နွေဦးAugust 23, 20131min35339
  သတ္တဝါတွေအပေါ် ကြင်နာသနားတတ်ကြတဲ့ သူတွေကို မကျေမနပ် ပြောခွင့်ရမယ်ဆို ပြောချင်ပါတယ်။ ကြင်နာသနားတတ်တာတွေက သတ္တဝါတွေ တိရစာ္ဆန်တွေ အမျိုးအစားကော ခွဲခြားကြသေးလား ။ ကြင်နာသနားမှုအတိုင်းအတာ အဆင့်ဆင့်တွေကော ခွဲခြားသေးသလားပေါ့ ။  အသတ်ခံရတော့မဲ့ တိရစာ္ဆန်တွေ ကို ညှာတာသနားပြီး ဇီဝိတ ဒါန အသက်ကယ်ကြတာကော သတ္တဝါအဆင့် တိရစာ္ဆန်အဆင့်ခွဲခြားပြီး ကယ်တင်တာမျိုးကောရှိကြသလား…။ အချိန်ကာလ ဒေသအရပ်ပေါ်မှာကော ခွဲခြားပြီး သနားညှာတာ ကြင်နာစွာနဲ့ကယ်တင်တတ်ကြတာလား…။   မခွဲခြားဘဲ မျှမျှတတ သတ္တဝါတွေကို ကြင်နာသနားတတ်တဲ့သူတွေကယ်တင်မဲ့သူတွေ ရှိမယ်ဆိုရင်တော့ ဒီတိရစာ္ဆန်တွေကို ကယ်တင်ပေးကြပါဦးလို့မေတ္တာရပ်ခံချင်ပါတယ်..။ ပြောရရင် မွေးကထည်က သေဖို့ရည်ရွယ်ပြီး ဘယ်အချိန် သေရမယ်လို့သတ်မှတ်ပြီးမွေးလာခဲ့ကြတာပါ ။ တနေ့တနေ့ အစုလိုက်အပြုံလိုက်မွေး အစုလိုက် အပြုံလိုက် သေနေကြရတာမို့ မွေးဖွားခြင်း သေဆုံးခြင်းတွေက တကယ်မတုန်လှုပ်တော့တဲ့ကောင်တွေပါဗျာ။   […]