jullies cezerNovember 20, 20121min17612
ကိုမင်းသုတရဲ့ ယောင်ထုံးခေတ်ကုန်ခဲ့ပါပြီ ဆိုတဲ့ Post လေးကိုဖတ်ပြီး ကြားဖူးတာလေးတစ်ခုကို သတိရသွားလို့ မျှဝေလိုက်ပါတယ် ။ တစ်ခါတုန်းက ရွာတစ်ရွာမှာရှိတဲ့ ချောင်းတစ်ခုရဲ့ဘေးတွင် မိန်းမတစ်ယောက်မှ အော်ဟစ်အကူအညီ တောင်းသည်မှာ ” လာကြပါအုံး ကျွန်မယောကျာ်း ယောင်ခြောက်ဆယ်ရေနစ်နေလို့ ကယ်ကြပါအုံး” အဲဒါနဲ့ လူတွေက ယောင်တစ်ခုထဲတောင်မနည်းထုံးရတယ် ဒီလူက ယောင်ခြောက်ဆယ်တောင် ဘယ်လိုများထုံးလဲမသိ မြင်ဖူးတယ်ရှိအောင် ကယ်မှပဲ ဆိုပြီးကယ်လိုက်တယ်။ ရေပေါ်လည်းရောက်ရော ဘယ်မှာလဲ ခင်ဗျားပြောတော့ ခင်ဗျားယောကျာ်းယောင်ခြောက်ဆယ်ဆို အခု ယောင်က ၁ ခုထဲပါလား ။ မိ်န်းမလုပ်တဲ့သူကပြန်ဖြေသည်မှာ ကျွန်မယောကျာ်းက ယောင်ခြောက်ဆယ် ဆိုတာ ဘာအလုပ်အကိုင်မှမရှိ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်တဲ့ ယောင်ခြောက်ဆယ်ကို ပြောတာတဲ့လေ။ အားလုံးကိုခင်တဲ့ julliescezer