတွေ အရင်ကတဲက သွားလာနေကြပေမဲ့ အပြင်လူတွေ သိပ်မသိ လည်ရကောင်းမှန်း မသိရာကနေ အခုတော့ ဂျာနယ်တွေမှာပါလာ ဧည်သည်တွေလာရင် လိုက်ပို့ကြတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ ၊ ဂူထဲကို ဝင်ဘို့အတွက် တောင်ပေါ်ကိုတက်တဲ့ အုတ်လှေကားလေးအတိုင်း အရင်တက်ရပါတယ် ( အဆင်းမှ ရေကြည့်တာ လှေကားထစ် ၁၃ဝ ရှိပါတယ်) ဂူ အဝ မှာ ဆရာတော်တစ်ပါး သီတင်းသုံး တဲ့ ကျောင်းသေးသေး တစ်ခု နဲ့ စေတီလေး တစ်ဆူရှိပါတယ် ကျောင်းရှေ့မှာတော့ ဆရာတော်ဆီ ဆိုးလို့ဆိုပြီး […]


မောင်ဆန်းJanuary 22, 20143min23323
ကယားပြည်နယ်နေ့ ကြုံချင်တာနဲ့ လွိုင်ကော်ကို ၁၂ ကနေ ၁၆ ထိ သွားဖြစ်လိုက်တယ်၊ ၁၉၉ရ လောက်က တစ်ခေါက် ရောက်ဘူးပေမဲ့ တစ်ညအိပ် ခရီးမို့ ဘယ်မှ မရောက်ဖြစ်လိုက်ဘူး ၊ အခုတစ်ခေါက်တော့ အချိန်ရတာမို့ သွားဖြစ်တာတွေထဲက သိချင်မယ် ထင်တာလေးတွေ ရွာသူားတွေ အတွက် တင်ပေးလိုက်ပါတယ်.. ခရီးစဉ် လွိုင်ကော်ကို လေယာဉ် နဲ့ ရော ကားလမ်းကပါ သွားလို့ ရပါတယ်၊လေယာဉ်က လောလောဆယ် မြန်မာ့လေကြောင်း တစ်ခုပဲ ရှိသေးတယ် တစ်ပါတ် (၄) ရက် (လာ၊ဟူး၊ကြာ၊သော)ရှိတယ် ၊ မြန်မာ့လေကြောင်းမို့ အချိန်အပြောင်းအလဲလေးတွေတော့ ရှိတတ်တယ် နောက်နှစ်လလောက်ဆိုရင်တော့ ပုံမှန် လမ်းကြောင်းနဲ့ လေကြောင်းလိုင်းအသစ်တွေ ရှိလာနိုင်ပါတယ်။ ကားလမ်းကတော့ အောင်ပန်း ပင်းတယ ဘက်က သွားလို့ရမယ် […]