DaveDecember 16, 20091min861
တိုင်းရင်းသားလူမျိူးစုပေါင်းများစွာပေါင်းစည်းနေထိုင်သည့် မြန်မာနိုင်ငံတွင်  လူဦးရေစုစုပေါင်း ၄ရသန်းရှိသည့်အနက် ကရင်တိုင်းရင်းသားများသည် ရရာခိုင်နှုန်းရှိကြသည်။ကရင်တိုင်းရင်းသားများသည် နှစ်စဉ် ပြာသို လဆန်း၁ရက်နေ့ရောက်တိုင်း နှစ်သစ်ကူးနေ့အခမ်းအနားကို ဒေသအလိုက် ဆင်ယင်ကျင်းပကြရာ မိသားစုဝင်များ၊ဆွေမျိုးသားချင်းများ ပျော်ရွှင်စွာ ဆုံစည်းကြသည့်အပြင် မိတ်ဆွေသူငယ်ချင်းများလည်း သိုက်သိုက်ဝန်းဝန်းနှင့် ပါဝင်ဆင်နွှဲလေ့ရှိကြသည်။၎င်းတို့အနက် အချို့ မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး အချို့ မှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ကရင်နှစ်သစ်ကူးနေ့တွင် ဘာသာတရားမတူညီသော်လည်း လူ မျိုးစုဝင်အုပ်စုတူညီသော ကရင်တိုင်းရင်းသားများသည် တစ်ဦးနှင့်တစ်ဦး ခွဲခြားဆက်ဆံခြင်းမရှိဘဲ တစ်သားတည်း ပျော်ရွှင်ချမ်းမြေ့  စွာဖြင့် နှစ်သစ်ကူးအခါသမယကို ကျော်လွန်ဖြတ်သန်းကြသည်။ ကရင်ပြည်နယ်တွင်သာမက အခြားဒေသရပ်ရွာများတွင် ပြန့်နှံ့ရောက်ရှိနေကြသော ကရင်တိုင်းရင်းသားများသည် ကရင်နှစ်သစ်ကူးနေ့ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကျင်းပကြရာ  ရန်ကုန်မြို့ ရှိအင်းစိန်၊ သမိုင်း၊ခဝဲခြံနှင့်              မန ္တလေးမြို့ ရှိ မဟာမြတ်မုနိဘုရာကြီး၊မဟာဇေယျာဘုံရပ်ကွက်၊ကရင်နှစ်ခြင်းခရစ်ယန်ဝင်း စသည့် ကရင်ပြည်နယ်ပြင်ပတွင်လည်း အလားတူနှစ်သစ်ကူးအခမ်းအနား၊ပျော်ပွဲရွှင်ပွဲများကို အစဉ်အလာမပျက်ကျင်းပခဲ့ ကြသည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ […]